အရေးပေါ်
နိုင်ငံတကာသတင်း

ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

၂၀၂၆ စက်တင်ဘာ ၂၅ Myo Taw
ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

စက်တင်ဘာ ၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဝါရှင်တန်မှာ တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်အနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ကို လိုက်နာဖို့ တိုက်တွန်းခဲ့တဲ့အပေါ် ထိုင်ဝမ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ရှီကျင့်ဖျင်က တရုတ်နိုင်ငံရဲ့ “တစ်နိုင်ငံတည်း ပြန်လည်ပေါင်းစည်းရေး” ရပ်တည်ချက်ကို ထောက်ခံဖို့နဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ဖို့ အမေရိကန်ဘက်က “မှန်ကန်တဲ့ ရပ်တည်ချက်” ကို လိုက်နာသင့်တယ်လို့ ပြောဆိုခဲ့တာပါ။

ဒါဟာ အမေရိကန်ရဲ့ နှစ်ပေါင်းများစွာ အသုံးပြုလာတဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို “မထောက်ခံဘူး” ဆိုတဲ့ မူဝါဒရပ်တည်ချက်ထက် ပိုမိုတင်းကျပ်တဲ့ အသုံးအနှုန်းလည်း ဖြစ်လာစေပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရှီကျင့်ဖျင်ရဲ့ ပြောဆိုချက်ဟာ အချက်အလက်တွေကို လွဲမှားဖော်ပြပြီး တရုတ်ဘက်ရဲ့ ရပ်တည်ချက်နဲ့ တောင်းဆိုချက်တွေကို တစ်ဖက်သတ် ထုတ်ဖော်ပြောဆိုတာသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

ဒါ့အပြင် ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာနဲ့ အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေက ဒီမိုကရေစီနည်းလမ်းနဲ့သာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြတ်ပြတ်သားသား
တုံ့ပြန်ပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့ အဓိက မဟာမိတ်နဲ့ လက်နက်ထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ ထရမ့်အနေနဲ့ တရုတ်နဲ့ စီးပွားရေးအရ အပေးအယူလုပ်ဖို့ ထိုင်ဝမ်အရေးမှာ ရပ်တည်ချက် လျှော့ပေါ့ပေးသွားမလားဆိုပြီး မဟာမိတ်နိုင်ငံတွေအကြား စိုးရိမ်မှုတွေလည်း ရှိနေတာပါ။

လေ့လာသူတွေကတော့ ရှီကျင့်ဖျင်ရဲ့ တောင်းဆိုချက်ကို ထရမ့်အစိုးရက လက်ခံမယ့် အရိပ်အယောင် လတ်တလော မတွေ့ရသေးပေမဲ့ အမေရိကန်ရဲ့ ထိုင်ဝမ်အပေါ် ရပ်တည်ချက်မှာ စကားလုံးအသုံးအနှုန်း ပြောင်းလဲမှုကပင် အမေရိကန်က ထိုင်ဝမ်ကို အရေးပေါ်အခြေအနေမှာ ကူညီမလားဆိုတဲ့ မသေချာမရေရာမှုကို ပိုမိုသက်ရောက်စေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ထိုင်ဝမ်ဘက်ကတော့ တရုတ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ ပြောဆိုထားပြီး အမေရိကန်အပြင် အခြားမိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းကာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆက်လက်ကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဆန္ဒပြ ပြည်တွင်းသတင်း

ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ကို ဟောင်ကောင်၊ တိဘက်၊ ဝီဂါ၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား အရှေ့တာကစ်စတန် (East Turkestan)…

ဖတ်ရန်
ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေး ဝိန်းစတိန်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ နိုင်ငံတကာသတင်း

ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေး ဝိန်းစတိန်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေး ဝိန်းစတိန်းကို ၂၀၀၆ ခုနှစ်က ရုပ်ရှင်ထုတ်လုပ်ရေးလက်ထောက်ဟောင်း မီရိယမ် ဟေလီ ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုအတွက် နယူးယောက်တရားရုံးက စက်တင်ဘာ…

ဖတ်ရန်
မြောက်ကိုရီးယားက သုံးနာရီအတွင်း ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ် နိုင်ငံတကာသတင်း

မြောက်ကိုရီးယားက သုံးနာရီအတွင်း ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်

မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းကနေ သုံးနာရီအတွင်း ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည် ၂ စင်းကို စက်တင်ဘာလ ၂၀ ရက်နေ့က ဆက်တိုက် ပစ်လွှတ်စမ်းသပ်လိုက်ပါတယ်။

ဖတ်ရန်
ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ကုလသမဂ္ဂမှာ ဆက်လက်ရှိနေမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို နိုင်ငံတကာသတင်း

ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ကုလသမဂ္ဂမှာ ဆက်လက်ရှိနေမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ရုံးချုပ်အနီးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် ထောက်ခံချီတက်ဆန္ဒဖော်ထုတ်ပွဲကို စက်တင်ဘာလ ၁၉ ရက်က…

ဖတ်ရန်