အရေးပေါ်
ပြည်တွင်းသတင်း

ပူတာအိုမြို့မှာ စည်းကမ်းမဲ့လွှတ်ထားတဲ့ နွားတွေ ဖမ်းဆီးနေ၊ ၇ ရက်အတွင်း မရွေးရင် လေလံတင်မယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၇ Myo Taw
ပူတာအိုမြို့မှာ စည်းကမ်းမဲ့လွှတ်ထားတဲ့ နွားတွေ ဖမ်းဆီးနေ၊ ၇ ရက်အတွင်း မရွေးရင် လေလံတင်မယ်လို့ဆို

ပူတာအိုမြို့မှာ စည်းကမ်းမဲ့လွှတ်ထားတဲ့ နွားတွေ ဖမ်းဆီးနေ၊ ၇ ရက်အတွင်း မရွေးရင် လေလံတင်မယ်လို့ဆို

စက်တင်ဘာ ၇

ကချင်ပြည်နယ် ပူတာအိုမြို့မှာ စည်းကမ်းမဲ့ လွှတ်ထားတဲ့ နွားတွေကို စက်တင်ဘာ ၁ ရက်နေ့က စတင်ကာ သက်ဆိုင်ရာဌာနတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဖမ်းဆီးထိန်းသိမ်းထားကာ ငွေပေးပြီး ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

နွားတွေကို အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေအပြင် စည်ပင်သာယာအဖွဲ့၊ ထွေအုပ်၊ ရဲ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကပါ ပူးပေါင်းဖမ်းဆီးနေတာလို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ နွားတွေကို ရပ်ကွက်အလိုက် နွားခြံတွေမှာ ထိန်းသိမ်းထားပြီး နွားပိုင်ရှင်တွေက ကိုယ့်ရပ်ကွက်က နွားခြံတွေမှာ သွားရောက်စစ်ဆေးကာ ကိုယ့်နွားပါလာရင် ငွေပေးပြီး ပြန်ရွေးယူနေရတယ်လို့ သိရပါတယ်။

“ဖမ်းတဲ့နေ့မှာ ပြန်ရွေးရင် တစ်သောင်းပေးရတယ်။ တစ်ညကျော်သွားရင် နောက်ထပ်တစ်သောင်း ထပ်ပေးရတယ်” လို့ ကောင်ကထောင်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားတဲ့ နွားတွေကို ၇ ရက်အတွင်း ပိုင်ရှင်က လာမရွေးရင် လေလံတင်ရောင်းချသွားမယ်လို့ သက်ဆိုင်ရာဌာနတွေက သတ်မှတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကောင်ကထောင်၊ လေယာဉ်ကွင်း၊ လုံးစွတ်၊ သုတ္တန်၊ မြို့မနဲ့ ဟိုခို စတဲ့ ပူတာအိုမြို့ပေါ် ရပ်ကွက်တွေမှာ ဖမ်းဆီးထားတဲ့ နွားတွေအတွက် နွားခြံတွေ သီးခြားပြုလုပ်ထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ ရုပ်သံ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…

ကြည့်ရန်
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…

ဖတ်ရန်