ရုပ်သံ
Daily NEWS
အောက်တိုဘာ ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မန္တလေးက "ခန့်ကြီး" ဘီယာဆိုင်ပိုင်ရှင် ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံး
အောက်တိုဘာ ၂၉
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ က.ည.န ရုံးအနီးမှာ ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတခုကို တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့ ဒီမနက် ၇ နာရီကျော်က ကညနရုံး မျက်နှာချင်းဆိုင်၊ ပန်းခြံမုခ်ဦးနဲ့ EV အားသွင်းတဲ့နေရာကြားက လမ်းကြောပေါ်မှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတဦး ကားပေါ်အတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေခဲ့တာလို့ သိရပါတယ်။
“ပန်းခြံနဲ့ EV အားသွင်းတဲ့နေရာနားမှာ ဖြစ်တာ၊ "ခန့်ကြီး" ဘီယာဆိုင်က လူလို့ပြောတယ်။ မန္တလေး စည်ပင်ကော်မတီက အရာရှိရဲ့တူလို့လည်း ပြောတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူဟာ Honda Vanos ကားရဲ့ ယာဉ်မောင်းနေရာမှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေခဲ့တာဖြစ်ပြီး "ခန့်ကြီး" ဘီယာဆိုင်ပိုင်ရှင် ကိုမျိုးသန့် (အသက် ၃၀ ကျော်ခန့်) ဆိုသူ ဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။
သေဆုံးသူ ကိုမျိုးသန့်ဟာ ညာဘက်နဖူးပြတ်ရှဒဏ်ရာ ၁ ချက်၊ ညာပါးပြတ်ရှဒဏ်ရာ ၃ ချက်၊ ဘယ်ပါးပြတ်ရှဒဏ်ရာ ၃ ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ညာလက်မောင်းပြတ်ရှဒဏ်ရာ ၁ စုစုပေါင်း ပြတ်ရှဒဏ်ရာ ၉ ချက်ရရှိကာ သေဆုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရွာဘုံလူမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး အမှတ်(၁၁) နယ်မြေရဲစခန်းမှာ (ပ) ၁၅၅/ ၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၀၂နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…
ပြည်တွင်းသတင်း
အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပြင်ဦးလွင်ကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ 'နယူးမန္တလာထွန်း' ခရီးသည်တင်ယာဉ်ဟာ ၁၉ မိုင်အရောက် မီးသတ်ကွေ့အနီးမှာ ဘရိတ်ပေါက်ပြီးနောက်…
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ သထုံမြို့၊ မိုးကောင်းကျေးရွာ၊ ဖရဲသီးဆိုင်တန်းရှေ့က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမပေါ်မှာ ခရီးသည်တင် Express နဲ့ ဆိုင်ကယ်တို့တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။