အရေးပေါ်
နိုင်ငံတကာသတင်း

ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် အနိုင်ရရင် အရွယ်ရောက်ပြီးသူ အမေရိကန်တိုင်းကို ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့ ထရမ့်ပြော

၂၀၂၆ စက်တင်ဘာ ၁၀ Myo Taw
ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် အနိုင်ရရင် အရွယ်ရောက်ပြီးသူ အမေရိကန်တိုင်းကို ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့ ထရမ့်ပြော

ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် အနိုင်ရရင် အရွယ်ရောက်ပြီးသူ အမေရိကန်တိုင်းကို ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့ ထရမ့်ပြော

စက်တင်ဘာ ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမယ့်နိုဝင်ဘာ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက အနိုင်ရပြီး လွှတ်တော်ကို ဆက်လက်ထိန်းထားချုပ်နိုင်ရင် အရွယ်ရောက်ပြီးတဲ့ အမေရိကန်တိုင်းကို ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါလက်စ်မြို့မှာ စက်တင်ဘာ ၉ ရက်နေ့ကစတင် ကျင်းပနေတဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ညီလာခံမှာ ထရမ့်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်မှာ အရွယ်ရောက်ပြီးသူ သန်း ၂၇၀ ခန့်ရှိတာကြောင့် အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်မယ်ဆိုရင် ကုန်ကျစရိတ် ဒေါ်လာ ၁ ဒသမ ၃၅ ထရီလီယံခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ငွေကြေးကို ဘယ်လိုပေးမလဲဆိုတာနဲ့ ဥပဒေအရ ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိဆိုတာကိုတော့ ထရမ့်က အသေးစိတ်ပြောဆိုခြင်း မရှိသေးပါဘူး။

ထရမ့်က ရွေးကောက်ပွဲမတိုင်မီ ၈ ပတ်အတွင်း အရေးကြီးတဲ့ ပြည်နယ်နဲ့ မဲဆန္ဒနယ်တွေကို သွားရောက်မဲဆွယ်မယ်လို့ ပြောဆိုထားပြီး သူ့ကို မဲစာရင်းထဲမှာ ပါဝင်တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးလို သဘောထားပြီး မဲပေးကြဖို့လည်း ထောက်ခံသူတွေကို တိုက်တွန်းထားပါတယ်။

ရီပတ်ဘလစ်ကန်ပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ညီလာခံကို ဒါလတ်စ်မြို့မှာ ၂ ရက်ကြာ ကျင်းပတဲ့ နေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) ရဲ့ အဓိကမိန့်ခွန်းအပြီးမှာ ထရမ့်က နိဂုံးချုပ်အမှာစကား ပြောကြားဖို့ ရှိနေပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး နိုင်ငံတကာသတင်း

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒေသအများအပြားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်တယ်လို့…

ဖတ်ရန်
သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ နိုင်ငံတကာသတင်း

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

ပေါ်တူဂီဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ် Ballon d’Or ဆုရရှိမှုကို သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင် (Ballon d’Or…

ဖတ်ရန်
စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ နိုင်ငံတကာသတင်း

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

စပိန်နိုင်ငံ အလယ်ပိုင်း တိုလီဒိုပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး…

ဖတ်ရန်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…

ဖတ်ရန်