ရုပ်သံ
Daily NEWS
အောက်တိုဘာ ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို
အောက်တိုဘာ ၂၉
အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေပြီး လာမယ့် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားရင်း အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်မှ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် တို့ဟာ ကပ္ပလီပင်လယ်ပြင် လေဖိအားနည်းရပ်ဝန်းနှင့် တိုက်ရိုက်နီးစပ်တာကြောင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးဆက်တိုက်ရွာသွန်းတာ၊ နေရာကွက်ပြီး မိုးကြီးတာနှင့် ပင်လယ်ပြင်မှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း တို့မှာ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း အရှေ့ဘက်မှ လေပွေလှိုင်းတွေ တိုးဝင်လာတာကြောင့် မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ၇ ရက်အတွင်း ရရှိနိုင်တဲ့ စုစုပေါင်း မိုးရေချိန်အနေနဲ့ တနင်္သာရီတိုင်းမှာ မိုးရေချိန် ၁၅၃ မှ ၂၅၉ မီလီမီတာ၊ မွန်ပြည်နယ်မှာ မိုးရေချိန် ၁၀၈ မှ ၁၈၃ မီလီမီတာ၊ ကရင်ပြည်နယ်မှာ မိုးရေချိန် ၈၆ မှ ၁၅၃ မီလီမီတာ၊ ဧရာဝတီတိုင်းမှာ မိုးရေချိန် ၇၄ မှ ၁၃၃ မီလီမီတာ၊ ရခိုင်ပြည်နယ်မှာ မိုးရေချိန် ၆၄ မှ ၁၁၆ မီလီမီတာ နှင့် ရန်ကုန်တိုင်းမှာ မိုးရေချိန် ၅၁ မှ ၉၆ မီလီမီတာအထိ အသီးသီးရရှိနိုင်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ် တို့မှာ မြောက်ပိုင်းမှ တရုတ်အေးလေထု တိုးဝင်လာမှုကြောင့် အပူချိန် အနည်းငယ် ကျဆင်းမှာဖြစ်ပြီး အောက်တိုဘာ ၃၁ ထိ မိုးပြတ်သလောက် နည်းပါးမှာဖြစ်ပေမဲ့ နိုဝင်ဘာ ၁ မှ ၃ ရက်အတွင်း လေအေးနှင့် လေနွေးတွေ့ဆုံမှုကြောင့် မိုးရွာသွန်းမှု အနည်းငယ် ပြန်လည်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်၊ ချင်းပြည်နယ် တို့မှာ မိုးရွာသွန်းမှု နည်းပါးမှာဖြစ်ပြီး ဆောင်းဦးရာသီသို့ စတင်ကူးပြောင်းလာတာကြောင့် အအေးဓာတ် စတင်ပိုမိုလာမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပြင်ဦးလွင်ကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ 'နယူးမန္တလာထွန်း' ခရီးသည်တင်ယာဉ်ဟာ ၁၉ မိုင်အရောက် မီးသတ်ကွေ့အနီးမှာ ဘရိတ်ပေါက်ပြီးနောက်…
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ သထုံမြို့၊ မိုးကောင်းကျေးရွာ၊ ဖရဲသီးဆိုင်တန်းရှေ့က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမပေါ်မှာ ခရီးသည်တင် Express နဲ့ ဆိုင်ကယ်တို့တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လမ်းသွားလမ်းလာ အရပ်သားတွေနဲ့ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ရဲက မတရားပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ မြေပြင်ကင်းထောက်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။