အရေးပေါ်
နိုင်ငံတကာသတင်း

ပီရူးမှာ ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရ

၂၀၂၆ ဇူလိုင် ၂၀ Myo Taw
ပီရူးမှာ ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရ

ပီရူးမှာ ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရ

ဇူလိုင် ၂၀

ပီရူးနိုင်ငံရဲ့ တောင်ထူထပ်တဲ့ဒေသမှာ ငလျင် ၂ ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပီရူး အမျိုးသား မြို့ပြကာကွယ်ရေးဌာန အကြီးအကဲက ဇူလိုင်လ ၁၉ ရက်နေ့မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။

အဆိုပါငလျင်တွေဟာ ဇူလိုင်လ ၁၈ ရက် ညပိုင်းမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြင်းအား ပမာဏ ၅.၁ နဲ့ ၃.၇ အသီးသီးရှိခဲ့ကာ ငလျင်ဗဟိုချက်ဟာ မြို့တော် လီမာရဲ့ အရှေ့ဘက် ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) ခန့်အကွာမှာရှိတဲ့ ဟူနင်းဒေသ၊ ချူပါကာခရိုင်အတွင်းမှာ လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပီရူး အမျိုးသား ငလျင်စောင့်ကြည့်ရေးဗဟိုဌာနရဲ့ ထုတ်ပြန်ချက်အရ ပထမအကြိမ် ငလျင်ဟာ မြေအောက် အနက် ၂၄ ကီလိုမီတာ (၁၅ မိုင်) မှာ လှုပ်ခတ်ခဲ့ပြီး ဒုတိယအကြိမ် ငလျင်ကတော့ မြေအောက် အနက် ၁၈ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဥရောပ-မြေထဲပင်လယ် ငလျင်စောင့်ကြည့်ရေးဗဟိုဌာနရဲ့ ကနဦး ထုတ်ပြန်ချက်မှာတော့ ပထမငလျင်ရဲ့ ပြင်းအားဟာ ၅.၆ အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ကနဦး စာရင်းတွေအရ နေအိမ် ၄၈ လုံး ပျက်စီးပြိုကျသွားပြီး ၁၈ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒီအတွက်ကြောင့် လူပေါင်း ၃၀၀ နီးပါး ဘေးဒုက္ခကြုံတွေ့နေရပြီး ယာယီတဲတွေ ပံ့ပိုးကူညီပေးထားပါတယ်” လို့ ပီရူးအမျိုးသား မြို့ပြကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် လူးအစ်ဗာစကေးက ပြောဆိုထားပါတယ်။

ဒါ့အပြင် ငလျင်ကြောင့် ပြိုကျကျန်ရစ်ခဲ့တဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနိုင်သေးတာကြောင့် ဇူလိုင်လ ၁၉ ရက်နေ့ မနက်စောစောပိုင်းကတည်းက ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပီရူးနိုင်ငံဟာ ကမ္ဘာ့ငလျင်လှုပ်ခတ်မှုနဲ့ မီးတောင်လှုပ်ရှားမှု စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းခန့် ဖြစ်ပွားရာ ပစိဖိတ် မီးဝိုင်းဇုန် (Pacific Ring of Fire) ပေါ်မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

Ref & Photo; Reuters


မြို့တော် News Channel

#myotawnpt
#Myotaw

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် အာဆီယံဥက္ကဋ္ဌနှင့် တီမောသမ္မတတို့ထံ APHR စာပို့တောင်းဆို နိုင်ငံတကာသတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် အာဆီယံဥက္ကဋ္ဌနှင့် တီမောသမ္မတတို့ထံ APHR စာပို့တောင်းဆို

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) ကျင်းပနေချိန်အတွင်း အာဆီယံ လူ့အခွင့်အရေး ပါလီမန်မတ်များအဖွဲ့ (APHR) က အာဆီယံဥက္ကဋ္ဌ…

ဖတ်ရန်
အသက် ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်မယ့် ဥပဒေကြမ်းကို ပြင်သစ်ပါလီမန် ညှိနှိုင်းရေးကော်မတီ အတည်ပြု နိုင်ငံတကာသတင်း

အသက် ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်မယ့် ဥပဒေကြမ်းကို ပြင်သစ်ပါလီမန် ညှိနှိုင်းရေးကော်မတီ အတည်ပြု

ပြင်သစ်နိုင်ငံမှာ အသက် ၁၅ နှစ်အောက် ကလေးတွေနဲ့ လူငယ်တွေ ဆိုရှယ်မီဒီယာ သုံးစွဲခွင့်ကို ပိတ်ပင်မယ့် ဥပဒေကြမ်းကို ပါလီမန် ညှိနှိုင်းရေးကော်မတီက ဇူလိုင်လ ၂၀ ရက်နေ့မှာ…

ဖတ်ရန်
ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက် နိုင်ငံတကာသတင်း

ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက်

ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၁ ဦး ပျောက်ဆုံးသွားခဲ့ပြီးနောက် အမေရိကန်က အီရန်နိုင်ငံအပေါ် ရှစ်ညမြောက်အဖြစ် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။

ဖတ်ရန်
ဥရောပမှာ ဇွန်လနှောင်းပိုင်း အပူလှိုင်းကြောင့် တစ်ပတ်အတွင်း လူပေါင်းတစ်သောင်းကျော် ပိုမိုသေဆုံးခဲ့ နိုင်ငံတကာသတင်း

ဥရောပမှာ ဇွန်လနှောင်းပိုင်း အပူလှိုင်းကြောင့် တစ်ပတ်အတွင်း လူပေါင်းတစ်သောင်းကျော် ပိုမိုသေဆုံးခဲ့

ဇွန်လနှောင်းပိုင်းမှာ ဥရောပအနောက်ပိုင်းကို ဖုံးလွှမ်းခဲ့တဲ့ စံချိန်တင်အပူလှိုင်းကြောင့် ဥရောပနိုင်ငံတွေမှာ တစ်ပတ်အတွင်း ပုံမှန်ထက် လူသေဆုံးမှု ၁၀,၆၅၀ ဦးအထိ ရှိခဲ့တယ်လို့ ဥရောပသေဆုံးမှုစောင့်ကြည့်ရေးကွန်ရက် (EUROMOMO) က ထုတ်ပြန်တဲ့…

ဖတ်ရန်