အရေးပေါ်
ပြည်တွင်းသတင်း

ပူတာအိုမြို့မှာ စည်းကမ်းမဲ့လွှတ်ထားတဲ့ နွားတွေ ဖမ်းဆီးနေ၊ ၇ ရက်အတွင်း မရွေးရင် လေလံတင်မယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၇ Myo Taw
ပူတာအိုမြို့မှာ စည်းကမ်းမဲ့လွှတ်ထားတဲ့ နွားတွေ ဖမ်းဆီးနေ၊ ၇ ရက်အတွင်း မရွေးရင် လေလံတင်မယ်လို့ဆို

ပူတာအိုမြို့မှာ စည်းကမ်းမဲ့လွှတ်ထားတဲ့ နွားတွေ ဖမ်းဆီးနေ၊ ၇ ရက်အတွင်း မရွေးရင် လေလံတင်မယ်လို့ဆို

စက်တင်ဘာ ၇

ကချင်ပြည်နယ် ပူတာအိုမြို့မှာ စည်းကမ်းမဲ့ လွှတ်ထားတဲ့ နွားတွေကို စက်တင်ဘာ ၁ ရက်နေ့က စတင်ကာ သက်ဆိုင်ရာဌာနတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဖမ်းဆီးထိန်းသိမ်းထားကာ ငွေပေးပြီး ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

နွားတွေကို အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေအပြင် စည်ပင်သာယာအဖွဲ့၊ ထွေအုပ်၊ ရဲ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကပါ ပူးပေါင်းဖမ်းဆီးနေတာလို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ နွားတွေကို ရပ်ကွက်အလိုက် နွားခြံတွေမှာ ထိန်းသိမ်းထားပြီး နွားပိုင်ရှင်တွေက ကိုယ့်ရပ်ကွက်က နွားခြံတွေမှာ သွားရောက်စစ်ဆေးကာ ကိုယ့်နွားပါလာရင် ငွေပေးပြီး ပြန်ရွေးယူနေရတယ်လို့ သိရပါတယ်။

“ဖမ်းတဲ့နေ့မှာ ပြန်ရွေးရင် တစ်သောင်းပေးရတယ်။ တစ်ညကျော်သွားရင် နောက်ထပ်တစ်သောင်း ထပ်ပေးရတယ်” လို့ ကောင်ကထောင်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားတဲ့ နွားတွေကို ၇ ရက်အတွင်း ပိုင်ရှင်က လာမရွေးရင် လေလံတင်ရောင်းချသွားမယ်လို့ သက်ဆိုင်ရာဌာနတွေက သတ်မှတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကောင်ကထောင်၊ လေယာဉ်ကွင်း၊ လုံးစွတ်၊ သုတ္တန်၊ မြို့မနဲ့ ဟိုခို စတဲ့ ပူတာအိုမြို့ပေါ် ရပ်ကွက်တွေမှာ ဖမ်းဆီးထားတဲ့ နွားတွေအတွက် နွားခြံတွေ သီးခြားပြုလုပ်ထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး ရုပ်သံ ပြည်တွင်းသတင်း

ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး

ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု…

ကြည့်ရန်
လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…

ဖတ်ရန်