အရေးပေါ်
နိုင်ငံတကာသတင်း

ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း

၂၀၂၆ စက်တင်ဘာ ၂၆ Myo Taw
ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း

ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း

စက်တင်ဘာ ၂၆

လေးနှစ်ခွဲကျော်ကြာလာတဲ့ ရုရှားကျူးကျော်စစ်ကို သံတမန်နည်းနဲ့ အဆုံးသတ်နိုင်ရေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိအားပေးပြီး ရုရှားအပေါ် တရုတ်ရဲ့ သြဇာကို အသုံးချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရင်း အမေရိကန်ကို ရောက်နေတဲ့ ဇီလန်စကီးဟာ စက်တင်ဘာ ၂၂ ရက်မှာ ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး၊ ထရမ့်-ရှီ ဆွေးနွေးမှုရလဒ်ကို အိမ်ဖြူတော်ဘက်က အကြောင်းမပြန်သေးပေမဲ့ မကြာခင် အဖြေထွက်လာမယ်လို့ မျှော်လင့်နေပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်၊ ယူကရိန်းနဲ့ ရုရှား သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဆင့် ဆွေးနွေးပွဲကို အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာ ကျင်းပဖို့ ဝါရှင်တန်က စီစဉ်နေပြီး ရက်သတ်မှတ်ချက်ကို စောင့်နေတယ်လို့ ဇီလင်စကီးက ဆိုပါတယ်။

ကရင်မလင်ဘက်ကလည်း အလားတူဆွေးနွေးပွဲမျိုး ဖြစ်လာဖို့ ခေါင်းဆောင်နှစ်ဦးကြား ပြောဆိုထားတာရှိပေမဲ့ ရုရှားအကျိုးစီးပွားကို အဓိကထား ဆုံးဖြတ်သွားမယ်လို့ သမ္မတ ပူတင်က တုံ့ပြန်ထားပါတယ်။

ယူကရိန်းသမ္မတဟာ အမေရိကန်လွှတ်တော်က အတည်ပြုပြီး သမ္မတ လက်မှတ်ထိုးထားတဲ့ ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု ဥပဒေကြမ်းကိုလည်း ပူတင်ကို စားပွဲဝိုင်းရောက်လာစေမယ့် လက်နက်အဖြစ် အမြန်ဆုံး အသက်သွင်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် အီရန်စစ်ပွဲကြောင့် ပြတ်လပ်နေတဲ့ အမေရိကန်လုပ် ပက်ထရီယော့ (Patriot) လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ယူကရိန်းမှာတင် ထုတ်လုပ်ခွင့်လိုင်စင်ရဖို့ သမ္မတ ထရမ့်က အတည်ပြုပေးခဲ့သလို၊ ပင်လယ်နက် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့အတွက်လည်း သက်ဆိုင်ရာ ဒေသတွင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဘဏ္ဍာရေးလိုငွေပြမှုအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ဥရောပသမဂ္ဂ (EU) တို့က ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး နည်းပညာဖလှယ်ရေးနဲ့ ဒရုန်းပူးတွဲထုတ်လုပ်မှုတွေကတဆင့် လက်နက်ဝယ်ယူရေး ရန်ပုံငွေရှာဖွေသွားဖို့ ရှိနေပါတယ်။

စစ်မြေပြင်မှာတော့ စက်တင်ဘာ ၂၅ ရက် ညပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မြို့တော်မှာ အသက် ၁၄ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး၊ ရုရှားဘက်မှာလည်း ယူကရိန်းရဲ့ တာဝေးပစ်ဒရုန်းတွေကြောင့် လူ ၁ ဦး သေဆုံးကာ ရေနံချက်စက်ရုံ ၂ ရုံ ထိခိုက်ခဲ့တယ်လို့ အပြန်အလှန် သတင်းထုတ်ပြန်ထားပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဝါရှင်တန်မှာ တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်အနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ကို လိုက်နာဖို့ တိုက်တွန်းခဲ့တဲ့အပေါ် ထိုင်ဝမ်အစိုးရက…

ဖတ်ရန်
ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဆန္ဒပြ ပြည်တွင်းသတင်း

ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ကို ဟောင်ကောင်၊ တိဘက်၊ ဝီဂါ၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား အရှေ့တာကစ်စတန် (East Turkestan)…

ဖတ်ရန်
ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေး ဝိန်းစတိန်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ နိုင်ငံတကာသတင်း

ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေး ဝိန်းစတိန်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေး ဝိန်းစတိန်းကို ၂၀၀၆ ခုနှစ်က ရုပ်ရှင်ထုတ်လုပ်ရေးလက်ထောက်ဟောင်း မီရိယမ် ဟေလီ ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုအတွက် နယူးယောက်တရားရုံးက စက်တင်ဘာ…

ဖတ်ရန်
မြောက်ကိုရီးယားက သုံးနာရီအတွင်း ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ် နိုင်ငံတကာသတင်း

မြောက်ကိုရီးယားက သုံးနာရီအတွင်း ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်

မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းကနေ သုံးနာရီအတွင်း ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည် ၂ စင်းကို စက်တင်ဘာလ ၂၀ ရက်နေ့က ဆက်တိုက် ပစ်လွှတ်စမ်းသပ်လိုက်ပါတယ်။

ဖတ်ရန်