အရေးပေါ်
နိုင်ငံတကာသတင်း

ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက်

၂၀၂၆ ဇူလိုင် ၂၀ Myo Taw
ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက်

ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက်

ဇူလိုင် ၁၉

ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၁ ဦး ပျောက်ဆုံးသွားခဲ့ပြီးနောက် အမေရိကန်က အီရန်နိုင်ငံအပေါ် ရှစ်ညမြောက်အဖြစ် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။

လွန်ခဲ့တဲ့တစ်လက ချုပ်ဆိုထားတဲ့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ပြီးခဲ့တဲ့အပတ်ကပဲ ပျက်ပြားသွားခဲ့တာကြောင့် အမေရိကန်နဲ့ အီရန်ကြား တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီး အလုံးစုံစစ်ပွဲဖြစ်ပွားလာနိုင်ခြေရှိတဲ့အထိ အခြေအနေတွေ တင်းမာနေတာလာည်း ဖြစ်ပါတယ်။

အမေရိကန် စစ်ဌာနချုပ် (Central Command)ကတော့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၆ နာရီမှာ လေကြောင်းတိုက်ခိုက်မှုတွေကို စတင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်သွယ်ရေးသင်္ဘောတွေကို ခြိမ်းခြောက်နေတဲ့ အီရန်ရဲ့ စွမ်းဆောင်ရည်တွေကို လျှော့ချဖို့နဲ့ ဂျော်ဒန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို ချက်ချင်းလက်တုံ့ပြန် အပြစ်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အီရန်ရဲ့ ကမ်းရိုးတန်းစောင့်ကြည့်ရေးနဲ့ လေကြောင်းရန်ကာကွယ်ရေး စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို အောင်မြင်စွာ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ပြီလို့ အမေရိကန်စစ်ဌာနချုပ်က အတည်ပြုထားပါတယ်။

တစ်ဖက်မှာလည်း အီရန်နိုင်ငံတောင်ပိုင်း စီရစ်ခ်မြို့အနီးမှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုခံခဲ့ရပေမယ့် လူထိခိုက်မှုနဲ့ အဆောက်အအုံပျက်စီးမှု မရှိကြောင်း အီရန်ရဲ့ မေဟာသတင်းဌာနက ဖော်ပြခဲ့သလို၊ အီရတ်နယ်စပ်အနီးက ရှာဒီဂန်မြို့အနီးမှာလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ တာ့စ်နင်သတင်းဌာနက ဆိုပါတယ်။

ဒါ့အပြင် ဒါခိုဗင်မှာ တည်ဆောက်ဆဲ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဝင်းအတွင်း အမေရိကန်ရဲ့ တိုက်ခိုက်မှုကို အီရန်နျူကလီးယားစွမ်းအင်အဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပေမယ့် ဘယ်အချိန်မှာ တိုက်ခိုက်ခံရလဲဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားခြင်း မရှိပါဘူး။

အဆိုပါတိုက်ခိုက်မှုတွေကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်ဘက်ကလည်း ဇူလိုင်လ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ ကူဝိတ်နိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့ အယ်လ်အဒီရီ စစ်စခန်းနဲ့ အလီအယ်လ်ဆလမ် လေတပ်စခန်းတွေကို ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ အီရန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ပီရူးမှာ ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရ နိုင်ငံတကာသတင်း

ပီရူးမှာ ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရ

ပီရူးနိုင်ငံရဲ့ တောင်ထူထပ်တဲ့ဒေသမှာ ငလျင် ၂ ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပီရူး…

ဖတ်ရန်
ဥရောပမှာ ဇွန်လနှောင်းပိုင်း အပူလှိုင်းကြောင့် တစ်ပတ်အတွင်း လူပေါင်းတစ်သောင်းကျော် ပိုမိုသေဆုံးခဲ့ နိုင်ငံတကာသတင်း

ဥရောပမှာ ဇွန်လနှောင်းပိုင်း အပူလှိုင်းကြောင့် တစ်ပတ်အတွင်း လူပေါင်းတစ်သောင်းကျော် ပိုမိုသေဆုံးခဲ့

ဇွန်လနှောင်းပိုင်းမှာ ဥရောပအနောက်ပိုင်းကို ဖုံးလွှမ်းခဲ့တဲ့ စံချိန်တင်အပူလှိုင်းကြောင့် ဥရောပနိုင်ငံတွေမှာ တစ်ပတ်အတွင်း ပုံမှန်ထက် လူသေဆုံးမှု ၁၀,၆၅၀ ဦးအထိ ရှိခဲ့တယ်လို့ ဥရောပသေဆုံးမှုစောင့်ကြည့်ရေးကွန်ရက် (EUROMOMO) က ထုတ်ပြန်တဲ့…

ဖတ်ရန်
ကလေးသူငယ်များ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ကန့်သတ်ဖို့ ဥရောပကော်မရှင် ပြင်ဆင်နေ နိုင်ငံတကာသတင်း

ကလေးသူငယ်များ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ကန့်သတ်ဖို့ ဥရောပကော်မရှင် ပြင်ဆင်နေ

ဥရောပသမဂ္ဂ (EU) ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင်အနေနဲ့ ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာ သုံးစွဲခွင့်ကို ကန့်သတ်မယ့် အဆိုပြုချက်တခုကို နွေရာသီအလွန်မှာ တင်သွင်းသွားမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က…

ဖတ်ရန်
နိုင်ငံတကာအခြေအနေ ဘယ်လိုပဲပြောင်းပြောင်း မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရေး မပျက်ပြယ်ဘူးလို့ ရှီကျင့်ဖျင် ပြော နိုင်ငံတကာသတင်း

နိုင်ငံတကာအခြေအနေ ဘယ်လိုပဲပြောင်းပြောင်း မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရေး မပျက်ပြယ်ဘူးလို့ ရှီကျင့်ဖျင် ပြော

နိုင်ငံတကာအခြေအနေ ဘယ်လိုပြောင်းလဲလာပါစေ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ရိုးရာမပျက် မိတ်ဖက်ဆက်ဆံရေးအပေါ် ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ ကတိကဝတ်တွေကတော့ လုံးဝပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုလိုက်ပါတယ်။

ဖတ်ရန်