အရေးပေါ်
နိုင်ငံတကာသတင်း

မြောက်ကိုရီးယားကနေ စစ်သည် ၃၀,၀၀၀ ထပ်မံခေါ်ယူဖို့ ရုရှား ပြင်ဆင်နေ

၂၀၂၆ ဇူလိုင် ၂၇ Myo Taw
မြောက်ကိုရီးယားကနေ စစ်သည် ၃၀,၀၀၀ ထပ်မံခေါ်ယူဖို့ ရုရှား ပြင်ဆင်နေ

မြောက်ကိုရီးယားကနေ စစ်သည် ၃၀,၀၀၀ ထပ်မံခေါ်ယူဖို့ ရုရှား ပြင်ဆင်နေ

ဇူလိုင် ၂၇

၄ နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံဟာ မြောက်ကိုရီးယား စစ်သည်အင်အား ၃၀,၀၀၀ အထိ ထပ်မံဖြည့်တင်း ခေါ်ယူသွားဖို့ စီစဉ်နေပြီး အဆိုပါတပ်ဖွဲ့တွေကို လက်ခံဖို့လည်း ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီး ဇူလိုင်လ ၂၅ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ ချုပ်ဆိုထားတဲ့ ပူးတွဲကာကွယ်ရေး သဘောတူညီချက်အရ ၂၀၂၄ ခုနှစ်တုန်းကလည်း မြောက်ကိုရီးယား စစ်သည်အင်အား ၁၄,၀၀၀ နီးပါးဟာ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသဆီ စေလွှတ်ခြင်းခံခဲ့ရပြီး ယူကရိန်းတပ်ဖွဲ့တွေရဲ့ အဓိကထိုးစစ်ကို တွန်းလှန်ရာမှာ ပါဝင်ကူညီခဲ့ကြပါသေးတယ်။

“ကျနော်တို့အနေနဲ့ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တွေ့မြင်နေရပါတယ်။ ရုရှားဟာ နောက်ထပ် မြောက်ကိုရီးယား စစ်သည် ၃၀,၀၀၀ ကို ခေါ်ယူချင်နေတာဖြစ်ပြီး အဲဒီတပ်ဖွဲ့တွေကို လက်ခံဖို့အတွက် ဇွန်လကတည်းက ရုရှားနိုင်ငံ ဗိုရိုနက်ရှ် ဒေသမှာ ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေတာကို တွေ့ရပါတယ်" လို့ ဇီလန်စကီးက ညစဉ်ပြောကြားနေကျ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဘက်ကလည်း ရုရှားအတွက် ပဲ့ထိန်းဒုံးကျည် လွှတ်တင်စင်အသစ်တွေ ပံ့ပိုးပေးဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

“ဒီလုပ်ရပ်ဟာ ယူကရိန်းနိုင်ငံ တစ်ခုတည်းအတွက်တင် ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ ရုရှားဟာ မြောက်ကိုရီးယားကို စစ်တိုက်နည်း သင်ပေးနေတာဖြစ်သလို၊ လက်နက်စွမ်းရည် တိုးတက်စေဖို့နဲ့ တကယ့်စစ်မြေပြင် အတွေ့အကြုံတွေ ရရှိအောင် ကူညီပေးနေတာပါ။ ဒါတွေဟာ မြောက်ကိုရီးယား ဒုံးကျည် လက်လှမ်းမီတဲ့ အာရှဒေသတွင်း နိုင်ငံတိုင်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာနေတယ်” လို့ ယူကရိန်းသမ္မတက သတိပေး ပြောဆိုထားပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဘေးကင်းမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပတွေ ရောင်းချမှုအတွက် AliExpress ကို ဥရောပသမဂ္ဂက ယူရို သန်း ၅၅၀ စံချိန်တင် ဒဏ်ရိုက် နိုင်ငံတကာသတင်း

ဘေးကင်းမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပတွေ ရောင်းချမှုအတွက် AliExpress ကို ဥရောပသမဂ္ဂက ယူရို သန်း ၅၅၀ စံချိန်တင် ဒဏ်ရိုက်

ဘေးကင်းလုံခြုံမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပ ကုန်ပစ္စည်းတွေ ရောင်းချနေတာကို ထိထိရောက်ရောက် တားဆီးဖို့ ပျက်ကွက်ခဲ့တာကြောင့် တရုတ်အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ AliExpress ကို ဥရောပကော်မရှင် (European Commission) က…

ဖတ်ရန်
နယူးယောက်က အထက်တန်းကျောင်းမှာ AI နဲ့ လူတူစက်ရုပ် စမ်းသပ်အသုံးပြုမယ့် အစီအစဉ် အပြင်းအထန် ဝေဖန်ခံနေရ နိုင်ငံတကာသတင်း

နယူးယောက်က အထက်တန်းကျောင်းမှာ AI နဲ့ လူတူစက်ရုပ် စမ်းသပ်အသုံးပြုမယ့် အစီအစဉ် အပြင်းအထန် ဝေဖန်ခံနေရ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ ဆာလမန်ကာ (Salamanca) အထက်တန်းကျောင်းမှာ လူတူစက်ရုပ်(Humanoid Robot)နဲ့ AI သင်ကြားရေးအကူစနစ်ကို ၂၀၂၆ ခုနှစ် ဆောင်းဦးရာသီကစပြီး စမ်းသပ်အသုံးပြုမယ့် အစီအစဉ်အပေါ် ဆရာ၊…

ဖတ်ရန်
ပြင်သစ်နဲ့ စပိန်တောင်ပိုင်း တောမီးကြောင့် လူပေါင်း ၂ သိန်းခွဲကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး သက်ကြီးပိုင်း အမျိုးသား ၁ ဦး သေဆုံး နိုင်ငံတကာသတင်း

ပြင်သစ်နဲ့ စပိန်တောင်ပိုင်း တောမီးကြောင့် လူပေါင်း ၂ သိန်းခွဲကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး သက်ကြီးပိုင်း အမျိုးသား ၁ ဦး သေဆုံး

ပြင်သစ်နိုင်ငံ အနောက်တောင်ဘက် ကမ်းရိုးတန်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေဟာ ဇူလိုင် ၂၅ ရက်နေ့မှာတော့ ဗောဒိုးမြို့တွင်းဘက်ကို ဦးတည်ကူးစက်လာတာကြောင့် မြို့ဆင်ခြေဖုံးက ဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရသလို၊…

ဖတ်ရန်
အိန္ဒိယပညာရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်၊ ပိုးဟပ်တွေ အောင်ပွဲခံ နိုင်ငံတကာသတင်း

အိန္ဒိယပညာရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်၊ ပိုးဟပ်တွေ အောင်ပွဲခံ

အိန္ဒိယနိုင်ငံမှာ ဆေးတက္ကသိုလ်ဝင်ခွင့် အပါအဝင် အစိုးရဝန်ထမ်း စာမေးပွဲ မေးခွန်းတွေ ပေါက်ကြားခဲ့မှုကြောင့် ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခံထားရတဲ့ ပညာရေးဝန်ကြီး ဓါမန်ဒရာ ပရာဒန် ဟာ ဒီကနေ့…

ဖတ်ရန်