ဇူလိုင် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
နေပြည်တော်မှာ နေအိမ်ပေါ်အထိတက်ကာ လူငယ်တွေ ဖမ်းဆီးခံနေရ
ဇူလိုင် ၂၉
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အရှေ့ကြို့ပင်ကျေးရွာ အုပ်ချူပ်ရေးမှူး ဦးကျော်ဌေး က အိမ်ထောင်စုတွေဆီက စစ်မှုထမ်းကြေး လစဉ်ကောက်ခံခဲ့ပေမယ့် လူငယ်တွေကိုလည်း နေအိမ်ပေါ်အထိ တက်ကာ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့က အရှေ့ကြို့ပင်ကျေးရွာနေ အဘ ဦးသောင်းရွှေရဲ့ သားဖြစ်သူ မောင်ငြိမ်းချမ်းကို ဟာ နေအိမ်ထဲမှာ ထိုင်နေစဉ် အုပ်ချူပ်ရေးမှူး ဦးကျော်ဌေး နှင့် အပေါင်းအပါတွေက စစ်မှုထမ်းအတွက်လို့ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပြီး လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
အရှေ့ကြို့ပင်ကျေးရွာ အုပ်ချူပ်ရေးမှူး ဦးကျော်ဌေး ဟာ စစ်မှုထမ်းကြေးအဖြစ် အိမ်ထောင်စု တစုကို လစဥ် ၇ သောင်းကျပ် ကောက်ခံထားသလို လူငယ်တွေကိုလည်း ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် စစ်မှုထမ်း လူရောင်းစားတာတွေ လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။
ဇွန်လ ၂၉ ရက် ည ၁၁ နာရီခွဲခန့်ကလည်း ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာ၊ ဘုန်းကြီးကျောင်း မြောက်ဘက်မှာ နေထိုင်တဲ့ ဦးကျော်လွင်ရဲ့ သားဖြစ်သူ မောင်ဖိုးချစ်ကို အုပ်ချုပ်ရေးမှူး စိုးသက်အောင်နဲ့ အဖွဲ့က အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ဆောင်လာပြီး နေအိမ်ပေါ်အထိ တက်ကာ သေနတ်နဲ့ ချိန်ရွယ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၁ ရက် မနက် ၄ နာရီခန့်ကလည်း ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီး ရပ်ကွက်မှာ အိမ်ငှားနေထိုင်တဲ့ အသက် ၃၀ အရွယ် မောင်ဇင်ကိုနိုင် ကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက နေအိမ်ထဲအထိ အတင်းအဓမ္မ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရွာတော် စစ်ကြောရေးစခန်းကို ပို့လိုက်တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။
မြို့တော် News Channel
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
အာဏာသိမ်း အစိုးရရဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၁ ရက်မြောက်နေ့မှာ သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံက ရှမ်းပြည်နယ် ကျောက်မဲခရိုင်၊ သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်နှင့် ပန်စောက်မိန်းကျေးရွာအုပ်စု…
ပြည်တွင်းသတင်း
ပဲခူးတိုင်း၊ ပဲခူးမြို့၊ အလင်းရောင်ရပ်ကွက် ၉ လမ်းမှာ နေထိုင်တဲ့ လူငယ်တစ်ဦးဟာ ၂ ရက်ကြာသည်အထိ ပျောက်ဆုံးနေတာကြောင့် မိသားစုတွေက စိတ်ပူပန်နေကြရတယ်လို့ သိရပါတယ်။
ကျောက်တန်းမှာ အမျိုးသမီးတဦး ပက်လက်အနေအထား လယ်ကွင်းထဲ သေဆုံးလျက်တွေ့ရှိတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်း သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့သတင်းများ…