အရေးပေါ်
နိုင်ငံတကာသတင်း

သေဒဏ်ပေးဖို့ ဆေး ၂ ကြိမ်ထိုးခဲ့ပေမယ့် သေဆုံးခြင်းမရှိတဲ့ အမေရိကန်အမျိုးသမီး အရေးပါ် ဆေးရုံတင်ထားရ

၂၀၂၆ အောက်တိုဘာ ၂ Myo Taw
သေဒဏ်ပေးဖို့ ဆေး ၂ ကြိမ်ထိုးခဲ့ပေမယ့် သေဆုံးခြင်းမရှိတဲ့ အမေရိကန်အမျိုးသမီး အရေးပါ် ဆေးရုံတင်ထားရ

သေဒဏ်ပေးဖို့ ဆေး ၂ ကြိမ်ထိုးခဲ့ပေမယ့် သေဆုံးခြင်းမရှိတဲ့ အမေရိကန်အမျိုးသမီး အရေးပါ် ဆေးရုံတင်ထားရ

အောက်တိုဘာ ၂

အမေရိကန်နိုင်ငံ၊ တင်နက်ဆီပြည်နယ်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးတဦးကို သေဒဏ်ပေးဖို့ ဆေး ၂ ကြိမ် ထိုးပေးခဲ့ပေမယ့် သေဆုံးခြင်းမရှိတာကြောင့် ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ The Guardian သတင်းဌာနက ဖော်ပြပါတယ်။

အသက် ၅၀ အရွယ် ခရစ္စတာ ပိုက်ခ် (Christa Pike) ဟာ ၁၉၉၅ ခုနှစ်က အသက် ၁၉ နှစ်အရွယ် ကိုလင်း စလဲမားကို သတ်ဖြတ်ခဲ့မှုနဲ့ ၁၉၉၆ ခုနှစ်ကတည်းက သေဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ သူမဟာ ပြစ်မှုကျူးလွန်ချိန်မှာ အသက် ၁၈ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့က ခရစ္စတာ ပိုက်ခ်ကို သေဒဏ်စီရင်ဖို့အတွက် Pentobarbital ဆေးဝါးကို ၂ ကြိမ် ထိုးပေးခဲ့ပေမယ့် သေဆုံးခြင်းမရှိဘဲ အသက်ရှင်နေဆဲ ဖြစ်တာကြောင့် သေဒဏ်ပေးတဲ့ လုပ်ငန်းစဉ်ကို ရပ်တန့်ခဲ့ရပြီး အရေးပေါ်လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ ပိုက်ခ်ရဲ့ ရှေ့နေတွေကတော့ သူမဟာ လက်ရှိမှာ အရေးပေါ် အထူးကြပ်မတ် ကုသမှုခံယူနေရပြီး အခြေအနေ စိုးရိမ်ရတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခရစ္စတာ ပိုက်ခ်ရဲ့ ရှေ့နေတွေကတော့ အခုလုပ်ရပ်ဟာ အကျဉ်းသားကို ပြင်းထန်တဲ့ ဝေဒနာ ခံစားရစေပြီး ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်ဒဏ်ပေးခြင်းကနေ ကင်းလွတ်ခွင့်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးကို ပြည်နယ်အစိုးရက ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

ဒီသေဒဏ်စီရင်မှု မတိုင်ခင်က ခရစ္စတာ ပိုက်ခ်ရဲ့ သေဒဏ်ပေးမှုကို အမှတ် (၆) ပြည်ထောင်စု အယူခံတရားရုံး (Sixth Circuit Court of Appeals) က နောက်ဆုံးအချိန်မှာ ယာယီရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့ပေမယ့် အမေရိကန်တရားလွှတ်တော်ချုပ် (Supreme Court) က အဆိုပါယာယီရပ်ဆိုင်းမိန့်ကို ပယ်ဖျက်ပြီးနောက် သေဒဏ်ပေးမှုကို ဆက်လက်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပိုက်ခ်ရဲ့ ရှေ့နေတွေဟာ သူမ ငယ်စဉ်ကလေးဘဝက လိင်ပိုင်းဆိုင်ရာနဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံခဲ့ရမှုတွေ၊ လျစ်လျူရှုခံခဲ့ရမှုတွေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပေးဖို့ အယူခံဝင်ထားတယ်လို့ သိရပါတယ်။

အခုဖြစ်စဉ်ကြောင့် တင်နက်ဆီပြည်နယ်အုပ်ချုပ်ရေးမှူးက ၂၀၂၆ ခုနှစ်အတွင်း ကျန်ရှိနေတဲ့ သေဒဏ်ပေးမှုတွေကို ယာယီရပ်ဆိုင်းထားပြီး ဖြစ်စဉ်ကို ပြန်လည်စစ်ဆေးဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

ခရစ္စတာ ပိုက်ခ်ကို သေဒဏ်ပေးမှု အောင်မြင်ခဲ့ပါက တင်နက်ဆီပြည်နယ်မှာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ပထမဆုံး သေဒဏ်ပေးခံရတဲ့ အမျိုးသမီး ဖြစ်လာမယ်လို့ သိရပါတယ်။

Ref & Photo: The Guardian

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ရေကြီးနေချိန် အရှည် ၂ မီတာခန့် မိကျောင်းတွေ့လို့ ဘေးကင်းရေးအတွက် သုတ်သင်ရှင်းလင်းခဲ့ရ နိုင်ငံတကာသတင်း

ရေကြီးနေချိန် အရှည် ၂ မီတာခန့် မိကျောင်းတွေ့လို့ ဘေးကင်းရေးအတွက် သုတ်သင်ရှင်းလင်းခဲ့ရ

ထိုင်းနိုင်ငံ ချာချိုအင်ဆောင်ပြည်နယ်၊ စနမ်ချိုင်ခက်မြို့နယ်မှာ ရေကြီးနေချိန် လူနေအိမ်တွေနား မိကျောင်းတကောင် တွေ့ရှိခဲ့ပြီး ဒေသခံတွေအတွက် အန္တရာယ်ရှိနိုင်တာကြောင့် တာဝန်ရှိသူတွေက ဖမ်းဆီးသုတ်သင်ခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ထိုင်းငါးဖမ်းလှေ နစ်မြုပ်ပြီး ပျောက်ဆုံးနေခဲ့တဲ့ မြန်မာရေလုပ်သား ၆ ဦး ရုပ်အလောင်းအဖြစ် ပြန်တွေ့ နိုင်ငံတကာသတင်း

ထိုင်းငါးဖမ်းလှေ နစ်မြုပ်ပြီး ပျောက်ဆုံးနေခဲ့တဲ့ မြန်မာရေလုပ်သား ၆ ဦး ရုပ်အလောင်းအဖြစ် ပြန်တွေ့

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ စက်သဟစ်မြို့နယ်အနီး ပင်လယ်ပြင်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငါးဖမ်းလှေနစ်မြုပ်အတွင်း ပျောက်ဆုံးနေတဲ့ မြန်မာရေလုပ်သား ၆ ဦးရဲ့ ရုပ်အလောင်းတွေကို…

ဖတ်ရန်
ကင်ဂျုံအန်း ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော်နေပြီး နှလုံးသွေးကြောရောဂါ ဖြစ်လာနိုင်ခြေ အလွန်မြင့်မားတယ်လို့ဆို နိုင်ငံတကာသတင်း

ကင်ဂျုံအန်း ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော်နေပြီး နှလုံးသွေးကြောရောဂါ ဖြစ်လာနိုင်ခြေ အလွန်မြင့်မားတယ်လို့ဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဟာ လက်ရှိမှာ ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော် ရှိနေပြီး အလွန်အမင်း အဝလွန်နေတဲ့အခြေအနေမှာ ရှိနေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက…

ဖတ်ရန်
လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ပျက်ကျအောင် လက်ထောက်လေယာဉ်မှူး ကြိုးပမ်း နိုင်ငံတကာသတင်း

လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ပျက်ကျအောင် လက်ထောက်လေယာဉ်မှူး ကြိုးပမ်း

ဒူဘိုင်းကနေ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ပျံသန်းလာတဲ့ Flydubai လေယာဉ်ပေါ်မှာ လက်ထောက်လေယာဉ်မှူးက လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ကို ပျက်ကျအောင် ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ် စက်တင်ဘာ ၃၀…

ဖတ်ရန်