အရေးပေါ်
ပြည်တွင်းသတင်း

တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး

၂၀၂၆ စက်တင်ဘာ ၃၀ Myo Taw
တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး

တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး

စက်တင်ဘာ ၃၀

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ဘို့ကြီးကျေးရွာကို စစ်ကြောင်းထိုးကာ တပ်ဆွဲထားတဲ့ အာဏာသိမ်းစစ်တပ်က ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ကာ အင်အား ၈၀ ခန့်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် တောင်ဘို့ကြီးကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စတင်ပြီး ကျေးရွာဘုန်းကြီးကျောင်း မြောက်ဘက်ခြမ်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

“ပထမဆုံးအကြိမ် မီးအရှို့ခံရတာ။ စစ်ကြောင်းဝင်လာလို့ ကြောက်ပြီး ပြေးတဲ့အိမ်တွေကို ရှို့တာ။ အဲ့ကနေ တဆင့်ပြီးတဆင့် လောင်ကုန်တာ။ ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ရွာထဲကသတင်းတွေ လိုက်စုံစမ်းနေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ် စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရပြီး ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့ထိ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားလို့ မြေပြင်အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

“ရွာထဲကျန်တဲ့လူတွေက မီးမငြှိမ်းရဲကြဘူး။ သူတို့က မီးရှို့ပြီး သေနတ်တွေ ဖောက်တာ။ အိမ်တွေ အကုန်ကုန်မှ မီးကငြိမ်းသွားတာ၊ ၁၅ လုံးကျော် ပါသွားတယ်” လို့ အနီးအနားကျေးရွာရှိ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ဆောမြို့နယ်၊ သီးကုန်းကျေးရွာထဲက ပြည်သူပိုင်နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က မီးရှို့ ဖျက်ဆီးသွားလို့ နေအိမ် ၃ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မန္တလေးတိုင်းမှာ ၂ ရက်အတွင်း ယာဉ်တိုက်မှုတွေ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရကာ ၁ ဦး စိုးရိမ်ရ ပြည်တွင်းသတင်း

မန္တလေးတိုင်းမှာ ၂ ရက်အတွင်း ယာဉ်တိုက်မှုတွေ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရကာ ၁ ဦး စိုးရိမ်ရ

မန္တလေးတိုင်းထဲက ပုသိမ်ကြီး၊ ဝမ်းတွင်းနဲ့ ရမည်းသင်းမြို့နယ်တွေမှာ စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေအတွင်း ယာဉ်မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး…

ဖတ်ရန်
မိုးမိတ်မြို့အထွက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းကုန်းလည်း အသိမ်းခံထားရ ပြည်တွင်းသတင်း

မိုးမိတ်မြို့အထွက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းကုန်းလည်း အသိမ်းခံထားရ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဖတ်ရန်
အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို ခိုးယူပေါင်းသင်းခဲ့တဲ့ လူငယ်အမျိုးသားကို ဖခင်ဖြစ်သူက ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ပြည်တွင်းသတင်း

အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို ခိုးယူပေါင်းသင်းခဲ့တဲ့ လူငယ်အမျိုးသားကို ဖခင်ဖြစ်သူက ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်

တာချီလိတ်မြို့မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးကို အသက် ၁၆ နှစ်အရွယ် အမျိုးသားတဦးက နေအိမ်ကနေခေါ်ဆောင်ပြီး ၄ ရက်ကြာခန့် ပေါင်းသင်းနေထိုင်ခဲ့တာကြောင့် မိန်းကလေးငယ်ရဲ့…

ဖတ်ရန်
မုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီးနောက် နိုင်ငံတဝန်း မိုးရွာသွန်းမှု သိသိသာသာ လျော့ကျသွားမယ်လို့ဆို ပြည်တွင်းသတင်း

မုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီးနောက် နိုင်ငံတဝန်း မိုးရွာသွန်းမှု သိသိသာသာ လျော့ကျသွားမယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ စက်တင်ဘာလ ၃၀ ရက် ဒီကနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းမှ ရွေ့လျားလာတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်သို့ ဆက်လက်တိုးဝင်ခဲ့ပြီး…

ဖတ်ရန်