အရေးပေါ်
နိုင်ငံတကာသတင်း

အေသင်မြို့အနီး လေကြောင်းပြပွဲမှာ ဂရိ F-4 တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ၂ ဦး သေဆုံး

၂၀၂၆ စက်တင်ဘာ ၆ Myo Taw
အေသင်မြို့အနီး လေကြောင်းပြပွဲမှာ ဂရိ F-4 တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ၂ ဦး သေဆုံး

အေသင်မြို့အနီး လေကြောင်းပြပွဲမှာ ဂရိ F-4 တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ၂ ဦး သေဆုံး

စက်တင်ဘာ ၆

ဂရိနိုင်ငံ၊ အေသင်မြို့မြောက်ဘက် တာနာဂရာ လေတပ်စခန်းမှာ စက်တင်ဘာ ၅ ရက်နေ့က ပြုလုပ်တဲ့ လေကြောင်းပြပွဲအတွင်း ဂရိလေတပ်ရဲ့ F-4 Phantom တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လေယာဉ်ဟာ လေတပ်စခန်းကနေ ၂ ကီလိုမီတာခန့်အကွာမှာ ပျက်ကျခဲ့တာဖြစ်ပြီး အနီးဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းတော့ မရရှိသေးဘူးလို့ တာဝန်ရှိသူ ၂ ဦးက ရိုက်တာကို ပြောပါတယ်။

ဂရိအစိုးရပိုင် ERT ရုပ်သံက ထုတ်လွှင့်တဲ့ ရုပ်သံမှတ်တမ်းမှာ F-4 တိုက်လေယာဉ်ဟာ မြေပြင်အထက် မီတာအနည်းငယ်သာမြင့်တဲ့ အနေအထားနဲ့ ညာဘက်ကို ကွေ့ပျံသန်းပြီး စက္ကန့်ပိုင်းအကြာမှာ ပျက်ကျကာ မီးလုံးကြီးအဖြစ် ပေါက်ကွဲလောင်ကျွမ်းသွားတာကို တွေ့ရပါတယ်။

ပျက်ကျမှုကြောင့် အနီးအနားရှိ တောအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးငြှိမ်းသတ်ရေးအတွက် မီးသတ်လေယာဉ်နဲ့ ရဟတ်ယာဉ် စုစုပေါင်း ၁၁ စင်း အသုံးပြုခဲ့ရပါတယ်။

မျက်မြင်သက်သေတစ်ဦးကတော့ လေယာဉ်ဟာ ပျံတက်ပြီး ၃ မိနစ်တောင် မပြည့်ခင် ပျက်ကျခဲ့တာကြောင့် အားလုံး အံ့အားသင့်ခဲ့ရတယ်လို့ ERT ရုပ်သံကို ပြောဆိုထားပါတယ်။

အဆိုပါ F-4 တိုက်လေယာဉ်ဟာ နိုင်ငံပေါင်းများစွာက စစ်ဘက်နဲ့ အရပ်ဘက် လေကြောင်းအဖွဲ့တွေ ပါဝင်တဲ့ နှစ်စဉ်ကျင်းပတဲ့ Athens Flying Week လေကြောင်းပြပွဲမှာ ပါဝင်ပျံသန်းနေစဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး နိုင်ငံတကာသတင်း

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒေသအများအပြားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်တယ်လို့…

ဖတ်ရန်
သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ နိုင်ငံတကာသတင်း

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

ပေါ်တူဂီဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ် Ballon d’Or ဆုရရှိမှုကို သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင် (Ballon d’Or…

ဖတ်ရန်
စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ နိုင်ငံတကာသတင်း

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

စပိန်နိုင်ငံ အလယ်ပိုင်း တိုလီဒိုပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး…

ဖတ်ရန်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…

ဖတ်ရန်