အရေးပေါ်
နိုင်ငံတကာသတင်း

ယူကရိန်းမြို့တော် ကီးယက်ဗ် ကို ရုရှားက ဒုံးကျည်အပြင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရိက္ခာဂိုဒေါင်တွေ ပျက်စီးပြီး အရပ်သား ၁၇ ဦး သေဆုံး

၂၀၂၆ သြဂုတ် ၆ Myo Taw
ယူကရိန်းမြို့တော် ကီးယက်ဗ် ကို ရုရှားက ဒုံးကျည်အပြင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရိက္ခာဂိုဒေါင်တွေ ပျက်စီးပြီး အရပ်သား ၁၇ ဦး သေဆုံး

ယူကရိန်းမြို့တော် ကီးယက်ဗ် ကို ရုရှားက ဒုံးကျည်အပြင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရိက္ခာဂိုဒေါင်တွေ ပျက်စီးပြီး အရပ်သား ၁၇ ဦး သေဆုံး

ဩဂုတ် ၆

ရုရှားစစ်တပ်ဟာ ယူကရိန်းမြို့တော် ကီးယက်ဗ်နှင့် အနီးတဝိုက် ဒေသတွေကို ဒုံးကျည်တွေအပြင် အီရန်လုပ် ကာမီကာဇေ ဒရုန်း အမြောက်အမြားနဲ့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သိုလှောင်ရုံ ၁၃ ရုံ၊ ကုန်ထုတ်လုပ်ရေးစက်ရုံတစ်ရုံ၊ လူနေအိမ် ၄ လုံးနှင့် မော်တော်ယာဉ် ဒါဇင်နှင့်ချီ ပျက်စီးခဲ့ပြီး အနည်းဆုံး အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့ကာ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

လေကြောင်း စီးနင်းတိုက်ခိုက်မှုအတွင်း ဒုံးကျည်တွေနှင့် ကာမီကာဇေ ဒရုန်းတွေဟာ ယူကရိန်းမြို့တော် ကီးယက်ဗ်ရဲ့ စက်မှုဇုန်နှင့် ထောက်ပံ့ပို့ဆောင်ရေး စင်တာ ၇ ခုပေါ်သို့ ကျရောက်ခဲ့ရာ ကီးယက်ဗ်မြို့ပြ ဧရိယာအတွင်းရှိ အဓိက စာနပ်ရိက္ခာ သိုလှောင်ရုံ ဂိုဒေါင်ကြီးတွေ တိုက်ရိုက် ထိမှန်ကာ ပြင်းထန်စွာ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လူထုအတွက် အရေးပါတဲ့ စာနပ်ရိက္ခာ ထောက်ပံ့ရေးစနစ် အကြီးအကျယ် ထိခိုက်ခဲ့ရတဲ့အပြင် ဒုံးကျည် အပျက်အစီးတွေကြောင့် အနီးအနားရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံခွဲအချို့နှင့် လူနေအဆောက်အအုံတွေပါ ပျက်စီးခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဇယ်လန်းစကီးက အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပြီး ရုရှားဟာ စစ်ပွဲအတွင်း အရပ်သား ပြည်သူတွေရဲ့ အသက်ရှင်သန်ရေးအတွက် အခြေခံကျတဲ့ စာနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ဗဟိုချက်တွေကို တမင်သက်သက် ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ တယ်လီဂရမ်မှတစ်ဆင့် ရုရှားရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ လက်နက်အကူအညီတွေ ပိုမိုလိုအပ်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတ ဇယ်လန်းစကီးက လက်ရှိမှာ ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် အရန်ထားရှိမှုဟာ စိုးရိမ်ဖွယ်ရာ ဆိုးရွားစွာ လျော့နည်းနေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အမေရိကန်နှင့် ဥရောပ မဟာမိတ် နိုင်ငံတွေအနေနဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေအတွက် လိုအပ်နေတဲ့ ဒုံးကျည်တွေကို အချိန်မဆိုင်းဘဲ အရေးပေါ် ချက်ချင်း ပေးပို့ပေးဖို့ ထပ်မံ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

စစ်ရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်အရ ရုရှားဟာ သာမန် စွမ်းအင် အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်တဲ့ နည်းဗျူဟာအပြင် ယခုအခါ ပြည်သူတွေရဲ့ ရိက္ခာ သိုလှောင်ရုံတွေနှင့် ကုန်စည် စီးဆင်းမှု ဗဟိုချက်တွေကိုပါ ပစ်မှတ်ထားလာတာကြောင့် ယူကရိန်းရဲ့ စီးပွားရေးနှင့် ပြည်သူတို့ရဲ့ စိတ်ဓာတ်ကို စစ်ဆင်ရေးအရ ပိုမိုဖိအားပေးဖို့ ကြိုးပမ်းလာတာဖြစ်တယ်လို့ ထောက်ပြနေကြပါတယ်။

အထူးသဖြင့် အနောက်အုပ်စုရဲ့ စစ်ရေးအကူအညီနှင့် လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေ ပံ့ပိုးမှု ကြန့်ကြာနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ရုရှားက လာမယ့် ဆောင်းရာသီ မတိုင်မီ လေကြောင်း စီးနင်းတိုက်ခိုက်မှု အရှိန်အဟုန်ကို မြှင့်တင်ကာ အသာစီးရယူဖို့ ကြိုးပမ်းနေတာဖြစ်တယ်ဟု စစ်ရေးအကဲခတ် ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (7)

ဆက်စပ် သတင်းများ

ထိုင်းကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြ နိုင်ငံတကာသတင်း

ထိုင်းကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြ

ထိုင်းကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြ

ဖတ်ရန်
အိန္ဒိယကုန်တင်သင်္ဘော ယီမင်ကမ်းလွန်မှာ တိုက်ခိုက်ခံရပြီး နစ်မြှုပ်သွားမှုအပေါ် အိန္ဒိယ အပြင်းအထန် ရှုတ်ချ နိုင်ငံတကာသတင်း

အိန္ဒိယကုန်တင်သင်္ဘော ယီမင်ကမ်းလွန်မှာ တိုက်ခိုက်ခံရပြီး နစ်မြှုပ်သွားမှုအပေါ် အိန္ဒိယ အပြင်းအထန် ရှုတ်ချ

ယီမင်နိုင်ငံ ကမ်းလွန် ပင်လယ်နီအတွင်းမှာ အိန္ဒိယကုန်တင်သင်္ဘောတစ်စီး တိုက်ခိုက်ခံရပြီး နစ်မြှုပ်သွားခဲ့တာနဲ့ ပတ်သက်လို့ အရပ်ဘက် သင်္ဘောအပေါ် ရန်စမှုမရှိဘဲ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အဖြစ် အိန္ဒိယအစိုးရက အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

ဖတ်ရန်
ဂျပန်ရဲ့ စစ်ရေးစွမ်းရည်တိုးမြှင့်မှုကို တုံ့ပြန်ဖို့ စစ်ရေးနည်းလမ်းအသစ်တွေ ချမှတ်သွားမယ်လို့ ကင်ယိုဂျုံ သတိပေး နိုင်ငံတကာသတင်း

ဂျပန်ရဲ့ စစ်ရေးစွမ်းရည်တိုးမြှင့်မှုကို တုံ့ပြန်ဖို့ စစ်ရေးနည်းလမ်းအသစ်တွေ ချမှတ်သွားမယ်လို့ ကင်ယိုဂျုံ သတိပေး

ဂျပန်နိုင်ငံက အမေရိကန်လုပ် တိုမာဟော့ ခရုဇ်မစ်ဆိုင်းဒုံး စမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံရဲ့ စစ်အင်အားတိုးမြှင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးနည်းလမ်းအသစ်တွေနဲ့ ကျင့်သုံးသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက သတိပေးပြောဆိုလိုက်ပါတယ်။

ဖတ်ရန်
မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း နိုင်ငံတကာသတင်း

မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

မင်းအောင်လှိုင်နဲ့ ဩဂုတ် ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ တွေ့ဆုံဖို့ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကွန်က မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်စတင်ဖို့…

ဖတ်ရန်