အရေးပေါ်
နိုင်ငံတကာသတင်း

လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို GPS စနစ်နဲ့ စောင့်ကြည့်ဖို့ ဂျပန်တရားရေးဝန်ကြီးဌာန စမ်းသပ်ပြင်ဆင်

၂၀၂၆ စက်တင်ဘာ ၁၆ Myo Taw
လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို GPS စနစ်နဲ့ စောင့်ကြည့်ဖို့ ဂျပန်တရားရေးဝန်ကြီးဌာန စမ်းသပ်ပြင်ဆင်

လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို GPS စနစ်နဲ့ စောင့်ကြည့်ဖို့ ဂျပန်တရားရေးဝန်ကြီးဌာန စမ်းသပ်ပြင်ဆင်

စက်တင်ဘာ ၁၆

ဂျပန်နိုင်ငံမှာ ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ရထားတဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို GPS စနစ်နဲ့ စောင့်ကြည့်စစ်ဆေးသွားမယ့် စမ်းသပ်စီမံချက်တခုကို လာမယ့် ၂၀၂၇ ဘဏ္ဍာရေးနှစ်ကစတင်ပြီး အကောင်အထည်ဖော်ဖို့ ဂျပန်တရားရေးဝန်ကြီးဌာနက စီစဉ်နေတယ်လို့ သိရပါတယ်။

အဆိုပါ စီမံချက်အတွက် လိုအပ်တဲ့ အသုံးစရိတ်တွေကို ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းခံမှုထဲမှာ ထည့်သွင်းထားပြီးဖြစ်တယ်လို့ တရားရေးဝန်ကြီး ဟီရိုရှီ ဟီရာဂူချီ က စက်တင်ဘာ ၁၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုထားပါတယ်။

စီမံချက်အရ ပြစ်မှုကျူးလွန်သူတိုင်းကို မဖြစ်မနေ တပ်ဆင်ခိုင်းတာမျိုး မဟုတ်ဘဲ ပါဝင်ဖို့ သဘောတူတဲ့ ကျူးလွန်သူတွေကိုသာ စောင့်ကြည့်သွားမှာဖြစ်သလို GPS ကိရိယာတွေကိုလည်း ခန္ဓာကိုယ်ပေါ်မှာ တပ်ဆင်ထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံရဲ့ ပြစ်မှုကျူးလွန်သူများ ပြန်လည်ထူထောင်ရေးဥပဒေအရ ခံဝန်နဲ့ လွတ်လာသူတွေဟာ စမ်းသပ်ကာလ ကြီးကြပ်ရေးအရာရှိတွေရဲ့ ကြီးကြပ်မှုကို မဖြစ်မနေ ခံယူကြရပါတယ်။

အခု အစီအစဉ်သစ်မှာတော့ ခံဝန်နဲ့ လွတ်လာသူတွေရဲ့ တည်နေရာအချက်အလက်တွေအရ ပြစ်မှုနဲ့ ဆက်နွှယ်နိုင်တဲ့ သံသယဖြစ်ဖွယ် အပြုအမူတွေ တွေ့ရှိလာရရင် လူချင်းတွေ့ဆုံ စစ်ဆေးမေးမြန်းတာအပါအဝင် လိုအပ်တဲ့ ထိန်းကျောင်းတည့်မတ်မှုတွေကို ဆောင်ရွက်သွားဖို့ စဉ်းစားထားတာလို့ ဂျပန်တရားရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဆိုပါစမ်းသပ်မှုဟာ အမှန်တကယ် ထိရောက်မှုရှိတယ်ဆိုရင်တော့ အပြည့်အဝ ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်အစိုးရအနေနဲ့ နိုင်ငံတကာက စနစ်တွေကို နမူနာယူပြီး လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ကိုင်တွယ်ထိန်းကျောင်းတဲ့ အစီအမံတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့ ၂၀၂၃ ခုနှစ် ပြစ်မှုထပ်မံကျူးလွန်မှု ကာကွယ်ရေးစီမံကိန်းမှာလည်း ထည့်သွင်းသတ်မှတ်ထားပါတယ်။

Ref & Photo; The Japan Times

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး နိုင်ငံတကာသတင်း

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒေသအများအပြားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်တယ်လို့…

ဖတ်ရန်
သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ နိုင်ငံတကာသတင်း

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

ပေါ်တူဂီဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ် Ballon d’Or ဆုရရှိမှုကို သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင် (Ballon d’Or…

ဖတ်ရန်
စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ နိုင်ငံတကာသတင်း

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

စပိန်နိုင်ငံ အလယ်ပိုင်း တိုလီဒိုပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး…

ဖတ်ရန်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…

ဖတ်ရန်