ရုပ်သံ
ပြည်တွင်းသတင်း
နိုဝင်ဘာ ၆ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
နေအိမ်ကဆင်းသွားတဲ့ ဇနီးကို ပြန်သွားခေါ်ရာက စကားများပြီး ဓားထိုးမှုဖြစ်ကာ ဇနီးသည် သေဆုံး
နိုဝင်ဘာ ၆
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ လင်မယားချင်း စကားများရာက လူသတ်မှုဖြစ်ခဲ့ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၅ ရက် မနေ့က နေ့လယ်ပိုင်းမှာ ကော့သောင်းမြို့နယ်၊ အောင်သုခရပ်ကွက်၊ ကြေးနန်းကွင်း၊ စံပယ်(၂)လမ်း၊ နေအိမ်အမှတ်(၄၆၂/ဘီ)မှာ ဓားထိုးမှု ဖြစ်ခဲ့တယ်လို့ သိရပြီး ဇနီးဖြစ်သူကို ပြန်လည်ပေါင်းသင်းဖို့ ပြောဆိုရာက အခြေအတင်း စကားများကြရင်းနဲ့ ခုလိုလူသတ်မှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
"နိုဝင်ဘာလ ၂ ရက်နေ့က လင်မယားချင်း စကားများပြီး မိန်းမဖြစ်တဲ့သူက အောင်သုခရပ်ကွက်က သူ့မိဘအိမ်ကို ကလေးခေါ်ပြီး ဆင်းသွားတာ၊ ၅ ရက်နေ့ မနက်မှာ သူ့ယောက်ျားက လိုက်ခေါ်တော့ တယောက်တခွန်း အချေအတင် ပြောကြရင်းနဲ့ သူ့ယောက်ျားက အနားက ဓားနဲ့ ကောက်ထိုးလိုက်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူမှာ အသက် ၃၅ အရွယ် မခင်မာမာဌေး ဆိုသူဖြစ်ပြီး လူသတ်မှုကျူးလွန်သူဟာ အသက် ၃၆ အရွယ် အောင်မျိုးထွန်း (ခ) သားလေး ဖြစ်တယ်လို့ သိရပြီး အသက် ၃ နှစ်အရွယ် သမီးရှိတယ်လို့ သိရပါတယ်။
လတ်တလောမှာ သေဆုံးသူရုပ်အလောင်းကို ကော့သောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပြီး လူသတ်မှုကျူးလွန်သူ အမျိုးသားကိုတော့ ကော့သောင်းမြို့မရဲစခန်းက အမှုဖွင့်လှစ် အရေးယူထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးကွင်းအတွင်း ပြေးဆွဲနေတဲ့ 'ဘုရင်' အဝေးပြေးမော်တော်ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးဝန်ထမ်း ၂ ဦးကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး…
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်အနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်က မော်လူးမြို့မှာ ပိတ်မိနေတဲ့ ကားတန်း Drop ဗုံးနဲ့ ကြဲချခံရလို့ ဈေးသည် ၁ ဦး ထိခိုက်ကာ…
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နဲ့ ဟဲဟိုးမြို့တို့မှာ တနေ့တည်း မိုးကြိုးထိမှန်လို့ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။