အရေးပေါ်
နိုင်ငံတကာသတင်း

ထရမ့်အစိုးရက Huawei ကို ယှဉ်ပြိုင်ဖို့ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၁၁ Myo Taw
ထရမ့်အစိုးရက Huawei ကို ယှဉ်ပြိုင်ဖို့ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ဆို

ထရမ့်အစိုးရက Huawei ကို ယှဉ်ပြိုင်ဖို့ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ဆို

စက်တင်ဘာ ၁၁

အာဖရိကမှာ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ရဲ့ တိုးချဲ့လာမှုကို တုံ့ပြန်ဖို့ ဒေါ်နယ်ထရမ့်အစိုးရက အမေရိကန်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ Reuters က ဖော်ပြပါတယ်။

အမေရိကန် ပို့ကုန်-သွင်းကုန်ဘဏ် (EXIM) က ထုတ်ပေးမယ့် ချေးငွေကို Africell က အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ထုတ်လုပ်တဲ့ နောက်ဆုံးပေါ် မိုဘိုင်းကွန်ရက်နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အသုံးပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Africell ရဲ့ အမှုဆောင်အရာရှိချုပ်ကလည်း အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက နည်းပညာတွေကို အသုံးပြုပြီး ယုံကြည်စိတ်ချရပြီး လုံခြုံတဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံတွေ တည်ဆောက်သွားမယ်လို့ ပြောဆိုထားပါတယ်။

ထရမ့်အစိုးရဟာ ပထမသမ္မတသက်တမ်းကတည်းက တရုတ်ဆက်သွယ်ရေးနည်းပညာတွေကို ကန့်သတ်ဖယ်ရှားဖို့ “Clean Network” အစီအစဉ်ကို လုပ်ဆောင်ခဲ့ပြီး ယခု ဒုတိယသမ္မတသက်တမ်းမှာလည်း အလားတူ မူဝါဒတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို သူလျှိုလုပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေကြောင့် တရုတ်ပိုင် Huawei ကုမ္ပဏီအပေါ် အမေရိကန်အစိုးရက ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေလည်း ချမှတ်ထားပါတယ်။ Huawei ဘက်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

၂၀၀၁ ခုနှစ်က တည်ထောင်ခဲ့တဲ့ Africell ဟာ လက်ရှိ အန်ဂိုလာ၊ ဂမ်ဘီယာ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ဆီယာရာလီယွန်နိုင်ငံတွေမှာ သုံးစွဲသူ ၁၅ သန်းခန့်ကို ဝန်ဆောင်မှုပေးနေပါတယ်။

Africell ဟာ ၂၀၁၈ ခုနှစ်ကလည်း အမေရိကန်အစိုးရထံက ဆက်သွယ်ရေးအခြေခံအဆောက်အအုံတွေ တိုးချဲ့ဖို့ ဒေါ်လာ သန်း ၁၀၀ ချေးငွေ ရရှိခဲ့ဖူးပါတယ်။

Counterpoint Research အဆိုအရ Huawei ဟာ အာဖရိကရဲ့ 5G အခြေခံအဆောက်အအုံဈေးကွက်မှာ ၅၂ ရာခိုင်နှုန်းခန့် ရှယ်ယာရရှိထားတယ်လို့ ဆိုပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

အီရန်နျူကလီးယားအရေး အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် IAEA တင်ပြ၊ တရုတ်နဲ့ ရုရှား ကန့်ကွက် နိုင်ငံတကာသတင်း

အီရန်နျူကလီးယားအရေး အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် IAEA တင်ပြ၊ တရုတ်နဲ့ ရုရှား ကန့်ကွက်

ကြေညာထားခြင်းမရှိတဲ့ နေရာတွေမှာ ယူရေနီယမ် အကြွင်းအကျန်တွေ တွေ့ရှိခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အီရန်ဘက်က စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA)…

ဖတ်ရန်
မြောက်ကိုရီးယားနဲ့ ရုရှားကြား ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်ဖြစ်လာမယ့် ကားလမ်းတံတား ဖွင့်လှစ် နိုင်ငံတကာသတင်း

မြောက်ကိုရီးယားနဲ့ ရုရှားကြား ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်ဖြစ်လာမယ့် ကားလမ်းတံတား ဖွင့်လှစ်

မြောက်ကိုရီးယားနဲ့ ရုရှားဟာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာမှုကို ပြသတဲ့အနေနဲ့ တူမန်မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ပထမဆုံး ကားလမ်းတံတားကို စက်တင်ဘာ ၇ ရက်က တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။

ဖတ်ရန်
‘Spider-Man: Brand New Day’ ရုပ်ရှင်ရုံဝင်ငွေ ထိပ်ဆုံးမှာ ၆ ပတ်ဆက်တိုက် ရပ်တည် နိုင်ငံတကာသတင်း

‘Spider-Man: Brand New Day’ ရုပ်ရှင်ရုံဝင်ငွေ ထိပ်ဆုံးမှာ ၆ ပတ်ဆက်တိုက် ရပ်တည်

“Spider-Man: Brand New Day” ဇာတ်ကားဟာ အမေရိကန်နဲ့ ကနေဒါ ရုပ်ရှင်ရုံဈေးကွက်မှာ ဝင်ငွေအမြင့်ဆုံးနေရာကို ၆ ပတ်ဆက်တိုက် ရယူနိုင်ခဲ့ပြီး ဒီဆယ်စုနှစ်အတွင်း အခုလို…

ဖတ်ရန်