အရေးပေါ်
ပြည်တွင်းသတင်း

စက်သုံးဆီ ဝယ်ယူရခက်ခဲပြီး ဈေးနှုန်းမြင့်တက်မှုကြောင့် တောင်သူတွေ ထွန်ယက်စိုက်ပျိုးရေးနှင့် စပါးရိတ်သိမ်းရေး အခက်ကြုံနေ

၂၀၂၆ နိုဝင်ဘာ ၁၆ Myo Taw
စက်သုံးဆီ ဝယ်ယူရခက်ခဲပြီး ဈေးနှုန်းမြင့်တက်မှုကြောင့် တောင်သူတွေ ထွန်ယက်စိုက်ပျိုးရေးနှင့် စပါးရိတ်သိမ်းရေး အခက်ကြုံနေ

စက်သုံးဆီ ဝယ်ယူရခက်ခဲပြီး ဈေးနှုန်းမြင့်တက်မှုကြောင့် တောင်သူတွေ ထွန်ယက်စိုက်ပျိုးရေးနှင့် စပါးရိတ်သိမ်းရေး အခက်ကြုံနေ

နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းအတွင်း ရေကြီးနစ်မြုပ်ပျက်စီးခဲ့တဲ့ လယ်ယာမြေတွေ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ဖို့အတွက် သဘာဝဘေးပြန်လည်ထူထောင်ရေး အစီအစဉ်နဲ့ စက်သုံးဆီ ပံ့ပိုးပေးနေပေမဲ့ လုံလောက်တဲ့ပမာဏ မရရှိတာနဲ့ စက်သုံးဆီဝယ်ယူရခက်ခဲကာ ဈေးနှုန်းမြင့်တက်နေတာတို့ကြောင့် တောင်သူတွေ ထွန်ယက်စိုက်ပျိုးရေးနဲ့ မိုးစပါးရိတ်သိမ်းရေး လုပ်ငန်းတွေမှာ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတောင်သူတွေထံမှ သိရပါတယ်။

လက်ရှိအချိန် မတ်ပဲ၊ ငရုတ်စတဲ့ဆောင်းသီးနှံတွေ စတင်ထွန်ယက်စိုက်ပျိုးရမယ့် ကာလဖြစ်သလို မိုးစပါးလည်း ရိတ်သိမ်းဖို့ အချိန်နီးကပ်လာပြီဖြစ်ပေမဲ့ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတာတွေ၊ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာတွေ၊ စပါးရိတ် သိမ်းခြွေခတွေပါ လိုက်လံမြင့်တက်လာတာတွေကြောင့် တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်နှင့် ရိတ်သိမ်းစရိတ်တွေ ပိုမိုကုန်ကျလာနေတယ်လို့ သိရပါတယ်။

“ဆီက ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ ရတဲ့နေရာမှာလည်း ဈေးကြီးပေးဝယ်ရတယ်။ အခုက မတ်ပဲတွေ၊ ငရုတ်တွေ စိုက်ဖို့ ထွန်ယက်ရမယ့် အချိန်ဆိုတော့ ဆီမရရင် အချိန်မီ မစိုက်နိုင်မှာ စိုးရိမ်ရတယ်။ မိုးစပါးလည်း ရိတ်သိမ်းရတော့မယ်ဆိုတော့ တစ်ဖက်မှာလည်း စရိတ်တွေ တက်နေတယ်” လို့ ဧရာဝတီတိုင်းမှ တောင်သူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းအစိုးရရဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ တိုင်းအတွင်း ကျေးရွာစက်သုံးဆီအရောင်းဆိုင် ၃ ဆိုင် အပါအဝင် စုစုပေါင်း စက်သုံးဆီအရောင်းဆိုင် ၂၃၃ ဆိုင်ရှိပြီး မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် သုံးဘီးယာဉ်တွေကို စုံ၊ မ ရက်အလိုက် Wheel Tax မှာပါရှိတဲ့ QR Code/Bar Code တွေ Scan ဖတ်ကာ သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးနေတယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် ဆိုင်တစ်ဆိုင်ချင်းစီအတွက် စက်သုံးဆီခွဲတမ်း (PO) ကိုလည်း အရင်တစ်ပတ်အတွင်း QR Code/Bar Code Scan ဖတ်ရောင်းချခဲ့တဲ့ ပမာဏအပေါ် အခြေခံတွက်ချက်ပေးထားပြီး စက်သုံးဆီတွေကို အပတ်စဉ် စနေနေ့တိုင်း တစ်ပတ်စာခွဲဝေပေးကာ တနင်္ဂနွေနေ့မှ နောက်တစ်ပတ် စနေနေ့အထိ ရောင်းချနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း ဖော်ပြထားတာပါ။

“ဆီဆိုင်တွေမှာ ဆီရှိတယ်လို့ သိရပေမယ့် လိုသလောက်ဝယ်လို့ မရဘူး။ ဆီဆိုင်ကြီးတွေက သူတို့ရရှိထားတဲ့ ဆီခွဲတမ်းတွေထဲက အများစုကို ပြင်ပမှောင်ခိုဈေးကွက်မှာ ပြန်လည်ရောင်းချ နေကြတယ်။ အဲဒီမှာ ဈေးပိုပေးပြီး ဝယ်ရတော့ တောင်သူတွေအတွက် စိုက်ပျိုးရေးစရိတ်က ပိုများလာနေတယ်” လို့ ဟင်္သာတမြို့မှ တောင်သူတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုက အခုနှစ်မှသာ ဖြစ်ပေါ်လာတဲ့ ပြဿနာမဟုတ်ဘဲ မိုးဦးကာလ လယ်ယာမြေတွေ စတင်ထွန်ယက်ရတဲ့ အချိန်ကတည်းက တောင်သူတွေ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတစ်ခု ဖြစ်‌နေပြီး အခုနှစ် မိုးဦးကာလမှာလည်း စက်သုံးဆီမှောင်ခိုရောင်းချမှုတွေကြောင့် ဆီတစ်လီတာကို ကျပ် ၆,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့တယ်လို့ ဒေသခံတောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသရှိ ရေလုပ်သားမိသားစုတွေရဲ့ စားဝတ်နေရေးကိုလည်း တိုက်ရိုက်ထိခိုက်စေသလို စက်လှေအသုံးပြု ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရတဲ့ ရေလုပ်သားတွေအနေနဲ့လည်း လုပ်ငန်းလည်ပတ်စရိတ် မြင့်တက်လာတဲ့အပြင် ဒေသခံတွေရဲ့ နေ့စဉ်သွားလာရေးမှာလည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ Daily NEWS

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်