အရေးပေါ်
ပြည်တွင်းသတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်

၂၀၂၆ စက်တင်ဘာ ၇ Myo Taw
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်

စက်တင်ဘာ ၇

တော်လှန်ရေးကာလ ၅ နှစ်အတွင်း စစ်ရေးတာဝန်တွေကို ကိုယ်ကျိုးမငဲ့ဘဲ ထမ်းဆောင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ဆုပေးပွဲအခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တည်ထောင်တာ ၅ နှစ်ပြည့်တဲ့နေ့ဖြစ်တဲ့ စက်တင်ဘာ ၇ ရက်မှာ အွန်လိုင်းနဲ့ မြေပြင် နှစ်မျိုးပေါင်းစပ်ပြီး ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်နဲ့ ဖက်ဒရယ်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ PDF၊ PDO တပ်မှူးတွေနဲ့ ရဲဘော်တွေ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခမ်းအနားအတွင်း ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (Honor of People's Revolution/HPR)၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ (Legend of People's Revolution/LPR)၊ ပြည်သူ့ဇာနည်ဆု (People’s Medal for Noble Service/PMNS)၊ ပြည်သူ့သားကောင်းဆု (People’s Medal for Loyal Service/PMLS) နဲ့ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service - BRS) တွေကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဆုနဲ့ ဘွဲ့တွေ ရရှိသူတွေထဲမှာ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ရရှိသူ ၁ ဦး၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ ရရှိသူ ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု ရရှိသူ ၁,၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု ရရှိသူ ၈၁ ဦးနဲ့ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် ရရှိသူ ၄၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။

စုစုပေါင်း ဆု၊ ဘွဲ့နဲ့ တံဆိပ် ချီးမြှင့်ခံရသူ ၁,၇၉၂ ဦးရှိပြီး PDF က ၁,၄၄၂ ဦး၊ PDO က ၃၂၄ ဦးနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေက ၂၆ ဦး ပါဝင်သလို စစ်ဒေသ၊ တပ်မ၊ တပ်ရင်းနဲ့ တပ်ဖွဲ့အလိုက် ချီးမြှင့်ခံရတဲ့ အဖွဲ့ပေါင်း ၄၅ ဖွဲ့လည်း ပါဝင်တယ်လို့ သိရပါတယ်။

NUG အနေနဲ့ သူရဲကောင်းဆု၊ ဘွဲ့နဲ့ တံဆိပ် ချီးမြှင့်တဲ့ အစီအစဉ်ကို နောင်နှစ်တွေမှာလည်း နှစ်စဉ် ဆက်လက်ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (7)

ဆက်စပ် သတင်းများ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ ရုပ်သံ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…

ကြည့်ရန်
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…

ဖတ်ရန်