ရုပ်သံ
Daily NEWS
အောက်တိုဘာ ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရန်ကုန်နဲ့ မန္တလေးမှာ ညဘက် လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲဖမ်းဆီးမှု ဆက်တိုက်ဖြစ်နေ
အောက်တိုဘာ ၂၉
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လမ်းသွားလမ်းလာ အရပ်သားတွေနဲ့ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ရဲက မတရားပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ မြေပြင်ကင်းထောက်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အောက်တိုဘာလ ၂၇ ရက် ည ၈ နာရီခန့်က ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းပေါ် အုတ်လမ်းမှတ်တိုင်အနီး မုန့်တီဆိုင်နားမှာ ဆိုင်ကယ် ၅ စီးနဲ့ စောင့်နေတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတွေက လမ်းလျှောက်လာတဲ့ လူ ၆ ဦးထဲက အသက် ၄၀ အရွယ် အမျိုးသားတဦးနဲ့ လူငယ်တဦးကို ဝိုင်းဆွဲဖမ်းပြီး ဆိုင်ကယ်ပေါ်တင်ကာ ယုဇနဟိုတယ်ဘက်ကို မောင်းထွက်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၂၆ ရက် ည ၇ နာရီခန့်ကလည်း ရန်ကုန်မြို့ထဲမှာ အလုပ်ကနေ ပြန်လာတဲ့ ဆောက်လုပ်ရေးလုပ်သား လူငယ် ၂ ဦးကို စစ်ကားတစီးနဲ့ စစ်သားတွေက ကားပေါ် အတင်းဆွဲတင် ဖမ်းသွားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ဆောက်လုပ်ရေးလုပ်သား ၂ ဦးဟာ ကိုသက်ကို အသက် ၃၀ နှစ်ခန့်နဲ့ ကိုနေမင်းထက် အသက်၂၀ နှစ်ခန့် ဆိုသူတို့ဖြစ်ပြီး ဧရာဝတီတိုင်း ငပုတောနဲ့ လပွတ္တာဘက်ကနေ သင်္ဃန်းကျွန်းမြို့နယ်ထဲ အဆောင်ငှားနေရင်း အလုပ်လုပ်နေကြသူတွေဖြစ်ကာ မှော်ဘီမြို့နယ်ထဲက တပ်စခန်းတခုကို စစ်မှုထမ်းစုဆောင်းရေးအတွက် ပို့ခံထားရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း ၅ ခွဆုံ၊ သိမ်ဖြူအထက်လမ်းပေါ်က လူအိုရုံနားမှာ လမ်းလျှောက်နေတဲ့ အသက် ၄၅ နှစ်ကျော်အရွယ် အမျိုးသားတဦးကို အိမ်စီးကားတစီးနဲ့ ရောက်လာတဲ့ လူ ၄ ဦးက ကားပေါ် အတင်းဆွဲတင်ဖို့ လုပ်ခဲ့ပေမဲ့ အပြင်းအထန် ရုန်းကန်ပြီး ထွက်ပြေးခဲ့တာကြောင့် လွှတ်မြောက်ခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ မန္တလေးမြို့မှာလည်း အောက်တိုဘာလ ၂၇ ရက် ည ၉ နာရီခွဲခန့်က ကမ်းနားလမ်း၊ ၉၂ လမ်းနဲ့ ၂၆ လမ်းထောင့် Royal Family KTV နားမှာ အာဏာသိမ်းစစ်တပ်က အိမ်စီးကား ၂ စီးနဲ့ လမ်းသွားလမ်းလာ ဆိုင်ကယ်စီး လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး ပေါ်တာဆွဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအတွက် လူအင်အားလိုအပ်နေတာကြောင့် ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ ညဘက် လမ်းသွားလမ်းလာ လူငယ်တွေနဲ့ အမျိုးသားတွေကို ပစ်မှတ်ထားပြီး အလစ်အငိုက် အတင်းအဓမ္မ ဖမ်းဆီးတာတွေ ပိုလုပ်လာနေတယ်လို့ မြေပြင်ကင်းထောက် သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…
ပြည်တွင်းသတင်း
အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပြင်ဦးလွင်ကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ 'နယူးမန္တလာထွန်း' ခရီးသည်တင်ယာဉ်ဟာ ၁၉ မိုင်အရောက် မီးသတ်ကွေ့အနီးမှာ ဘရိတ်ပေါက်ပြီးနောက်…
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ သထုံမြို့၊ မိုးကောင်းကျေးရွာ၊ ဖရဲသီးဆိုင်တန်းရှေ့က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမပေါ်မှာ ခရီးသည်တင် Express နဲ့ ဆိုင်ကယ်တို့တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။