အရေးပေါ်
ပြည်တွင်းသတင်း

ကျိုင်းတုံမှာ ပရိဘောဂဆိုင်ပိုင်ရှင်ရဲ့ သမီးကို နေ့လယ်ခင်းကြီး ပေါ်တင်ပြန်ပေးဆွဲမှု ဖြစ်ပွား

၂၀၂၆ ဇူလိုင် ၃ Myo Taw

ဇူလိုင်လ ၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်က ကျိုင်းတုံမြို့ အမှတ်(၄) ရပ်ကွက်၊ နွဲနော်ရပ်က “ကိုစိုင်းလွတ်” ပရိဘောကဆိုင်ရှေ့ကို အိမ်စီးကားအဖြူစီးလာတဲ့ အမျိုးသား ၄ ဦးက သေနတ်အရှည် ကိုယ်စီကိုင်ထားကာ ဆိုင်ရှင်ရဲ့ သမီးဖြစ်သူကို ကားပေါ် ဆွဲခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

ကျိုင်းတုံမှာ ပရိဘောဂဆိုင်ပိုင်ရှင်ရဲ့ သမီးကို နေ့လယ်ခင်းကြီး ပေါ်တင်ပြန်ပေးဆွဲမှု ဖြစ်ပွား

ကျိုင်းတုံမှာ ပရိဘောဂဆိုင်ပိုင်ရှင်ရဲ့ သမီးကို နေ့လယ်ခင်းကြီး ပေါ်တင်ပြန်ပေးဆွဲမှု ဖြစ်ပွား

ဇူလိုင် ၃

‎ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ပရိဘောဂဆိုင်ရှင်ရဲ့ သမီးကို အမျိုးသား ၄ ဦးက ပြန်ပေးဆွဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်က ကျိုင်းတုံမြို့ အမှတ်(၄) ရပ်ကွက်၊ နွဲနော်ရပ်က “ကိုစိုင်းလွတ်” ပရိဘောကဆိုင်ရှေ့ကို အိမ်စီးကားအဖြူစီးလာတဲ့ အမျိုးသား ၄ ဦးက သေနတ်အရှည် ကိုယ်စီကိုင်ထားကာ ဆိုင်ရှင်ရဲ့ သမီးဖြစ်သူကို ကားပေါ် ဆွဲခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

“နေ့လယ်ကြီး ပေါ်တင်လုပ်သွားတာ၊ ဖြစ်တဲ့နေရာက ရဲစခန်းနဲ့လည်း နီးတယ်၊ ဒီမှာက လုယက်မှု ပြန်ပေးဆွဲမှုတွေနဲ့ မူးယစ်ဆေး လောင်းကစား အကုန်ရှိတော့ မြို့ကပျက်စီးနေတာ၊ ရဲကလည်း အကုန်လုံးကို ကြောက်ရတယ်၊ ဘာမှအရေးယူနိုင်တာ မရှိဘူး” လို့ ကျိုင်းတုံမြို့ခံတဦးက မြို့တော်ကို ပြောပါတယ်။

‎ကျိုင်းတုံမြို့မှာ မူးယစ်ဆေးနဲ့ လောင်းကစားဝိုင်းတွေအပြင် ကျားဖြန့်ဂိုဏ်းတွေလည်းရှိနေပြီး ရာဇဝတ်မှု အတော်များများကို အာဏာသိမ်းအစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

“မေလလောက်က ရွှေဆိုင်ပိုင်ရှင် ဓားပြတိုက်သတ်ဖြတ်ခံရတဲ့အမှု ခုထိ တရားခံမမိသေးဘူး၊ တခြား လုယက်မှု ခိုးမှုတွေ ဘာမှကိုမမိဘူး၊ အဲ့တော ခိုးဆိုးလုယက်တာတွေက ပေါ်တင်လုပ်လာကြတယ်” လို့ ကျိုင်းတုံမြို့ခံတဦးက ထပ်မံပြောဆိုပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ ညပိုင်း ၈ နာရီခန့်ကလည်း လူငယ်ချင်း စကားများရာက ဓားခုတ်မှုဖြစ်ခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့ညကလည်း ကျိုင်းတုံမြို့နယ် ကျိုင်းကာကျေးရွာက အသက် ၂၀ ကျော်အရွယ် အမျိုးသား စီးလာတဲ့ ဆိုင်ကယ်နဲ့ ဖုန်းကို အမျိုးသား ၄ ဦးက လုယက်ကာ လူကိုလည်း ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

မြို့တော် News Channel

#myotawnpt
#Myotaw

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်အကြီးစားမို့ ရှင်းလင်းခဲ့ရတာလို့ နတ်မောက် ပကဖ သတင်းထုတ်ပြန် ပြည်တွင်းသတင်း

ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်အကြီးစားမို့ ရှင်းလင်းခဲ့ရတာလို့ နတ်မောက် ပကဖ သတင်းထုတ်ပြန်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နလက္ခုပ္ပင်ကျေးရွာက ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်သူလျှိုအကြီးစား ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

ဖတ်ရန်
မိခင်ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ ညီမနှစ်ဦး လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်ခံခဲ့ရ ပြည်တွင်းသတင်း

မိခင်ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ ညီမနှစ်ဦး လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်ခံခဲ့ရ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်မှာ မိခင်ဖြစ်သူ ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ အမျိုးသမီး ကလေးငယ် ၂ ဦးဟာ

ဖတ်ရန်
မော်လမြိုင်မှာ ပျောက်ဆုံးနေတဲ့ Taxi ယာဥ်မောင်းတဦး သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့တွေ့
VIDEO ပြည်တွင်းသတင်း

မော်လမြိုင်မှာ ပျောက်ဆုံးနေတဲ့ Taxi ယာဥ်မောင်းတဦး သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့တွေ့

မော်လမြိုင်မှာ ပျောက်ဆုံးနေတဲ့ Taxi ယာဥ်မောင်းတဦး သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့တွေ့တဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်