အရေးပေါ်
နိုင်ငံတကာသတင်း

လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို GPS စနစ်နဲ့ စောင့်ကြည့်ဖို့ ဂျပန်တရားရေးဝန်ကြီးဌာန စမ်းသပ်ပြင်ဆင်

၂၀၂၆ စက်တင်ဘာ ၁၆ Myo Taw
လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို GPS စနစ်နဲ့ စောင့်ကြည့်ဖို့ ဂျပန်တရားရေးဝန်ကြီးဌာန စမ်းသပ်ပြင်ဆင်

လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို GPS စနစ်နဲ့ စောင့်ကြည့်ဖို့ ဂျပန်တရားရေးဝန်ကြီးဌာန စမ်းသပ်ပြင်ဆင်

စက်တင်ဘာ ၁၆

ဂျပန်နိုင်ငံမှာ ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ရထားတဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို GPS စနစ်နဲ့ စောင့်ကြည့်စစ်ဆေးသွားမယ့် စမ်းသပ်စီမံချက်တခုကို လာမယ့် ၂၀၂၇ ဘဏ္ဍာရေးနှစ်ကစတင်ပြီး အကောင်အထည်ဖော်ဖို့ ဂျပန်တရားရေးဝန်ကြီးဌာနက စီစဉ်နေတယ်လို့ သိရပါတယ်။

အဆိုပါ စီမံချက်အတွက် လိုအပ်တဲ့ အသုံးစရိတ်တွေကို ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းခံမှုထဲမှာ ထည့်သွင်းထားပြီးဖြစ်တယ်လို့ တရားရေးဝန်ကြီး ဟီရိုရှီ ဟီရာဂူချီ က စက်တင်ဘာ ၁၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုထားပါတယ်။

စီမံချက်အရ ပြစ်မှုကျူးလွန်သူတိုင်းကို မဖြစ်မနေ တပ်ဆင်ခိုင်းတာမျိုး မဟုတ်ဘဲ ပါဝင်ဖို့ သဘောတူတဲ့ ကျူးလွန်သူတွေကိုသာ စောင့်ကြည့်သွားမှာဖြစ်သလို GPS ကိရိယာတွေကိုလည်း ခန္ဓာကိုယ်ပေါ်မှာ တပ်ဆင်ထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံရဲ့ ပြစ်မှုကျူးလွန်သူများ ပြန်လည်ထူထောင်ရေးဥပဒေအရ ခံဝန်နဲ့ လွတ်လာသူတွေဟာ စမ်းသပ်ကာလ ကြီးကြပ်ရေးအရာရှိတွေရဲ့ ကြီးကြပ်မှုကို မဖြစ်မနေ ခံယူကြရပါတယ်။

အခု အစီအစဉ်သစ်မှာတော့ ခံဝန်နဲ့ လွတ်လာသူတွေရဲ့ တည်နေရာအချက်အလက်တွေအရ ပြစ်မှုနဲ့ ဆက်နွှယ်နိုင်တဲ့ သံသယဖြစ်ဖွယ် အပြုအမူတွေ တွေ့ရှိလာရရင် လူချင်းတွေ့ဆုံ စစ်ဆေးမေးမြန်းတာအပါအဝင် လိုအပ်တဲ့ ထိန်းကျောင်းတည့်မတ်မှုတွေကို ဆောင်ရွက်သွားဖို့ စဉ်းစားထားတာလို့ ဂျပန်တရားရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဆိုပါစမ်းသပ်မှုဟာ အမှန်တကယ် ထိရောက်မှုရှိတယ်ဆိုရင်တော့ အပြည့်အဝ ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်အစိုးရအနေနဲ့ နိုင်ငံတကာက စနစ်တွေကို နမူနာယူပြီး လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ကိုင်တွယ်ထိန်းကျောင်းတဲ့ အစီအမံတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့ ၂၀၂၃ ခုနှစ် ပြစ်မှုထပ်မံကျူးလွန်မှု ကာကွယ်ရေးစီမံကိန်းမှာလည်း ထည့်သွင်းသတ်မှတ်ထားပါတယ်။

Ref & Photo; The Japan Times

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ရုရှားဒရုန်းတွေကို ဟန့်တားပစ်ချနိုင်မယ့် လက်နက်သစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နေပြီလို့ ဇလန်စကီး ပြော နိုင်ငံတကာသတင်း

ရုရှားဒရုန်းတွေကို ဟန့်တားပစ်ချနိုင်မယ့် လက်နက်သစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နေပြီလို့ ဇလန်စကီး ပြော

ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တား ပစ်ချနိုင်မယ့် လက်နက်သစ်တစ်မျိုးကို ယူကရိန်းနိုင်ငံက စမ်းသပ်နေပြီး ပစ်မှတ်တစ်ခုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီးက စက်တင်ဘာ ၁၅…

ဖတ်ရန်
ထရမ့်အစိုးရက Huawei ကို ယှဉ်ပြိုင်ဖို့ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ဆို နိုင်ငံတကာသတင်း

ထရမ့်အစိုးရက Huawei ကို ယှဉ်ပြိုင်ဖို့ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ဆို

အာဖရိကမှာ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ရဲ့ တိုးချဲ့လာမှုကို တုံ့ပြန်ဖို့ ဒေါ်နယ်ထရမ့်အစိုးရက အမေရိကန်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Africell ကို ဒေါ်လာ သန်း ၁၀၀…

ဖတ်ရန်
အီရန်နျူကလီးယားအရေး အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် IAEA တင်ပြ၊ တရုတ်နဲ့ ရုရှား ကန့်ကွက် နိုင်ငံတကာသတင်း

အီရန်နျူကလီးယားအရေး အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် IAEA တင်ပြ၊ တရုတ်နဲ့ ရုရှား ကန့်ကွက်

ကြေညာထားခြင်းမရှိတဲ့ နေရာတွေမှာ ယူရေနီယမ် အကြွင်းအကျန်တွေ တွေ့ရှိခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အီရန်ဘက်က စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA)…

ဖတ်ရန်