အရေးပေါ်
နိုင်ငံတကာသတင်း

နိုဘယ်ငြိမ်းချမ်းရေးဆု ရထိုက်ပေမဲ့ သူ့ကို ပေးမယ်လို့တော့ မထင်ဘူးလို့ ထရမ့် ပြော

၂၀၂၆ အောက်တိုဘာ ၈ Myo Taw
နိုဘယ်ငြိမ်းချမ်းရေးဆု ရထိုက်ပေမဲ့ သူ့ကို ပေးမယ်လို့တော့ မထင်ဘူးလို့ ထရမ့် ပြော

နိုဘယ်ငြိမ်းချမ်းရေးဆု ရထိုက်ပေမဲ့ သူ့ကို ပေးမယ်လို့တော့ မထင်ဘူးလို့ ထရမ့် ပြော

အောက်တိုဘာ ၈

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ ထိုက်တန်သူတစ်ဦး ဖြစ်ပေမဲ့ ဒီဆုကို အမှန်တကယ် ရ၊ မရ ဆိုတာကတော့ သံသယရှိနေဆဲပဲလို့ အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့မှာ နော်ဝေ နိုဘယ်ကော်မတီက ၂၀၂၆ ခုနှစ်အတွက် ဆုရရှိသူကို တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။

ဒီအပေါ်မှာ သမ္မတ ထရမ့်က “သူတို့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့က ကျွန်တော့်လို လူမျိုးတွေကို ဆုပေးလေ့မရှိဘူးလို့ နာမည်ထွက်နေတာပဲလေ” လို့ အိမ်ဖြူတော် သမ္မတရုံးခန်းမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာချိန်ကတည်းက ကမ္ဘာ့အထင်ကရအရှိဆုံးဖြစ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို သူရသင့်တယ်လို့ ထရမ့်က အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက အမေရိကန်ရဲ့ ထောက်ခံမှု ရရှိဖို့ ကြိုးပမ်းတဲ့အနေနဲ့ သူမရဲ့ ၂၀၂၅ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုတံဆိပ်ကို ထရမ့်ဆီ လက်လွှဲပေးအပ်ခဲ့တာကြောင့် သွယ်ဝိုက်တဲ့နည်းနဲ့ ဒီဆုကို ဂုဏ်ယူစွာ လက်ခံရရှိခဲ့ဖူးတယ်လို့လည်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သမ္မတတာဝန် စတင်ယူခဲ့တဲ့ ဇန်နဝါရီလကစပြီး ပဋိပက္ခပေါင်း ၈ ခုကို ဝင်ရောက်ဖြေရှင်းပေးခဲ့တာကြောင့် အခုဆုကို ရသင့်တယ်လို့ ထရမ့်က ပြောဆိုထားသလို ကမ္ဘောဒီးယား၊ အစ္စရေးနဲ့ ပါကစ္စတန် ခေါင်းဆောင်တွေကလည်း သူ့ကို ဆုအတွက် အမည်စာရင်းတင်သွင်းထားတယ်လို့ ပြောဆိုထားကြပေမဲ့ ဒါကို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

တစ်ဖက်မှာလည်း သမ္မတ ထရမ့် ဝင်ရောက်စေ့စပ်ပေးခဲ့တယ်လို့ ပြောဆိုထားတဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) နဲ့ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသ အပါအဝင် နေရာတချို့မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အမေရိကန်ရဲ့ သံတမန်ရေးအခန်းကဏ္ဍအပေါ် သဘောထားကွဲလွဲနေကြပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ် သမ္မတသက်တမ်း စတင်တဲ့နေ့မှာပဲ အဆုံးသတ်ပေးမယ်လို့ ကတိပြုခဲ့တဲ့ ယူကရိန်း-ရုရှား စစ်ပွဲကိုလည်း အခုအချိန်အထိ ငြိမ်းချမ်းရေးရအောင် မစွမ်းဆောင်နိုင်သေးပါဘူး။

ဒီနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ပုပ်ရဟန်းမင်းကြီး လီယို၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) နဲ့ ပါလက်စတိုင်းနယ်မြေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့က ဆုရရှိဖို့ ရေပန်းအစားဆုံး စာရင်းမှာ ပါဝင်နေပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ထိုင်ဝမ်အရေး တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ရှိ၊ မရှိ အမေရိကန်ကို မြောက်ကိုရီးယား မေးခွန်းထုတ် နိုင်ငံတကာသတင်း

ထိုင်ဝမ်အရေး တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ရှိ၊ မရှိ အမေရိကန်ကို မြောက်ကိုရီးယား မေးခွန်းထုတ်

အမေရိကန်က ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချပေးနေတာနဲ့ စစ်ရေးအရ အကူအညီပေးနေတာတွေဟာ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးတင်းမာမှုကို ပိုမိုဆိုးရွားစေတယ်လို့ မြောက်ကိုရီးယားနိုင်ငံက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ဖတ်ရန်
မင်းအောင်လှိုင်ကို ကော်ဇောနီခင်း ကြိုဆိုလိုက်တာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို ပြည်တွင်းသတင်း

မင်းအောင်လှိုင်ကို ကော်ဇောနီခင်း ကြိုဆိုလိုက်တာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် က ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့တဲ့အပေါ် မလေးရှားလွှတ်တော်အမတ်ဟောင်း ချားလ်စ် ဆန်တီယာဂို က…

ဖတ်ရန်
အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ ကြည်းတပ်စိတ်ရောဂါကု ဆရာဝန်ဟောင်းကို သေဒဏ်စီရင်ဖို့ ထရမ့် အမိန့်ပေး နိုင်ငံတကာသတင်း

အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ ကြည်းတပ်စိတ်ရောဂါကု ဆရာဝန်ဟောင်းကို သေဒဏ်စီရင်ဖို့ ထရမ့် အမိန့်ပေး

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က ဖော့တ်ဟုဒ်စစ်အခြေစိုက်စခန်းမှာ ၂၀၀၉ ခုနှစ်တုန်းက အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အမေရိကန် ကြည်းတပ်စိတ်ရောဂါကု ဆရာဝန်ဟောင်းကို စစ်ဘက်ပစ်ခတ်ရေးတပ်ဖွဲ့နဲ့ သေဒဏ်ပေးဖို့…

ဖတ်ရန်
နယူးယောက်မှာ ဝက်သက်ရောဂါကူးစက်မှု စံချိန်တင် မြင့်တက်လာတာကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန် နိုင်ငံတကာသတင်း

နယူးယောက်မှာ ဝက်သက်ရောဂါကူးစက်မှု စံချိန်တင် မြင့်တက်လာတာကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာ ဝက်သက်ရောဂါ ကူးစက်မှုတွေ စံချိန်တင် မြင့်တက်လာတာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူးလ်က အောက်တိုဘာ ၅ ရက်နေ့က စတင်ကာ တပြည်နယ်လုံး…

ဖတ်ရန်