အရေးပေါ်
ပြည်တွင်းသတင်း

ညောင်ဦးမြို့နယ်က ဆည်မြောင်း ဦးစီးအရာရှိကို အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွား

၂၀၂၆ စက်တင်ဘာ ၆ Myo Taw
ညောင်ဦးမြို့နယ်က ဆည်မြောင်း ဦးစီးအရာရှိကို အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွား

ညောင်ဦးမြို့နယ်က ဆည်မြောင်း ဦးစီးအရာရှိကို အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွား

စက်တင်ဘာ ၆

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အာဏာသိမ်း အစိုးရ လက်အောက်ခံ ဆည်မြောင်းဌာနမှ ဦးစီးအရာရှိတစ်ဦးကို စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းစီးသွားတယ်လို့ သိရပါတယ်။

ညောင်ဦးခရိုင် ဆည်မြောင်း နဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဦးစီးအရာရှိ (လျှပ်စစ်) ဦးဇင်မင်းထိုက် ဟာ လောကနန္ဒ မြစ်ရေတင် စီမံကိန်းကနေ ဆိုင်ကယ်နဲ့ ပြန်လာချိန် ပုဂံမြို့ နွားကြိုးအိုင် ကျေးရွာအနီးမှာ အသင့်စောင့်နေတဲ့ အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာလို့ သိရပါတယ်။

"ပုဂံ ကနေ သူ့အိမ်ကို ပြန်တဲ့လမ်းမှာ အဖမ်းခံရတာ။ သူသွားတာကို သိလို့ ကြိုတင်စောင့်ပြီး ဖမ်းတာဖြစ်မယ်။ နွားကြိုးအိုင်ရွာနားမှာ စောင့်ဖမ်းသွားတာလို့ ပြောတယ်" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းအထိ ဖမ်းဆီးခံရသူ ကိုဇင်မင်းထိုက်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစ်စုံတစ်ရာ မရရှိသေးဘူးလို့ သိရကာ အာဏာသိမ်း အစိုးရဘက်ကတော့ လိုက်လံစုံစမ်းမှုတွေ လုပ်ဆောင်နေပြီး ပြန်လည်ရရှိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ ရုပ်သံ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…

ကြည့်ရန်
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…

ဖတ်ရန်