ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
စင်းခန်းတံတားအနီး တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးပြီး သေနတ် ၂၈ လက် သိမ်းဆည်းရရှိ
စက်တင်ဘာ ၁၀
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စင်းခန်းတံတားအနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ၂ ရက်အတွင်း အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့သလို လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်း ရင်းမြစ်ထံက သိရပါတယ်။
အဆိုပါ သေဆုံးမှုအရေအတွက်ဟာ စက်တင်ဘာလ ၈ ရက်နဲ့ ၉ ရက်နေ့က အရေတွက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
"စက်တင်ဘာ ၈ ရက်နေ့က သေနတ် ၁၉ လက်၊ စက်တင်ဘာ ၉ ရက်နေ့က သေနတ် ၉ လက် သိမ်းဆည်းရရှိတယ်။ စစ်တပ်ဘက်က အယောက် ၃၀ ကျော် သေဆုံး” လို့ ကချင်စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။
စစ်သင်္ဘောတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး "ဗန်းမော်က ဆင်းလာတာက ၂ စီး၊ မန္တလေးဘက်က တက်လာတဲ့ ၂ စီး စုစုပေါင်း ၄ စီးကို တစ်နေ့တည်း ဖျက်ဆီးလိုက်နိုင်တယ်" လို့ ပြောပါတယ်။
အာဏာသိမ်း စစ်တပ်က ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးမြို့ကနေ ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်ရေး သင်္ဘောတွေပါဝင်တဲ့ ရေယာဉ်အုပ်စုဟာ စက်တင်ဘာလ ၄ ရက်နေ့မှာ ထွက်လာတာ ဖြစ်ပါတယ်။
မန္တလေးကနေ ဆန်တက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေး သင်္ဘော ၃ စီးနဲ့ သံခွန် ၁ စီးတို့ဟာ စက်တင်ဘာလ ၉ ရက်နေ့ မနေ့က ညနေပိုင်းမှာ ကသာမြို့ကို ရောက်ရှိလာပြီး အခြားသင်္ဘော ၂၇ စီးဟာ မြတောင်၊ မောင်းကုန်းရွာမှာ ကမ်းကပ်ခဲ့တယ်လို့ ရေပြင် ကင်းထောက်ချန်နယ်က ဖော်ပြထားပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…
ပြည်တွင်းသတင်း
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ