အရေးပေါ်
နိုင်ငံတကာသတင်း

ပတ္တရားမှာ အရက်မူး ရန်ဖြစ်ခဲ့တဲ့ အမေရိကန် ရေတပ်သား ၂ ဦး သင်္ဘောပေါ် ပြန်ပို့ခံရ

၂၀၂၆ စက်တင်ဘာ ၄ Myo Taw
ပတ္တရားမှာ အရက်မူး ရန်ဖြစ်ခဲ့တဲ့ အမေရိကန် ရေတပ်သား ၂ ဦး သင်္ဘောပေါ် ပြန်ပို့ခံရ

ပတ္တရားမှာ အရက်မူး ရန်ဖြစ်ခဲ့တဲ့ အမေရိကန် ရေတပ်သား ၂ ဦး သင်္ဘောပေါ် ပြန်ပို့ခံရ

စက်တင်ဘာ ၄

ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ဆိုက်ကပ်ထားတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln ပေါ်က ရေတပ်သား ၂ ဦးဟာ အရက်မူးပြီး ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် သင်္ဘောပေါ်ကို ပြန်ပို့ခံလိုက်ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းက ပတ္တရားမြို့ရဲ့ နာမည်ကျော် ညအပန်းဖြေနေရာ Walking Street အနီးမှာ အဆိုပါရေတပ်သားတွေ အရက်မူးပြီး အော်ဟစ်ရန်ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

အခြေအနေ ပိုမိုဆိုးရွားမလာစေဖို့ ဒေသခံတွေက အကြောင်းကြားခဲ့တာကြောင့် ရဲတပ်ဖွဲ့က သွားရောက်ဖြေရှင်းခဲ့ရပြီး ရေတပ်သားတွေကြား ဖြစ်ပွားခဲ့တဲ့ အချင်းများမှုဟာ အသေးစားဖြစ်စဉ်သာ ဖြစ်တယ်လို့ ပတ္တရားမြို့ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အနက်ခ် စရသွန်ဂယူက ပြောပါတယ်။

ဒါ့အပြင် ထိုင်းဥပဒေကို ချိုးဖောက်ထားခြင်း မရှိတာကြောင့် ရေတပ်သား ၂ ဦးကို တရားစွဲဆိုခြင်း မပြုခဲ့ဘဲ အမေရိကန်လေယာဉ်တင်သင်္ဘောကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

USS Abraham Lincoln ဟာ ပင်လယ်ပြင်မှာ ရက်ပေါင်း ၂၈၀ ကျော် တာဝန်ထမ်းဆောင်ပြီးနောက် ပတ္တရားကို ဆိပ်ကမ်းဝင်ရောက်လာတာဖြစ်ပြီး သင်္ဘောပေါ်မှာ အစားအစာပြတ်လပ်မှု၊ ရေပိုက်လိုင်းပျက်စီးမှုနဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံတကာမီဒီယာတွေရဲ့ အာရုံစိုက်မှု ရရှိနေပါတယ်။

အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ်တွေက စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ စိုးရိမ်မှုတွေကို ပယ်ချထားပါတယ်။

တစ်ဖက်မှာလည်း ခရီးသွားရာသီ မဟုတ်တဲ့အတွက် အမေရိကန် စစ်သည်တွေ ရောက်လာချိန်မှာ ဒေသတွင်း စီးပွားရေး ပြန်ကောင်းလာမယ်လို့ ပတ္တရားမြို့ခံတွေ မျှော်လင့်ခဲ့ကြပေမဲ့ လက်တွေ့မှာတော့ ထင်သလောက် စည်ကားမလာဘဲ ငြိမ်သက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Ref & Photo; Bangkok Post

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး နိုင်ငံတကာသတင်း

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒေသအများအပြားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်တယ်လို့…

ဖတ်ရန်
သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ နိုင်ငံတကာသတင်း

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

ပေါ်တူဂီဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ် Ballon d’Or ဆုရရှိမှုကို သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင် (Ballon d’Or…

ဖတ်ရန်
စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ နိုင်ငံတကာသတင်း

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

စပိန်နိုင်ငံ အလယ်ပိုင်း တိုလီဒိုပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး…

ဖတ်ရန်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…

ဖတ်ရန်