အရေးပေါ်
နိုင်ငံတကာသတင်း

အိန္ဒိယကုန်တင်သင်္ဘော ယီမင်ကမ်းလွန်မှာ တိုက်ခိုက်ခံရပြီး နစ်မြှုပ်သွားမှုအပေါ် အိန္ဒိယ အပြင်းအထန် ရှုတ်ချ

၂၀၂၆ သြဂုတ် ၅ Myo Taw
အိန္ဒိယကုန်တင်သင်္ဘော ယီမင်ကမ်းလွန်မှာ တိုက်ခိုက်ခံရပြီး နစ်မြှုပ်သွားမှုအပေါ် အိန္ဒိယ အပြင်းအထန် ရှုတ်ချ

အိန္ဒိယကုန်တင်သင်္ဘော ယီမင်ကမ်းလွန်မှာ တိုက်ခိုက်ခံရပြီး နစ်မြှုပ်သွားမှုအပေါ် အိန္ဒိယ အပြင်းအထန် ရှုတ်ချ

ဩဂုတ် ၅

ယီမင်နိုင်ငံ ကမ်းလွန် ပင်လယ်နီအတွင်းမှာ အိန္ဒိယကုန်တင်သင်္ဘောတစ်စီး တိုက်ခိုက်ခံရပြီး နစ်မြှုပ်သွားခဲ့တာနဲ့ ပတ်သက်လို့ အရပ်ဘက် သင်္ဘောအပေါ် ရန်စမှုမရှိဘဲ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အဖြစ် အိန္ဒိယအစိုးရက အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

အမ်အက်စ်ဗွီ ဖိုင်ဇ် နူရီ အိုလီယာ (MSV Faize Noore Oliya) အမည်ရှိ ကုန်တင်သင်္ဘော တိုက်ခိုက်ခံရတာဖြစ်ပြီး အိန္ဒိယနိုင်ငံသား ၁၃ ဦး အပါအဝင် သင်္ဘောသား ၁၄ ဦးလုံးကို ယီမင် ကမ်းခြေစောင့်တပ်က ကယ်ဆယ်နိုင်ခဲ့ကာ မိုခါဆိပ်ကမ်းကို ပို့ဆောင်ပေးခဲ့တယ်လို့ အိန္ဒိယ ရေကြောင်းနှင့် ရေလမ်းကြောင်းဆိုင်ရာ ဝန်ကြီး ဆာဘာနန်ဒါ ဆွန်နိုဝါလ်က ဆိုပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အရပ်ဘက်သင်္ဘောကို တိုက်ခိုက်ခဲ့တာဟာ “အလွန်စိုးရိမ်ဖွယ်ဖြစ်ရပ်” ဖြစ်ကြောင်း ရှုတ်ချခဲ့ပြီး၊ ပင်လယ်နီအတွင်း ကုန်သွယ်ရေးသင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို ချက်ချင်း ရပ်တန့်ရမည်ဖြစ်သလို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပေးရန် တောင်းဆိုထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမျှ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း ဆော်ဒီအစိုးရ ကျောထောက်နောက်ခံပြု ယီမင်အစိုးရကတော့ အီရန်နှင့် မဟာမိတ်ဖြစ်တဲ့ ဟူသီအဖွဲ့ရဲ့လက်ချက်ဖြစ်ပြီး ပေါက်ကွဲပစ္စည်းတွေ တင်ဆောင်ထားတဲ့ လှေနဲ့ တိုက်ခိုက်ခဲ့ခြင်းတယ်လို့ စွပ်စွဲထားပါတယ်။

အီရန်က ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် ပင်လယ်ကွေ့ နိုင်ငံတွေဟာ ပင်လယ်နီ ရေလမ်းကြောင်းကို ပြောင်းလဲ အသုံးပြုနေရတာဖြစ်ပြီး ပြီးခဲ့တဲ့လက ဟူသီအဖွဲ့ရဲ့ ရေကြောင်းပိတ်ဆို့မှု ကြေညာချက်ကြောင့် အဆိုပါရေလမ်းကြောင်းမှာ အန္တရာယ် ပိုမိုကြီးမားလာကာ ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေးနှင့် စွမ်းအင်ထောက်ပံ့မှုတွေကိုလည်း ရိုက်ခတ်လျက် ရှိနေပါတယ်။

Ref & Photo; The Independent

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

ဂျပန်ရဲ့ စစ်ရေးစွမ်းရည်တိုးမြှင့်မှုကို တုံ့ပြန်ဖို့ စစ်ရေးနည်းလမ်းအသစ်တွေ ချမှတ်သွားမယ်လို့ ကင်ယိုဂျုံ သတိပေး နိုင်ငံတကာသတင်း

ဂျပန်ရဲ့ စစ်ရေးစွမ်းရည်တိုးမြှင့်မှုကို တုံ့ပြန်ဖို့ စစ်ရေးနည်းလမ်းအသစ်တွေ ချမှတ်သွားမယ်လို့ ကင်ယိုဂျုံ သတိပေး

ဂျပန်နိုင်ငံက အမေရိကန်လုပ် တိုမာဟော့ ခရုဇ်မစ်ဆိုင်းဒုံး စမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံရဲ့ စစ်အင်အားတိုးမြှင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးနည်းလမ်းအသစ်တွေနဲ့ ကျင့်သုံးသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက သတိပေးပြောဆိုလိုက်ပါတယ်။

ဖတ်ရန်
မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း နိုင်ငံတကာသတင်း

မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

မင်းအောင်လှိုင်နဲ့ ဩဂုတ် ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ တွေ့ဆုံဖို့ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကွန်က မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်စတင်ဖို့…

ဖတ်ရန်
စံချိန်တင် နွေရာသီ အပူလှိုင်းဒဏ်ကို အနိုင်ယူဖို့ ခွေးသားစွပ်ပြုတ် သောက်ကြဖို့ မြောက်ကိုရီးယား တိုက်တွန်း နိုင်ငံတကာသတင်း

စံချိန်တင် နွေရာသီ အပူလှိုင်းဒဏ်ကို အနိုင်ယူဖို့ ခွေးသားစွပ်ပြုတ် သောက်ကြဖို့ မြောက်ကိုရီးယား တိုက်တွန်း

ကိုရီးယားကျွန်းဆွယ်တစ်ခွင် စံချိန်တင် အပူချိန်တွေ မြင့်တက်နေချိန်မှာ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာတွေက နွေရာသီ အပူဒဏ်ကို အနိုင်ယူနိုင်ဖို့အတွက် ခွေးသားစွပ်ပြုတ် သောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဖတ်ရန်
သေဆုံးသူ ၁၆ ဦးထိ ရှိလာတဲ့ အပူလှိုင်းကြောင့် ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ဖို့ တောင်ကိုရီးယားသမ္မတ တိုက်တွန်း နိုင်ငံတကာသတင်း

သေဆုံးသူ ၁၆ ဦးထိ ရှိလာတဲ့ အပူလှိုင်းကြောင့် ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ဖို့ တောင်ကိုရီးယားသမ္မတ တိုက်တွန်း

တောင်ကိုရီးယားနိုင်ငံမှာ စံချိန်တင် အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၁၆ ဦးအထိ ရှိလာတဲ့အတွက် အပူဒဏ်ခံနေရသူတွေကို ကူညီထောက်ပံ့မှုတွေ ပိုမိုတိုးမြှင့်ပေးဖို့ သမ္မတ လီဂျေးမြောင် က အာဏာပိုင်တွေကို ဩဂုတ်…

ဖတ်ရန်