အရေးပေါ်
ပြည်တွင်းသတင်း

လားရှိုးမှာ ရေကန်ထဲ ရေဆင်းချိုးရာက အသက် ၁၆ နှစ်အရွယ် အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံးနေ

၂၀၂၆ သြဂုတ် ၂၂ Myo Taw
လားရှိုးမှာ ရေကန်ထဲ ရေဆင်းချိုးရာက အသက် ၁၆ နှစ်အရွယ် အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံးနေ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ်(၁) သီရိမဟာရပ်ကွက်၊ ကျောက်တောင်ကျင်းဟောင်း ရေကန်မှာ လူငယ် ၁ ဦး ရေနစ်ပျောက်ဆုံးသွားလို့ ရှာဖွေရေးတွေ လုပ်နေကြရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၁ ရက် မနက် ၁၀ နာရီခန့်က အသက် ၁၆ နှစ်အရွယ် လူငယ်အမျိုးသား ၁ ဦး အမှတ်(၁) သီရိမဟာရပ်ကွက်၊ ကျောက်တောင်ကျင်းဟောင်း ရေကန်ထဲ ရေဆင်းချိုးရာက ရေနစ်ပြီး ပျောက်ဆုံးသွားခဲ့တာလို့ သိရပါတယ်။

"ရေကန်အဟောင်းပါ အထဲက အနက်က ဝါးနှစ်ပြန်လောက်နက်တယ်။ အောက်ခြေက မြေမညီဘူး။ အစပ်နားတင် ရေချိုးရင် ပြသာနာမရှိဘူး။ အရင်ကလည်း ကလေးတွေ ရေချိုးနေကြပါ အခုမှ ဖြစ်တာပါ။ ကန်က အရမ်းမကျယ်ဘူး။ အခုရှာဖွေရေးလုပ်တဲ့ လူတွေလည်း ထိခိုက်တာနဲ့ ဒဏ်ရာရတဲ့သူတွေ ရှိတယ်" လို ဒေသခံတဦးက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ သြဂုတ်လ ၂၂ ရက် ဒီကနေ့ မနက်ပိုင်းထိ ရုပ်အလာင်း ပြန်ရရှိဖို့ ရှာဖွေနေကြတယ်လို့ သိရပြီး မိုးရွာသွန်းတာကြောင့်လည်း ရှာဖွေရေး ကြန့်ကြာနေရတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…

ဖတ်ရန်