အရေးပေါ်
နိုင်ငံတကာသတင်း

ထရမ့်အစိုးရက Huawei ကို ယှဉ်ပြိုင်ဖို့ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၁၁ Myo Taw
ထရမ့်အစိုးရက Huawei ကို ယှဉ်ပြိုင်ဖို့ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ဆို

ထရမ့်အစိုးရက Huawei ကို ယှဉ်ပြိုင်ဖို့ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ဆို

စက်တင်ဘာ ၁၁

အာဖရိကမှာ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ရဲ့ တိုးချဲ့လာမှုကို တုံ့ပြန်ဖို့ ဒေါ်နယ်ထရမ့်အစိုးရက အမေရိကန်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ Reuters က ဖော်ပြပါတယ်။

အမေရိကန် ပို့ကုန်-သွင်းကုန်ဘဏ် (EXIM) က ထုတ်ပေးမယ့် ချေးငွေကို Africell က အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ထုတ်လုပ်တဲ့ နောက်ဆုံးပေါ် မိုဘိုင်းကွန်ရက်နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အသုံးပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Africell ရဲ့ အမှုဆောင်အရာရှိချုပ်ကလည်း အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက နည်းပညာတွေကို အသုံးပြုပြီး ယုံကြည်စိတ်ချရပြီး လုံခြုံတဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံတွေ တည်ဆောက်သွားမယ်လို့ ပြောဆိုထားပါတယ်။

ထရမ့်အစိုးရဟာ ပထမသမ္မတသက်တမ်းကတည်းက တရုတ်ဆက်သွယ်ရေးနည်းပညာတွေကို ကန့်သတ်ဖယ်ရှားဖို့ “Clean Network” အစီအစဉ်ကို လုပ်ဆောင်ခဲ့ပြီး ယခု ဒုတိယသမ္မတသက်တမ်းမှာလည်း အလားတူ မူဝါဒတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို သူလျှိုလုပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေကြောင့် တရုတ်ပိုင် Huawei ကုမ္ပဏီအပေါ် အမေရိကန်အစိုးရက ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေလည်း ချမှတ်ထားပါတယ်။ Huawei ဘက်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

၂၀၀၁ ခုနှစ်က တည်ထောင်ခဲ့တဲ့ Africell ဟာ လက်ရှိ အန်ဂိုလာ၊ ဂမ်ဘီယာ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ဆီယာရာလီယွန်နိုင်ငံတွေမှာ သုံးစွဲသူ ၁၅ သန်းခန့်ကို ဝန်ဆောင်မှုပေးနေပါတယ်။

Africell ဟာ ၂၀၁၈ ခုနှစ်ကလည်း အမေရိကန်အစိုးရထံက ဆက်သွယ်ရေးအခြေခံအဆောက်အအုံတွေ တိုးချဲ့ဖို့ ဒေါ်လာ သန်း ၁၀၀ ချေးငွေ ရရှိခဲ့ဖူးပါတယ်။

Counterpoint Research အဆိုအရ Huawei ဟာ အာဖရိကရဲ့ 5G အခြေခံအဆောက်အအုံဈေးကွက်မှာ ၅၂ ရာခိုင်နှုန်းခန့် ရှယ်ယာရရှိထားတယ်လို့ ဆိုပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး နိုင်ငံတကာသတင်း

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒေသအများအပြားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်တယ်လို့…

ဖတ်ရန်
သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ နိုင်ငံတကာသတင်း

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

ပေါ်တူဂီဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ် Ballon d’Or ဆုရရှိမှုကို သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင် (Ballon d’Or…

ဖတ်ရန်
စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ နိုင်ငံတကာသတင်း

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

စပိန်နိုင်ငံ အလယ်ပိုင်း တိုလီဒိုပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး…

ဖတ်ရန်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…

ဖတ်ရန်