အရေးပေါ်
နိုင်ငံတကာသတင်း

နယူးယောက်က အထက်တန်းကျောင်းမှာ AI နဲ့ လူတူစက်ရုပ် စမ်းသပ်အသုံးပြုမယ့် အစီအစဉ် အပြင်းအထန် ဝေဖန်ခံနေရ

၂၀၂၆ ဇူလိုင် ၂၆ Myo Taw
နယူးယောက်က အထက်တန်းကျောင်းမှာ AI နဲ့ လူတူစက်ရုပ် စမ်းသပ်အသုံးပြုမယ့် အစီအစဉ် အပြင်းအထန် ဝေဖန်ခံနေရ

နယူးယောက်က အထက်တန်းကျောင်းမှာ AI နဲ့ လူတူစက်ရုပ် စမ်းသပ်အသုံးပြုမယ့် အစီအစဉ် အပြင်းအထန် ဝေဖန်ခံနေရ

ဇူလိုင် ၂၆

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ ဆာလမန်ကာ (Salamanca) အထက်တန်းကျောင်းမှာ လူတူစက်ရုပ်(Humanoid Robot)နဲ့ AI သင်ကြားရေးအကူစနစ်ကို ၂၀၂၆ ခုနှစ် ဆောင်းဦးရာသီကစပြီး စမ်းသပ်အသုံးပြုမယ့် အစီအစဉ်အပေါ် ဆရာ၊ ဆရာမတွေနဲ့ ဒေသခံ အမေရိကန်ဖွား တိုင်းရင်းသားတွေအကြား ဝေဖန်တွေ ပြင်းထန်နေပါတယ်။

ဆာလမန်ကာ အထက်တန်းကျောင်းအပါအဝင် ကျောင်းတွေကို ကြီးကြပ်တဲ့ ကက်တားရောက်ဂတ်စ် ခရိုင် ကျောင်းဘုတ်အဖွဲ့က “ဆယ်လီ” လို့ အမည်ပေးထားတဲ့ လူတူစက်ရုပ်တရုပ်ကို ဒေါ်လာ ၅၇,၅၉၀ (မြန်မာငွေ သိန်း ၁,၂၀၀ ကျော်)နဲ့ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါစက်ရုပ်ကို ထုတ်လုပ်ခဲ့တဲ့ Realbotix ကုမ္ပဏီဟာ အတိတ်က လိင်ဖျော်ဖြေရေးအရုပ်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကို ဝယ်ယူခဲ့ဖူးတဲ့ သမိုင်းကြောင်းလည်း ရှိခဲ့ပါတယ်။

ဆာလမန်ကာ ဆရာ၊ ဆရာမများအသင်း ဥက္ကဋ္ဌ လေစီ ပီဘလက်ဒ် က Realbotix ကုမ္ပဏီရဲ့ နောက်ခံ၊ အသုံးပြုမယ့် ဆော့ဖ်ဝဲလ်ရဲ့ လုံခြုံရေးအပြင် ကျောင်းသားတွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းမယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း ပြောဆိုထားပြီး အစီအစဉ်ကို ခဏရပ်ဆိုင်းထားဖို့ တောင်းဆိုထားပါတယ်။

နယူးယောက်ပြည်နယ် အမျိုးသားဆရာ၊ ဆရာမများသမဂ္ဂ ဥက္ကဋ္ဌ မယ်လင်ဒါ ပီဆန် ကလည်း ဒီအစီအစဉ်ဟာ “လုံးဝ မသင့်လျော်ဘူး” လို့ ဝေဖန်ပြီး ပညာရေးမှာ စက်ရုပ်တွေထက် ကျောင်းသားတွေအတွက် ဂရုစိုက်ပေးနိုင်တဲ့ လူကြီးတွေနဲ့ လူသားအချင်းချင်း ဆက်ဆံရေးက ပိုအရေးကြီးတယ်လို့ ပြောပါတယ်။

ဆာလမန်ကာကျောင်းရဲ့ ကျောင်းသား ၄၀ ရာခိုင်နှုန်းနီးပါးဟာ အမေရိကန်ဖွား တိုင်းရင်းသား တွေဖြစ်ပြီး အတိတ်ကလည်း ဘော်ဒါဆောင်ကျောင်းတွေကြောင့် ယဉ်ကျေးမှု ပျောက်ကွယ်မသွားရအောင် ရုန်းကန်ခဲ့ရတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တာကြောင့် ကျောင်းကို စမ်းသပ်မယ့်နေရာအဖြစ် ရွေးချယ်တာကိုလည်း ဒေသခံ အမေရိကန်ဖွား တိုင်းရင်းသားတွေကြား ဝေဖန်တွေ မြင့်တက်နေပါတယ်။

Realbotix ကတော့ လူပုံစံစက်ရုပ်နဲ့ AI စနစ်ဟာ ဆရာ၊ ဆရာမတွေကို အစားထိုးဖို့မဟုတ်ဘဲ ကျောင်းသားတွေကို AI နဲ့ စက်ရုပ်နည်းပညာတွေ လေ့လာခွင့်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

နယူးယောက်ပြည်နယ် ပညာရေးဌာနကတော့ ကျောင်းသားတွေရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးနဲ့ သင့်လျော်တဲ့ ကာကွယ်မှုတွေ မရှိမှာကို စိုးရိမ်ကြောင်း ပြောပြီး နည်းပညာဟာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကို ကူညီပေးနိုင်ပေမယ့် လူသားတွေရဲ့ ဆုံးဖြတ်ချက်နဲ့ တာဝန်ခံမှုကို အစားထိုးမသင့်ဘူးလို့ ဆိုထားပါတယ်။

Ref & Photo; The Guardian

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ပြင်သစ်နဲ့ စပိန်တောင်ပိုင်း တောမီးကြောင့် လူပေါင်း ၂ သိန်းခွဲကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး သက်ကြီးပိုင်း အမျိုးသား ၁ ဦး သေဆုံး နိုင်ငံတကာသတင်း

ပြင်သစ်နဲ့ စပိန်တောင်ပိုင်း တောမီးကြောင့် လူပေါင်း ၂ သိန်းခွဲကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး သက်ကြီးပိုင်း အမျိုးသား ၁ ဦး သေဆုံး

ပြင်သစ်နိုင်ငံ အနောက်တောင်ဘက် ကမ်းရိုးတန်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေဟာ ဇူလိုင် ၂၅ ရက်နေ့မှာတော့ ဗောဒိုးမြို့တွင်းဘက်ကို ဦးတည်ကူးစက်လာတာကြောင့် မြို့ဆင်ခြေဖုံးက ဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရသလို၊…

ဖတ်ရန်
အိန္ဒိယပညာရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်၊ ပိုးဟပ်တွေ အောင်ပွဲခံ နိုင်ငံတကာသတင်း

အိန္ဒိယပညာရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်၊ ပိုးဟပ်တွေ အောင်ပွဲခံ

အိန္ဒိယနိုင်ငံမှာ ဆေးတက္ကသိုလ်ဝင်ခွင့် အပါအဝင် အစိုးရဝန်ထမ်း စာမေးပွဲ မေးခွန်းတွေ ပေါက်ကြားခဲ့မှုကြောင့် ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခံထားရတဲ့ ပညာရေးဝန်ကြီး ဓါမန်ဒရာ ပရာဒန် ဟာ ဒီကနေ့…

ဖတ်ရန်
ဂျပန်ကို စစ်ရေးအင်အား ပြန်လည်တည်ဆောက်ခွင့် မပြုရန် ရုရှားကို တရုတ် တိုက်တွန်း နိုင်ငံတကာသတင်း

ဂျပန်ကို စစ်ရေးအင်အား ပြန်လည်တည်ဆောက်ခွင့် မပြုရန် ရုရှားကို တရုတ် တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နဲ့ ရုရှားနိုင်ငံအနေနဲ့ ဂျပန်ကို စစ်ရေးအင်အား ပြန်လည်တည်ဆောက်ခွင့် ဘယ်တော့မှ မပြုသင့်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗ်ရော့ဗ် ကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဖတ်ရန်
အမေရိကန်နှင့် ပူးပေါင်းပြီး ဒရုန်းထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရန် စီစဉ်နေတယ်လို့ သမ္မတ ဇယ်လန်စကီး ပြောဆို နိုင်ငံတကာသတင်း

အမေရိကန်နှင့် ပူးပေါင်းပြီး ဒရုန်းထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရန် စီစဉ်နေတယ်လို့ သမ္မတ ဇယ်လန်စကီး ပြောဆို

ယူကရိန်ရဲ့ အဆင့်မြင့် နည်းပညာတွေကို အသုံးပြုပြီး အမေရိကန်ပြည်ထောင်စုမှာ မောင်းသူမဲ့ ဒရုန်းယာဉ်တွေ ထုတ်လုပ်မယ့် စက်ရုံတစ်ရုံ တည်ဆောက်သွားဖို့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ယူကရိန် သမ္မတ ဗိုလိုဒီမီးယား…

ဖတ်ရန်