အရေးပေါ်
နိုင်ငံတကာသတင်း

သေဆုံးသူ ၁၆ ဦးထိ ရှိလာတဲ့ အပူလှိုင်းကြောင့် ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ဖို့ တောင်ကိုရီးယားသမ္မတ တိုက်တွန်း

၂၀၂၆ သြဂုတ် ၄ Myo Taw

ဩဂုတ် ၄

တောင်ကိုရီးယားနိုင်ငံမှာ စံချိန်တင် အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၁၆ ဦးအထိ ရှိလာတဲ့အတွက် အပူဒဏ်ခံနေရသူတွေကို ကူညီထောက်ပံ့မှုတွေ ပိုမိုတိုးမြှင့်ပေးဖို့ သမ္မတ လီဂျေးမြောင် က အာဏာပိုင်တွေကို ဩဂုတ် ၄ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့နဲ့ လေအေးပေးစက် အသုံးပြုမှု မြင့်တက်လာတာကြောင့် လျှပ်စစ်ဓာတ်အားစနစ် ပေးဝေမှုကိုလည်း သေချာစစ်ဆေးကြဖို့ သမ္မတ လီဂျေးမြောင်က အစိုးရအဖွဲ့ အစည်းအဝေးပွဲမှာ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။

“အခုလို ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေဟာ ပုံမှန်လို ဖြစ်လာနေတဲ့အတွက် အမျိုးသားအဆင့် အကျပ်အတည်း စီမံခန့်ခွဲမှုစနစ်တစ်ခုလုံးကို အခြေခံကစပြီး ပြန်ပြင်ဆင်ဖွဲ့စည်းဖို့ လိုအပ်တယ်” လို့ တောင်ကိုရီးယားသမ္မတက ဆိုပါတယ်။

တောင်ကိုရီးယား မိုးလေဝသဌာနရဲ့ အဆိုအရ နိုင်ငံအရှေ့တောင်ပိုင်း ကုန်းတွင်းပိုင်းမှာရှိတဲ့ ယန်းဆန်း မြို့မှာ ဩဂုတ် ၂ ရက်နေ့က အပူချိန် ၄၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၈ ဒသမ ၅ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး နှစ်ပေါင်း ၁၂၂ နှစ်အတွင်း တိုင်းတာမှတ်တမ်းတင်ခဲ့သမျှထဲမှာ အမြင့်ဆုံးအပူချိန် ဖြစ်လာပါတယ်။

ဒါ့အပြင် တောင်ကိုရီးယား မိုးလေဝသဌာနဟာ ဩဂုတ် ၃ ရက်နေ့မှာ မြို့တော် ဆိုးလ်ရဲ့ အချို့ဒေသတွေနဲ့ အနီးအနားက ဂျောင်ဂီပြည်နယ်အတွက် ပထမဆုံးအကြိမ် အပူလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် ဩဂုတ် ၄ ရက်နေ့မှာတော့ မြို့တော်ဆိုးလ်တစ်မြို့လုံးအထိ အပူလှိုင်း သတိပေးချက် တိုးမြှင့် ထုတ်ပြန်ထားပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

နိုင်ငံပေါင်း ၅၀ က B1/B2 ဗီဇာ လျှောက်ထားလိုသူတွေအနေနဲ့ ဒေါ်လာ ၂ သောင်းအထိ အာမခံကြေးပေးဆောင်ရမယ့် အစီအစဉ်ကို အမေရိကန် အတည်ပြု နိုင်ငံတကာသတင်း

နိုင်ငံပေါင်း ၅၀ က B1/B2 ဗီဇာ လျှောက်ထားလိုသူတွေအနေနဲ့ ဒေါ်လာ ၂ သောင်းအထိ အာမခံကြေးပေးဆောင်ရမယ့် အစီအစဉ်ကို အမေရိကန် အတည်ပြု

အာဖရိကနိုင်ငံ အများစုအပါအဝင် နိုင်ငံပေါင်း ၅၀ က ဗီဇာလျှောက်ထားသူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုကို သွားရောက်ဖို့ အတွက် စီးပွားရေးနဲ့ အလည်အပတ် B1/B2 ဗီဇာ လျှောက်ထားတဲ့အခါ အမေရိကန်ဒေါ်လာ…

ဖတ်ရန်
NATO ရဲ့ စစ်ဘက်သုံးလောင်စာစီမံကိန်းဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ကြောင်း မြောက်ကိုရီးယား စွပ်စွဲ နိုင်ငံတကာသတင်း

NATO ရဲ့ စစ်ဘက်သုံးလောင်စာစီမံကိန်းဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ကြောင်း မြောက်ကိုရီးယား စွပ်စွဲ

ဥရောပတစ်ခွင် စစ်ရေးဆိုင်ရာ လောင်စာဆီ အခြေခံအဆောက်အအုံတွေ တိုးချဲ့တည်ဆောက်နေတာဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး NATO အဖွဲ့ဟာ စစ်ကို ပိုမိုလိုလားတဲ့ အုပ်စုတစ်ခု ဖြစ်လာနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြစ်တင်လိုက်ပါတယ်။

ဖတ်ရန်
၆ ရက်ကြာ ပျောက်ဆုံးနေတဲ့ ရုရှားမော်ဒယ်ကို ခရီးဆောင်အိတ်ထဲ ထည့်ကာ ရေမြောင်းထဲ စွန့်ပစ်ထားတဲ့ ရုပ်အလောင်းအဖြစ် ပြန်တွေ့ နိုင်ငံတကာသတင်း

၆ ရက်ကြာ ပျောက်ဆုံးနေတဲ့ ရုရှားမော်ဒယ်ကို ခရီးဆောင်အိတ်ထဲ ထည့်ကာ ရေမြောင်းထဲ စွန့်ပစ်ထားတဲ့ ရုပ်အလောင်းအဖြစ် ပြန်တွေ့

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့ကို အပန်းဖြေခရီးအဖြစ် ရောက်ရှိလာပြီးနောက် ၆ ရက်ကြာ ပျောက်ဆုံးနေတဲ့ Body Art မော်ဒယ်တဦးကို ခရီးဆောင်အိတ်ထဲ ထည့်ထားကာ ရေမြောင်းအတွင်း စွန့်ပစ်ထားတဲ့ ရုပ်အလောင်းအဖြစ်…