အရေးပေါ်
နိုင်ငံတကာသတင်း

‘Spider-Man: Brand New Day’ ရုပ်ရှင်ရုံဝင်ငွေ ထိပ်ဆုံးမှာ ၆ ပတ်ဆက်တိုက် ရပ်တည်

၂၀၂၆ စက်တင်ဘာ ၇ Myo Taw
‘Spider-Man: Brand New Day’ ရုပ်ရှင်ရုံဝင်ငွေ ထိပ်ဆုံးမှာ ၆ ပတ်ဆက်တိုက် ရပ်တည်

‘Spider-Man: Brand New Day’ ရုပ်ရှင်ရုံဝင်ငွေ ထိပ်ဆုံးမှာ ၆ ပတ်ဆက်တိုက် ရပ်တည်

စက်တင်ဘာ ၇

“Spider-Man: Brand New Day” ဇာတ်ကားဟာ အမေရိကန်နဲ့ ကနေဒါ ရုပ်ရှင်ရုံဈေးကွက်မှာ ဝင်ငွေအမြင့်ဆုံးနေရာကို ၆ ပတ်ဆက်တိုက် ရယူနိုင်ခဲ့ပြီး ဒီဆယ်စုနှစ်အတွင်း အခုလို အောင်မြင်မှုရတဲ့ ဒုတိယမြောက်ဇာတ်ကား ဖြစ်လာပါတယ်။

ဆိုနီ (Sony) ထုတ်လုပ်တဲ့ ဒီဇာတ်ကားဟာ အခုသီတင်းပတ်ကုန်မှာ အမေရိကန်ပြည်တွင်း ဝင်ငွေ ဒေါ်လာ ၁၈ သန်း ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း စုစုပေါင်းဝင်ငွေကတော့ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရှိလာပါတယ်။

ဒုတိယနေရာမှာတော့ ခရစ္စတိုဖာ နိုလန် (Christopher Nolan) ရိုက်ကူးတဲ့ “The Odyssey” က ရပ်တည်နေပြီး အမေရိကန်ပြည်တွင်း ဝင်ငွေ ဒေါ်လာ ၁၃ သန်း၊ ကမ္ဘာတစ်ဝန်း စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၆၃ ဘီလီယံ ရရှိထားပါတယ်။

ဒီဇာတ်ကားနှစ်ကားရဲ့ အောင်မြင်မှုအပါအဝင် ဒီနှစ်နွေရာသီ ဟောလိဝုဒ်ရုပ်ရှင်ဈေးကွက်ဟာ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း အကောင်းဆုံးအခြေအနေကို ရောက်ရှိလာပါတယ်။

ဩဂုတ် ၃၁ ရက်နေ့အထိ အမေရိကန်ပြည်တွင်း နွေရာသီကာလ ရုပ်ရှင်ရုံဝင်ငွေဟာ ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ရှိပြီး ၂၀၂၅ ခုနှစ်ထက် ၂၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ Labor Day အားလပ်ရက်ကာလအထိဆိုရင် ဒေါ်လာ ၄ ဒသမ ၇၅၉ ဘီလီယံအထိ ရောက်နိုင်တယ်လို့ Rentrak က ခန့်မှန်းထားပါတယ်။

Ref & Photo; AP

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး နိုင်ငံတကာသတင်း

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒေသအများအပြားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်တယ်လို့…

ဖတ်ရန်
သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ နိုင်ငံတကာသတင်း

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

ပေါ်တူဂီဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ် Ballon d’Or ဆုရရှိမှုကို သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင် (Ballon d’Or…

ဖတ်ရန်
စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ နိုင်ငံတကာသတင်း

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

စပိန်နိုင်ငံ အလယ်ပိုင်း တိုလီဒိုပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး…

ဖတ်ရန်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…

ဖတ်ရန်