အရေးပေါ်
ပြည်တွင်းသတင်း

မိုးမိတ်မြို့အထွက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းကုန်းလည်း အသိမ်းခံထားရ

၂၀၂၆ စက်တင်ဘာ ၃၀ Myo Taw
မိုးမိတ်မြို့အထွက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းကုန်းလည်း အသိမ်းခံထားရ

မိုးမိတ်မြို့အထွက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းကုန်းလည်း အသိမ်းခံထားရ

စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက စတင်ကာ မိုးမိတ်မြို့အထွက် ရွှေမြင်တင်ဘုရားအနီးက အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းအနီးမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်နေတာ ၃ ရက်ပြီ၊ မြို့အထွက်က စခန်းကို KIA က သိမ်းလိုက်တာမှာ လေယာဥ်နဲ့ လာကြဲနေတာ ဆူညံနေတာပဲ။ ပစ်ခတ်တာက ရပ်မသွားဘူး။ အခြေအနေအရ တိုက်ပွဲက မြို့ထဲဝင်လာတော့မယ့် အနေအထားပဲ” လို့ မိုးမိတ်မြို့ဒေသခံတဦးက ပြောပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

“မြို့ပေါ်ကိုပဲ စစ်တပ်က ပြန်ယူထားတာ၊ ရွာဘက်တွေကိုတော့ မပါဘူး၊ ရွာဘက်ကတွေက KIA က ထိန်းချုပ်ထားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

လတ်တလောမှာ မိုးမိတ်မြို့ပေါ်က ဒေသခံတွေစစ်ရှောင်ဖို့ ပြင်ဆင်နေကြရပြီး အာဏာသိမ်းစစ်တပ်ရဲ့ စခန်းကုန်းကိုလည်း တော်လှန်ရေးတပ်တွေဘက်က သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး ပြည်တွင်းသတင်း

တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ဘို့ကြီးကျေးရွာကို စစ်ကြောင်းထိုးကာ တပ်ဆွဲထားတဲ့ အာဏာသိမ်းစစ်တပ်က ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
မန္တလေးတိုင်းမှာ ၂ ရက်အတွင်း ယာဉ်တိုက်မှုတွေ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရကာ ၁ ဦး စိုးရိမ်ရ ပြည်တွင်းသတင်း

မန္တလေးတိုင်းမှာ ၂ ရက်အတွင်း ယာဉ်တိုက်မှုတွေ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရကာ ၁ ဦး စိုးရိမ်ရ

မန္တလေးတိုင်းထဲက ပုသိမ်ကြီး၊ ဝမ်းတွင်းနဲ့ ရမည်းသင်းမြို့နယ်တွေမှာ စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေအတွင်း ယာဉ်မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး…

ဖတ်ရန်
အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို ခိုးယူပေါင်းသင်းခဲ့တဲ့ လူငယ်အမျိုးသားကို ဖခင်ဖြစ်သူက ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ပြည်တွင်းသတင်း

အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို ခိုးယူပေါင်းသင်းခဲ့တဲ့ လူငယ်အမျိုးသားကို ဖခင်ဖြစ်သူက ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်

တာချီလိတ်မြို့မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးကို အသက် ၁၆ နှစ်အရွယ် အမျိုးသားတဦးက နေအိမ်ကနေခေါ်ဆောင်ပြီး ၄ ရက်ကြာခန့် ပေါင်းသင်းနေထိုင်ခဲ့တာကြောင့် မိန်းကလေးငယ်ရဲ့…

ဖတ်ရန်
မုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီးနောက် နိုင်ငံတဝန်း မိုးရွာသွန်းမှု သိသိသာသာ လျော့ကျသွားမယ်လို့ဆို ပြည်တွင်းသတင်း

မုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီးနောက် နိုင်ငံတဝန်း မိုးရွာသွန်းမှု သိသိသာသာ လျော့ကျသွားမယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ စက်တင်ဘာလ ၃၀ ရက် ဒီကနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းမှ ရွေ့လျားလာတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်သို့ ဆက်လက်တိုးဝင်ခဲ့ပြီး…

ဖတ်ရန်