ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ဗန်းမော်မြို့နယ်က စင်းခန်းတံတားကို အာဏာသိမ်း စစ်တပ်က ဗုံးကြဲဖျက်ဆီး
စက်တင်ဘာ ၇
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းရွာအနီးက စင်ခန်းတံတားကို အာဏာသိမ်း စစ်တပ်က စက်တင်ဘာလ ၆ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ကသာ-ဗန်းမော် လမ်းပိုင်းမှာရှိတဲ့ စင်းခန်း တံတားကို အာဏာသိမ်း စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တံတားထိပ်ပိုင်း ပျက်စီးခဲ့ပြီး တံတားတိုင် တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
"တံတား သံဘောင်တွေ ကွေးသွားတယ်။ ဗုံးကျလို့ တံတားအပေါ်ဘက် တံတားထိပ်ဘက်မှာ အပေါက်ကြီး ပေါက်သွားတယ်၊ အောက်ထိ တိုက်ရိုက် ပေါက်သွားတာ လူထိခိုက်တာ မရှိဘူး။ တံတားပေါ်တက်တဲ့ လှေကား နားမှာပေါက်သွားတာ" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့ကလည်း စင်းခန်းရွာမှာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်သင်္ဘောတစ်စီးက ကမ်းကပ်ကာ စင်ခန်းရွာထဲ စစ်ကြောင်းထိုးခဲ့တာကြောင့် နှစ်ဖက် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ် ထောက်ခံသူတွေက တံတားပေါ် ဘန်ကာဆောက်ကာ ဗန်းမော်ကို စစ်ကူပိုတဲ့ စစ်သင်္ဘောတွေကို KIA နဲ့ PDF တွေက တံတားပေါ်က စောင့်ကြိုပစ်ခတ်နေလို့ ခုလို ဗုံးကြဲခံရတာလို့ ပြောဆိုရေးသားနေကြပြီး စင်းခန်း တံတားအနီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်သင်္ဘောတွေ ထိခိုက်ပျက်စီးမှု များခဲ့သလို စစ်ရေးအရ ရှုံးနိမ့်နေတာကြောင့် ခုလို ဗုံးကြဲဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
လတ်တလောမှာ အာဏာသိမ်း စစ်တပ်က ဗန်းမော်ကို စစ်သင်္ဘောအုပ်စု စေလွှတ်ပြီးနောက် မန္တလေး ဂေါဝိန်ဆိပ်ကမ်းက စစ်သင်္ဘောရေယာဉ် အစီး ၃၀ ကျော်ကို ဗန်းမော်မြို့ဘက် ထပ်မံစေလွှတ်ထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…
ပြည်တွင်းသတင်း
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ