အရေးပေါ်
မိုးလေဝသ

တိုင်းနှင့် ပြည်နယ်တချို့မှာ လာမယ့် ၃ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရေကြီး ရေလျှံတာတွေ ဖြစ်နိုင်တယ်လို့ဆို

၂၀၂၆ သြဂုတ် ၆ Myo Taw
တိုင်းနှင့် ပြည်နယ်တချို့မှာ လာမယ့် ၃ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရေကြီး ရေလျှံတာတွေ ဖြစ်နိုင်တယ်လို့ဆို

တိုင်းနှင့် ပြည်နယ်တချို့မှာ လာမယ့် ၃ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရေကြီး ရေလျှံတာတွေ ဖြစ်နိုင်တယ်လို့ဆို

ဩဂုတ် ၆

မိုးအလွန် သည်းထန်စွာ ရွာသွန်းနိုင်တဲ့ ဒေသများတွေအနေနဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(တောင်ပိုင်း)၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ အနောက်တောင် မုတ်သုံလေ အားအလွန်ကောင်းနေမှုနှင့်အတူ ကုန်းတွင်းပိုင်းမှ လေပွေလှိုင်းတွေကြောင့် အဆိုပါ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် ဒေသတွေမှာ လာမယ့် ၃ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၁၅၀ မီလီမီတာ မှ ၃၀၀ မီလီမီတာ ထက်မနည်း အလွန်သည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

စစ်ကိုင်းတိုင်း(အထက်ပိုင်း) နှင့် ကချင်ပြည်နယ် (တောင်ပိုင်း/အနောက်ပိုင်း) တို့မှာ မိုးတိမ်တောင်တွေ အားကောင်းစွာ ဖြစ်ထွန်းမှုကြောင့် မိုးရေချိန် ၁၀၀ မီလီမီတာ မှ ၂၀၀ မီလီမီတာ အထိ ရွာသွန်းရရှိနိုင်တယ်လို့ ဆိုပါတယ်။

မိုးအားကောင်းမယ့် ဒေသတွေအဖြစ် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း)တို့မှာ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ တိမ်တိုက်တွေကြောင့် အတန်အသင့်မှ သည်းထန်တဲ့ မိုးရွာသွန်းမှုတွေ ဆက်လက်ရှိနေမှာဖြစ်ပြီး လာမယ့် ၃ ရက်စာ စုစုပေါင်း မိုးရေချိန်အနေနဲ့ ၅၀ မီလီမီတာ မှ ၁၀၀ မီလီမီတာ နီးပါး ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် နှင့် မကွေးတိုင်း၊ ရခိုင်ရိုးမနှင့် ဆက်စပ်နေတဲ့ တောင်တန်းဒေသတို့မှာ မိုးရွာသွန်းမှု အားကောင်းနိုင်ပြီး လာမယ့် ၃ ရက်အတွင်း မိုးရေချိန် ၅၀ မီလီမီတာ မှ ၈၀ မီလီမီတာ ခန့်အထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

မိုးအသင့်အတင့် ရွာသွန်းနိုင်တဲ့ ဒေသတွေအဖြစ် နေပြည်တော်၊ မန္တလေးတိုင်းနှင့် မကွေးတိုင်း (မြေပြန့်ပိုင်း)တို့မှာ အတန်အသင့် မိုးရွာနိုင်ပေမဲ့ စုစုပေါင်း မိုးရေချိန် ၂၅ မီလီမီတာ မှ ၅၀ မီလီမီတာ ဝန်းကျင်သာ ရရှိနိုင်မယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှာ နေရာကွက်ကျား မိုးရွာသွန်းမှုတွေ ရှိနိုင်ပြီး မိုးရေချိန် ၂၅ မီလီမီတာ မှ ၄၅ မီလီမီတာအထိသာ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သတိပေးချက်အနေနဲ့ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာ လာမယ့် ၃ ရက်အတွင်း မိုးရေချိန် ပမာဏ များပြားစွာ စုစည်းနိုင်တာကြောင့် မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းကြီးတာ၊ မြေနိမ့်ဒေသတွေမှာ ရေကြီးရေလျှံတာနှင့် တောင်ကုန်းတောင်တန်း ဒေသတွေမှာ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ပြီး လာမယ့် ၂ ပတ်ရက်ကျော်အထိ ရေကြီးရေလျှံမှုတွေ ဆက်လက်စိုးရိမ်ရနိုင်တယ်လို့ဆို မိုးလေဝသ

မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ပြီး လာမယ့် ၂ ပတ်ရက်ကျော်အထိ ရေကြီးရေလျှံမှုတွေ ဆက်လက်စိုးရိမ်ရနိုင်တယ်လို့ဆို

မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ပြီး လာမယ့် ၂ ပတ်ရက်ကျော်အထိ ရေကြီးရေလျှံမှုတွေ ဆက်လက်စိုးရိမ်ရနိုင်တယ်လို့ဆို

ဖတ်ရန်
နေပြည်တော်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဆေးရုံက လူနာတချို့ပါ ရွှေ့ပြောင်းပေးခဲ့ရ မိုးလေဝသ

နေပြည်တော်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဆေးရုံက လူနာတချို့ပါ ရွှေ့ပြောင်းပေးခဲ့ရ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော်အတွင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်ရှိ လူနေအိမ်တွေနှင့် ဥတ္တရသီရိမြို့နယ်ရှိ ဆေးရုံတွေမှာ ဇူလိုင် ၃၁ ရက်နေ့ မနေ့က ညပိုင်းမှာ ရေဝင်ရောက်မှုတွေ…

ဖတ်ရန်
မုတ်သုံလေ အားကောင်းမှုကြောင့် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးရေချိန် အလွန်များပြားနိုင်ပြီး မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို မိုးလေဝသ

မုတ်သုံလေ အားကောင်းမှုကြောင့် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးရေချိန် အလွန်များပြားနိုင်ပြီး မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို

အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်ဘက် ကမ်းရိုးတန်းတို့မှာ ဆက်လက်ပြီး အားကောင်းနေတယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း သုံးသပ်ထားပါတယ်။

ဖတ်ရန်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မိုးဆက်လက် ပိုလာမယ်လို့ဆို မိုးလေဝသ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မိုးဆက်လက် ပိုလာမယ်လို့ဆို

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင်လ ၂၈ ရက် ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ…

ဖတ်ရန်