အရေးပေါ်
ပြည်တွင်းသတင်း

နေပြည်တော် သူဌေးကုန်းရွာအဝင်ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ လူတစ်စုက ရိုက်ခွဲဖျက်ဆီး

၂၀၂၆ ဇူလိုင် ၂၀ Myo Taw
နေပြည်တော် သူဌေးကုန်းရွာအဝင်ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ လူတစ်စုက ရိုက်ခွဲဖျက်ဆီး

နေပြည်တော် သူဌေးကုန်းရွာအဝင်ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ လူတစ်စုက ရိုက်ခွဲဖျက်ဆီး

ဇူလိုင် ၂၀

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အဟာရသုခစျေး တောင်ဘက်ရှိ သူဌေးကုန်းကျေးရွာအဝင်မှာ တည်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ လူတစ်စုက ရိုက်ခွဲဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။

ဇူလိုင်လ ၁၈ ရက် မနက်အစောပိုင်း ၂ နာရီခွဲခန့်က ဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ လူ ၁၅ ယောက်ထက်မနည်းရှိတဲ့ လူတစ်စုဟာ ကျောက်ဖောက်စက်တွေ၊ ပေါင်တူတွေ ယူဆောင်လာပြီး သူဌေးကုန်းကျေးရွာ အဝင်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တုကို ဖျက်ဆီးနေစဉ်အတွင်း လက်နက်ကိုင်ထားသူ ၁၀ ဦးခန့်ကလည်း အနီးပတ်ဝန်းကျင်မှာ လုံခြုံရေး ယူပေးထားခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်တု တည်ရှိရာ အနီးနားပတ်ဝန်းကျင်မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူတွေ များတာကြောင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံတွေအနေနဲ့ ထုတ်ဖော်ပြောဆိုဖို့ပင် ကြောက်လန့် စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ ညပိုင်းကလည်း မန္တလေးတိုင်းထဲက စဉ့်ကူး၊ တကောင်းနဲ့ မိုးကုတ်မြို့တွေရှိ ဗိုလ်ချုပ်ရုပ်တုတွေကို ဖျက်ဆီးယူဆောင်သွားခဲ့သလို ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းကလည်း ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်တုနဲ့ သာကေတမြို့နယ် မြကန်သာပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်တုတွေကို ဖြိုချ ဖျက်ဆီးခဲ့သေးတယ်လို့လည်း သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ရန်ကုန်မှာ နိုင်ငံခြားသားမောင်းလာတဲ့ကား ဓာတ်တိုင်ကိုဝင်တိုက်လို့ ကားပေါ်ပါ အမျိုးသမီး ၂ ဦး ဒဏ်ရာရ
VIDEO ပြည်တွင်းသတင်း

ရန်ကုန်မှာ နိုင်ငံခြားသားမောင်းလာတဲ့ကား ဓာတ်တိုင်ကိုဝင်တိုက်လို့ ကားပေါ်ပါ အမျိုးသမီး ၂ ဦး ဒဏ်ရာရ

ရန်ကုန်မှာ နိုင်ငံခြားသားမောင်းလာတဲ့ကား ဓာတ်တိုင်ကိုဝင်တိုက်လို့ ကားပေါ်ပါ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
တိရိစ္ဆာန်အစာစက်ရုံမှာ ကန်သန့်ရှင်းရေးလုပ်ရာက အလုပ်သမား ၃ ဦး အောက်ဆီဂျင်ပြတ်ကာသေဆုံး
VIDEO Afternoon NEWS

တိရိစ္ဆာန်အစာစက်ရုံမှာ ကန်သန့်ရှင်းရေးလုပ်ရာက အလုပ်သမား ၃ ဦး အောက်ဆီဂျင်ပြတ်ကာသေဆုံး

တိရိစ္ဆာန်အစာစက်ရုံမှာ ကန်သန့်ရှင်းရေးလုပ်ရာက အလုပ်သမား ၃ ဦး အောက်ဆီဂျင်ပြတ်ကာသေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်