အရေးပေါ်
ပြည်တွင်းသတင်း

ညောင်ဦးမြို့နယ်က ဆည်မြောင်း ဦးစီးအရာရှိကို အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွား

၂၀၂၆ စက်တင်ဘာ ၆ Myo Taw
ညောင်ဦးမြို့နယ်က ဆည်မြောင်း ဦးစီးအရာရှိကို အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွား

ညောင်ဦးမြို့နယ်က ဆည်မြောင်း ဦးစီးအရာရှိကို အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွား

စက်တင်ဘာ ၆

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အာဏာသိမ်း အစိုးရ လက်အောက်ခံ ဆည်မြောင်းဌာနမှ ဦးစီးအရာရှိတစ်ဦးကို စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းစီးသွားတယ်လို့ သိရပါတယ်။

ညောင်ဦးခရိုင် ဆည်မြောင်း နဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဦးစီးအရာရှိ (လျှပ်စစ်) ဦးဇင်မင်းထိုက် ဟာ လောကနန္ဒ မြစ်ရေတင် စီမံကိန်းကနေ ဆိုင်ကယ်နဲ့ ပြန်လာချိန် ပုဂံမြို့ နွားကြိုးအိုင် ကျေးရွာအနီးမှာ အသင့်စောင့်နေတဲ့ အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာလို့ သိရပါတယ်။

"ပုဂံ ကနေ သူ့အိမ်ကို ပြန်တဲ့လမ်းမှာ အဖမ်းခံရတာ။ သူသွားတာကို သိလို့ ကြိုတင်စောင့်ပြီး ဖမ်းတာဖြစ်မယ်။ နွားကြိုးအိုင်ရွာနားမှာ စောင့်ဖမ်းသွားတာလို့ ပြောတယ်" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းအထိ ဖမ်းဆီးခံရသူ ကိုဇင်မင်းထိုက်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစ်စုံတစ်ရာ မရရှိသေးဘူးလို့ သိရကာ အာဏာသိမ်း အစိုးရဘက်ကတော့ လိုက်လံစုံစမ်းမှုတွေ လုပ်ဆောင်နေပြီး ပြန်လည်ရရှိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး ရုပ်သံ Afternoon NEWS

ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး

ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု…

ကြည့်ရန်
လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…

ဖတ်ရန်