အရေးပေါ်
နိုင်ငံတကာသတင်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း

၂၀၂၆ နိုဝင်ဘာ ၂၁ Myo Taw
ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း

နိုင်ဝင်ဘာ ၂၁

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေ စားပွဲအဝိုင်းကြီးတခုမှာ အတူထိုင်နေတဲ့ မြင်ကွင်းဟာ ၂၁ ရာစု သံတမန်ရေးရာ သမိုင်းမှာ မှတ်တမ်းဝင်ကျန်ရစ်မယ့် ပုံရိပ်တခု ဖြစ်လာပါတယ်။

တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အလယ်မှာထိုင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က ဘေးတဖက်စီမှာ ထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ ခေါင်းဆောင်တွေကြား ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို ပြသနိုင်ခဲ့ပေမဲ့ မူဝါဒပိုင်းဆိုင်ရာ သိသာထင်ရှားတဲ့ သဘောတူညီချက်တွေ ရရှိခဲ့တာမျိုးတော့ မတွေ့ရပါဘူး။

လေ့လာသူတွေကတော့ ဒီတွေ့ဆုံမှုဟာ လက်တွေ့ရလဒ်ထက် နိုင်ငံရေးအရ ပုံရိပ်ကောင်းရဖို့နဲ့ သံတမန်ရေးရာ အခင်းအကျင်းကို ပိုမိုထင်ရှားစေဖို့ အားကောင်းခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

အထူးသဖြင့် ရှီကျင့်ဖျင် အလယ်မှာထိုင်တဲ့ မြင်ကွင်းက တရုတ်နိုင်ငံကို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား ဦးဆောင်အခန်းကဏ္ဍမှာ ရှိနေကြောင်း ပုံဖော်နိုင်စေခဲ့ပါတယ်။ ထရမ့်အတွက်လည်း ရီပတ်ဘလစ်ကန်ပါတီ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအရ အသက်ရှူချောင်စရာ အခိုက်အတန့်တခု ဖြစ်စေခဲ့ပြီး ပူတင်အတွက်လည်း ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံနဲ့ တန်းတူရည်တူ ရှိနေကြောင်း ပြသခွင့် ရသွားစေခဲ့ပါတယ်။

တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့တဲ့ “ငြိမ်းချမ်းရေးဆီသို့ ကြေညာစာတမ်း” ထဲမှာတော့ ယူကရိန်းနဲ့ အီရန် စစ်ပွဲတွေအကြောင်း တလုံးတပါဒမှ မပါဝင်ခဲ့ပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂ (UN) ကို ပြုပြင်ပြောင်းလဲဖို့၊ ရေနံချက်ထွက်ကုန် တိုးမြှင့်ထုတ်လုပ်ဖို့၊ နျူကလီးယားအန္တရာယ် လျှော့ချရေး ဆွေးနွေးဖို့နဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ တရားစီရင်ပိုင်ခွင့်ကို အလွဲသုံးစား မလုပ်စေဖို့ စတဲ့ အချက်တွေကိုတော့ အသေးစိတ် မပါဝင်ဘဲ ယေဘုယျသဘောတူညီခဲ့ကြပါတယ်။

ဒါပေမဲ့ အဆိုပါသဘောတူညီချက်တွေအတွက် တိကျတဲ့ လုပ်ဆောင်မယ့် အစီအစဉ်တွေ မပါဝင်ခဲ့တာကြောင့် သမိုင်းဝင်တွေ့ဆုံမှုဖြစ်ပေမဲ့ လက်တွေ့ရလဒ်ကတော့ မရေရာသေးပါဘူး။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး နိုင်ငံတကာသတင်း

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး

အိန္ဒိယနိုင်ငံမှာ နာမည်ကြီး လူမှုကွန်ရက် ဆယ်လီတစ်ဦးရဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တဦးဟာ ဆယ်လီရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဖတ်ရန်
ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး ပြည်တွင်းသတင်း

ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ကျန်းမာရေးမကောင်းတဲ့ စစ်မှုထမ်းတပ်သားသစ်ကို အလုပ်ကြမ်းခိုင်းစေရာက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ နိုင်ငံတကာသတင်း

မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ

မလေးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံသို့ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အဆိုပြုချက်ကို မလေးရှားအစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်နှင့် ကျေးလက်ဒေသနှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီး…

ဖတ်ရန်
ဘရာဇီးမှာ ပထွေးဖြစ်သူက ချစ်ရေးဆိုတာကို မယားပါသမီးက ငြင်းလို့ ပေါက်တူးနဲ့ ရိုက်သတ်မှု ဖြစ်ပွား နိုင်ငံတကာသတင်း

ဘရာဇီးမှာ ပထွေးဖြစ်သူက ချစ်ရေးဆိုတာကို မယားပါသမီးက ငြင်းလို့ ပေါက်တူးနဲ့ ရိုက်သတ်မှု ဖြစ်ပွား

ဘရာဇီးနိုင်ငံတောင်ပိုင်း၊ အီတာပယ်မီရင်မြို့မှာ အသက် ၂၃ နှစ်အရွယ် မယားပါသမီးဖြစ်သူကို ပေါက်တူးနဲ့ ရိုက်သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ပထွေးဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဖတ်ရန်