အရေးပေါ်
နိုင်ငံတကာသတင်း

အင်ဒိုနီးရှားမှာ အခမဲ့ကျောင်းနေ့လယ်စာစားပြီး လူ ၂,၀၀၀ ကျော် အစာအဆိပ်သင့်၊ အမြန်စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

၂၀၂၆ စက်တင်ဘာ ၄ Myo Taw
အင်ဒိုနီးရှားမှာ အခမဲ့ကျောင်းနေ့လယ်စာစားပြီး လူ ၂,၀၀၀ ကျော် အစာအဆိပ်သင့်၊ အမြန်စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

အင်ဒိုနီးရှားမှာ အခမဲ့ကျောင်းနေ့လယ်စာစားပြီး လူ ၂,၀၀၀ ကျော် အစာအဆိပ်သင့်၊ အမြန်စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

စက်တင်ဘာ ၄

အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရရဲ့ အခမဲ့ကျောင်းနေ့လယ်စာ ကျွေးမွေးရေးအစီအစဉ်နဲ့ ဆက်စပ်ပြီး အစာအဆိပ်သင့်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ရဲတပ်ဖွဲ့အနေနဲ့ အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံရဲ့ ထိပ်တန်း လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

အဆိုပါအစီအစဉ်ကို အာဟာရချို့တဲ့မှု ပပျောက်ရေးအတွက် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက မနှစ်က စတင်ခဲ့တာဖြစ်ပြီး ကျောင်းသားတွေကို အခမဲ့နေ့လယ်စာ ကျွေးမွေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစီအစဉ်အရ ကျွေးမွေးတဲ့ နေ့လယ်စာတွေ စားသုံးပြီး ဒီတစ်ပတ်အတွင်း ကျောင်းသားနဲ့ ဆရာ၊ ဆရာမ ၂,၀၀၀ ကျော် အစာအဆိပ်သင့်ခဲ့ရပါတယ်။

လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ ကွန်မနက်စ် ဟမ် (Komnas HAM) က အဆိပ်သင့်မှု ဖြစ်ပွားခဲ့တဲ့ အစားအစာချက်ပြုတ်ရေးစင်တာတွေကို ယာယီရပ်ဆိုင်းထားဖို့ အစီအစဉ်ကို ကြီးကြပ်နေတဲ့ အမျိုးသား အာဟာရဆိုင်ရာ အေဂျင်စီကိုလည်း တောင်းဆိုထားပါတယ်။

စက်တင်ဘာ ၃ ရက်မှာ တောင်ဆူလာဝေစီပြည်နယ် တာနာတိုရာဂျာဒေသမှာလည်း အခမဲ့နေ့လယ်စာ စားသုံးပြီး ကျောင်းသားနဲ့ ဆရာ၊ ဆရာမ ၁၇၀ ဝန်းကျင် အဆိပ်သင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမတိုင်ခင် အလယ်ပိုင်းဂျာဗား၊ အရှေ့ဂျာဗားနဲ့ အနောက်ဆူမာတြာပြည်နယ်တွေမှာလည်း အလားတူ အစာအဆိပ်သင့်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁,၇၀၀ ကျော် ဆေးကုသမှုခံယူခဲ့ရပါတယ်။ အရှေ့ဂျာဗားမှာတော့ ကျောင်းသား ၂၅၆ ဦး ထပ်မံအဆိပ်သင့်ခဲ့တယ်လို့ CNN Indonesia က ဖော်ပြပါတယ်။

အင်ဒိုနီးရှား လွှတ်တော်အမတ် ချားလ်စ် ဟိုနိုရစ်က ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေကို ကိုးကားပြီး စက်တင်ဘာ ၁ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူ ၅၀,၀၀၀ ဝန်းကျင် အစာအဆိပ်သင့်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အစာအဆိပ်သင့်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတာနဲ့အတူ အစိုးရရဲ့ အခမဲ့ကျောင်းနေ့လယ်စာ အစီအစဉ်အပေါ် လူထုထောက်ခံမှုလည်း ကျဆင်းလာနေပါတယ်။ ဇူလိုင်လက ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာတော့ အင်ဒိုနီးရှားနိုင်ငံသား သုံးပုံတစ်ပုံခန့်ကသာ အစိုးရရဲ့ အစီအစဉ်အပေါ် ကျေနပ်ကြောင်း ဖြေဆိုထားပါတယ်။

Ref & Photo; Reuters


မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး နိုင်ငံတကာသတင်း

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒေသအများအပြားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်တယ်လို့…

ဖတ်ရန်
သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ နိုင်ငံတကာသတင်း

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

ပေါ်တူဂီဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ် Ballon d’Or ဆုရရှိမှုကို သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင် (Ballon d’Or…

ဖတ်ရန်
စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ နိုင်ငံတကာသတင်း

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

စပိန်နိုင်ငံ အလယ်ပိုင်း တိုလီဒိုပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး…

ဖတ်ရန်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…

ဖတ်ရန်