အရေးပေါ်
နိုင်ငံတကာသတင်း

ထိုင်းကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြ

၂၀၂၆ သြဂုတ် ၆ Myo Taw
ထိုင်းကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြ

ထိုင်းကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြ

ဩဂုတ် ၆

ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ဩဂုတ်လ ၆ ရက် ဒီကနေ့ မွန်းလွဲပိုင်းမှာ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ကန့်ကွက် ဆန္ဒပြပွဲမှာ “ မအလ မင်းလို ရာဇဝတ်ကောင်ကို ငါတို့ မကြိုဆိုပါ” ၊ “ စစ်ခေါင်းဆောင်တွေ ကျဆုံးရေး”၊ “ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၂ ရက်တာ ထိုင်းနိုင်ငံ ခရီးစဉ်ကို ကန့်ကွက်ကြောင်း ထိုင်းအရပ်ဖက် အဖွဲ့အစည်း ၁၆ ခုက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နှစ်နိုင်ငံကြား ဆွေးနွေးပူးပေါင်းရမယ့် ကိစ္စရပ်တွေအဖြစ် နယ်စပ်လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ နှိမ်နင်းရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနှင့် ရေထု၊ လေထု ညစ်ညမ်းမှုတို့ အပါအဝင် နယ်စပ်ဒေသကိစ္စရပ်တွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ စိဟာစက် က ပြောပါတယ်။

နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းရာမှာ လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ သက်သေပြဖို့ လိုအပ်ကြောင်း မစ္စတာ စိဟာစက် က ထောက်ပြပြီး၊ အာဏာသိမ်း အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး နှင့်အတူ အဆိုပါဒေသသို့ အတူတကွ သွားရောက်ကြည့်ရှုဖို့ ရှိတယ်လို့ သိရပါတယ်။

စိဟာစက် က မင်းအောင်လှိုင်ဟာ ဆက်ဆံရေးတိုးမြှင့်ဖို့နှင့် မြန်မာနိုင်ငံကို အာဆီယံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ရေး တွန်းအားပေးဖို့အတွက် ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ICRC ဌာနေ ကိုယ်စားလှယ် တွေ့ဆုံမှုကို ကြိုဆိုပြီး အာဆီယံ ကိုယ်စားလှယ်တွေ ဝင်ရောက်ဖို့ လမ်းခင်းပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Photo - The Reoprters

မြို့တော် News Channel

ဓာတ်ပုံများ (8)

ဆက်စပ် သတင်းများ

ယူကရိန်းမြို့တော် ကီးယက်ဗ် ကို ရုရှားက ဒုံးကျည်အပြင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရိက္ခာဂိုဒေါင်တွေ ပျက်စီးပြီး အရပ်သား ၁၇ ဦး သေဆုံး နိုင်ငံတကာသတင်း

ယူကရိန်းမြို့တော် ကီးယက်ဗ် ကို ရုရှားက ဒုံးကျည်အပြင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရိက္ခာဂိုဒေါင်တွေ ပျက်စီးပြီး အရပ်သား ၁၇ ဦး သေဆုံး

ရုရှားစစ်တပ်ဟာ ယူကရိန်းမြို့တော် ကီးယက်ဗ်နှင့် အနီးတဝိုက် ဒေသတွေကို ဒုံးကျည်တွေအပြင် အီရန်လုပ် ကာမီကာဇေ ဒရုန်း အမြောက်အမြားနဲ့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သိုလှောင်ရုံ ၁၃ ရုံ၊…

ဖတ်ရန်
အိန္ဒိယကုန်တင်သင်္ဘော ယီမင်ကမ်းလွန်မှာ တိုက်ခိုက်ခံရပြီး နစ်မြှုပ်သွားမှုအပေါ် အိန္ဒိယ အပြင်းအထန် ရှုတ်ချ နိုင်ငံတကာသတင်း

အိန္ဒိယကုန်တင်သင်္ဘော ယီမင်ကမ်းလွန်မှာ တိုက်ခိုက်ခံရပြီး နစ်မြှုပ်သွားမှုအပေါ် အိန္ဒိယ အပြင်းအထန် ရှုတ်ချ

ယီမင်နိုင်ငံ ကမ်းလွန် ပင်လယ်နီအတွင်းမှာ အိန္ဒိယကုန်တင်သင်္ဘောတစ်စီး တိုက်ခိုက်ခံရပြီး နစ်မြှုပ်သွားခဲ့တာနဲ့ ပတ်သက်လို့ အရပ်ဘက် သင်္ဘောအပေါ် ရန်စမှုမရှိဘဲ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အဖြစ် အိန္ဒိယအစိုးရက အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

ဖတ်ရန်
ဂျပန်ရဲ့ စစ်ရေးစွမ်းရည်တိုးမြှင့်မှုကို တုံ့ပြန်ဖို့ စစ်ရေးနည်းလမ်းအသစ်တွေ ချမှတ်သွားမယ်လို့ ကင်ယိုဂျုံ သတိပေး နိုင်ငံတကာသတင်း

ဂျပန်ရဲ့ စစ်ရေးစွမ်းရည်တိုးမြှင့်မှုကို တုံ့ပြန်ဖို့ စစ်ရေးနည်းလမ်းအသစ်တွေ ချမှတ်သွားမယ်လို့ ကင်ယိုဂျုံ သတိပေး

ဂျပန်နိုင်ငံက အမေရိကန်လုပ် တိုမာဟော့ ခရုဇ်မစ်ဆိုင်းဒုံး စမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံရဲ့ စစ်အင်အားတိုးမြှင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးနည်းလမ်းအသစ်တွေနဲ့ ကျင့်သုံးသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက သတိပေးပြောဆိုလိုက်ပါတယ်။

ဖတ်ရန်
မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း နိုင်ငံတကာသတင်း

မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

မင်းအောင်လှိုင်နဲ့ ဩဂုတ် ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ တွေ့ဆုံဖို့ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကွန်က မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်စတင်ဖို့…

ဖတ်ရန်