ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၆ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်တပတ်ကျော်မှာ တိုင်းနဲ့ပြည်နယ် ၆ ခုမှာ နေရာကွက်ကျား မိုးကြီးမယ်လို့ဆို
အောက်တိုဘာ ၆
ECMWF Model ရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်(တောင်ပိုင်း)နှင့် ကပ္ပလီပင်လယ်ပြင်(တောင်ပိုင်း)တို့မှာ လေဝဲလည်ပတ်မှု စတင်အားကောင်းလာပြီး လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
အောက်တိုဘာလ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း/အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပိုမို အားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားရင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ခြေ မြင့်မားနေပေမယ့် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ဆိုပါတယ်။
လေဖိအားနည်းရပ်ဝန်းဟာ အိန္ဒိယကမ်းရိုးတန်းဘက်သို့ ဦးတည်သွားမှာ ဖြစ်ပေမယ့် ၎င်းစနစ်ဆီသို့ ဆွဲသွင်းလိုက်တဲ့ အနောက်တောင်/တောင်ဘက်မှ စိုစွတ်တဲ့ လေစီးကြောင်းတွေဟာ မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံ တောင်ပိုင်း/အလယ်ပိုင်း ဒေသတွေဆီ ဖြတ်သန်း စီးဝင်မယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့မှာ မုတ်သုံလေနှင့် တောင်ဘက် လေစီးကြောင်းတွေကြောင့် မိုးရွာသွန်းမှု ဆက်လက် အားကောင်းနေမှာဖြစ်ပြီး နေရာကွက်ကျား မိုးကြီးတာတွေနဲ့ မိုးသက်လေပြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တရုတ်နိုင်ငံဘက်မှ တိုးဝင်လာတဲ့ လေဖိအားမြင့် ရပ်ဝန်းကြောင့် အောက်တိုဘာလ ၁၄ ရက် နောက်ပိုင်းမှာ မိုးရွာသွန်းမှု လျော့နည်းသွားမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မန္တလေး၊ ပုသိမ်ကြီးမြို့နယ်မှာ ဓားပြတိုက်ခံရတယ်လို့ အုပ်ချုပ်ရေးမှူးထံ လိမ်လည် တိုင်ကြားခဲ့တဲ့ အမျိုးသမီး ၂ ဦးကို ပုသိမ်းကြီးမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လစီ…
ပြည်တွင်းသတင်း
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာမှာ လိုင်းကြေးပေးပြီး နှစ်ရှည်လုပ်ကိုင်နေတဲ့ ဂျင်ဝိုင်းတွေကို အာဏာသိမ်းအစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ရုပ်သံ
ပြည်တွင်းသတင်း
အလင်းရောင်ရဖို့လို့ဆိုကာ သက်တမ်းရင့်အပင်ကြီးတွေကို ခုတ်လှဲရောင်းစားတဲ့ မြို့နယ်စီမံအဖွဲ့တခုလုံး ဖမ်းဆီးခံရတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ