အရေးပေါ်
မှုခင်းသတင်း

နေပြည်တော် သီရိရတနာ အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တဲ့ တရားခံ ၂ ဦးကို မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်ချမှတ်

၂၀၂၆ ဇူလိုင် ၂၁ Myo Taw
နေပြည်တော် သီရိရတနာ အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တဲ့ တရားခံ ၂ ဦးကို မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်ချမှတ်

နေပြည်တော် သီရိရတနာ အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တဲ့ တရားခံ ၂ ဦးကို မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်ချမှတ်

ဇူလိုင် ၂၁

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာ အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ် လုယက်ခဲ့တဲ့ အမျိုးသား ၂ ဦးကို မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်၊ အလုပ်နဲ့ ထောင်ဒဏ် (၁၀)နှစ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သီရိရတာနာ အဆင့်မြင့်ဈေး ဆိုင်းဘုတ်အနီး သီရီအနော်ရထာ (၁၁)လမ်းမှာ CANDA- 110 ဆိုင်ကယ် စီးနင်းလာတဲ့ အသက် (၂၇)နှစ် အရွယ်ရှိ ကိုကျော်ဝင်းထွန်းကို ကိုကျော်ထက်ဦးနဲ့ ကိုအောင်သူဝင်း (ခ) ကိုသူက တို့က ဓားနဲ့ ထိုးသတ်ကာ ဆိုင်ကယ်လုယက်သွားခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ကယ်လုယက် သတ်ဖြတ်ခံရသူ ကိုကျော်ဝင်းထွန်းဟာ ခန္ဓာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့ပြီး နေပြည်တော် ခုတင်-၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ တရားခံ ကျော်ထက်ဦးနဲ့ အောင်သူဝင်း (ခ) ကိုသူ တို့ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့ပြီး ပျဉ်းမနားခရိုင် တရားရုံးမှာ ရာဇဝတ်ကြီးမှုအမှတ် ၅၆/၂၀၂၅ ဖြင့် တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအမှုဟာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီး တရားခံတွေဖြစ်တဲ့ ကျော်ထက်ဦး နှင့် အောင်သူဝင်း (ခ) ကိုသူ တို့ကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေရန်နှင့် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်တိတိ ကျခံစေရန် ပျဉ်းမနား ခရိုင်တရားရုံးက ဇူလိုင်လ ၂၀ ရက် မနေ့က အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

လင်မယား ၂ ဦး လယ်ထဲက ဆိုင်ကယ်နဲ့ ပြန်လာစဉ် PNO ပြည်သူ့စစ် မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး မှုခင်းသတင်း

လင်မယား ၂ ဦး လယ်ထဲက ဆိုင်ကယ်နဲ့ ပြန်လာစဉ် PNO ပြည်သူ့စစ် မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ PNO ပြည်သူ့စစ်တွေ မောင်းနှင်လာတဲ့ ကားနဲ့ လင်းမယား ၂ ယောက် စီးလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား…

ဖတ်ရန်
သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောကျာ်းကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ မှုခင်းသတင်း

သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောကျာ်းကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်ထဲဝင်ခိုးတဲ့ သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေတာကို ဇနီးဖြစ်သူက သံတုတ်နဲ့ ဝင်ရိုက်ရာက သူခိုးကော ယောကျာ်းဖြစ်သူပါ နှစ်ယောက်စလုံး ၁၀ ချက်စီ ချုပ်လိုက်ရတယ်လို့…

ဖတ်ရန်
Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့် မှုခင်းသတင်း

Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ Non CDM ကျောင်းဆရာမကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက ယောက်ျားဖြစ်သူ ရှေ့မှာတင် လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
နောင်ချိုမြို့နယ်က ခရီးသွားလင်မယားကို အာဏာသိမ်း စစ်တပ်က သံသယနဲ့ဖမ်းဆီးပြီး ရိုက်နှက် လွှတ်လိုက်လို့ ဒဏ်ရာပြင်းထန်ရရှိ မှုခင်းသတင်း

နောင်ချိုမြို့နယ်က ခရီးသွားလင်မယားကို အာဏာသိမ်း စစ်တပ်က သံသယနဲ့ဖမ်းဆီးပြီး ရိုက်နှက် လွှတ်လိုက်လို့ ဒဏ်ရာပြင်းထန်ရရှိ

‎ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးရွာက လင်မယား ၂ ဦးကို အာဏာသိမ်းစစ်တပ်က တော်လှန်ရေးတပ်ဖွဲ့နဲ့ ဆက်နွယ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်