အရေးပေါ်
ပြည်တွင်းသတင်း

တောင်ကြီးမြို့မှာ Power Bank အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့

၂၀၂၆ အောက်တိုဘာ ၅ Myo Taw
တောင်ကြီးမြို့မှာ Power Bank အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့

တောင်ကြီးမြို့မှာ Power Bank အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့

အောက်တိုဘာ ၅

ရှမ်းပြည်နယ်(တောင်းပိုင်း)၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်မှာ အောက်တိုဘာလ ၅ ရက် ဒီကနေ့ မနက် ၄ နာရီ ၃၅ မိနစ်ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ ၁၃ အိမ်အမှတ် (မ-၁၃/၄၁) ၊ ၁၈ ပေ ၁၅ ပေ သွပ်မိုး ပျဉ်ခင်း၊ နံကပ် ၂ ထပ် အိမ်အပေါ်ထပ်မှာ Power Bank အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဆိုပါမီးလောင်မှု ဖြစ်စဉ်ကို ခရိုင်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ မြို့နယ်စခန်းမှ မီးသတ်ကား၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၆ ဦး၊ အရန် ၄ ဦး တို့က မနက် ၄ နာရီ ၄၀ မိနစ်မှာ စတင်ထွက်ခွါခဲ့ပြီး မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုကြောင့် ၁၈ ပေ ၁၅ ပေ သွပ်မိုး ပျဉ်ခင်း၊ နံကပ် ၂ ထပ် လူနေအိမ်တစ်လုံး မီးလောင် ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံ ၁၂ ဦး ရဲ့ အရိုးစုတွေ တွေ့ရှိ ပြည်တွင်းသတင်း

မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံ ၁၂ ဦး ရဲ့ အရိုးစုတွေ တွေ့ရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံတွေရဲ့ အရိုးစုတွေကို ရှာတွေ့ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်က အောက်တိုဘာလ…

ဖတ်ရန်
ကျိုက်ထိုမြို့နယ်ထဲက ရွာတွေကို တပ်မ(၄၄)က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ကလေးငယ် ၁ ဦး သေဆုံး ပြည်တွင်းသတင်း

ကျိုက်ထိုမြို့နယ်ထဲက ရွာတွေကို တပ်မ(၄၄)က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ကလေးငယ် ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်မ(၄၄)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့…

ဖတ်ရန်
နမ့်ဆန်မြို့က တောင်တက်လမ်းမှာ ခရီးသည်တင်ကား နောက်ပြန်လိမ့်ကျလို့ အမျိုးသမီး ၁ ဦး သေဆုံး ပြည်တွင်းသတင်း

နမ့်ဆန်မြို့က တောင်တက်လမ်းမှာ ခရီးသည်တင်ကား နောက်ပြန်လိမ့်ကျလို့ အမျိုးသမီး ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရန်ကုန်မှာ စစ်မှုထမ်းအတွက် လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရမှု ဆက်တိုက်ဖြစ်ပွားနေ ပြည်တွင်းသတင်း

ရန်ကုန်မှာ စစ်မှုထမ်းအတွက် လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရမှု ဆက်တိုက်ဖြစ်ပွားနေ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၁ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေအပြင်…

ဖတ်ရန်