အရေးပေါ်
ပြည်တွင်းသတင်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလ ထုတ်ပြန်

၂၀၂၆ နိုဝင်ဘာ ၆ Myo Taw
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလ ထုတ်ပြန်

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလ ထုတ်ပြန်

နိုဝင်ဘာ ၆

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ နိုဝင်ဘာလ ၆ ရက်နေ့ ဒီကနေ့ မနက် ၇ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေတယ်လို့ ဆိုပါတယ်။

မိုးလေဝသ တိုင်းထွာချက်တွေအရ နိုဝင်ဘာလ ၆ ရက် ဒီကနေ့ ညနေအထိ ခန့်မှန်းချက်အနေနဲ့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမှာဖြစ်ပြီး တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့မှာ နေရာကျဲကျဲနှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၅ ပေမှ ၇ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်အနေနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ မန္တလေးနှင့် အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

'ဘုရင်' ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးတွေကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ ထောင် ၅၄ နှစ်နဲ့ ၃၄ နှစ်စီ မတရားအမိန့်ချ ပြည်တွင်းသတင်း

'ဘုရင်' ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးတွေကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ ထောင် ၅၄ နှစ်နဲ့ ၃၄ နှစ်စီ မတရားအမိန့်ချ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးကွင်းအတွင်း ပြေးဆွဲနေတဲ့ 'ဘုရင်' အဝေးပြေးမော်တော်ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးဝန်ထမ်း ၂ ဦးကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး…

ဖတ်ရန်
မော်လူးမှာ ရပ်နားထားတဲ့ ယာဉ်တန်းပေါ် Drop ဗုံးကျလို့ ကား ၂ စီး ပျက်စီးကာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ ပြည်တွင်းသတင်း

မော်လူးမှာ ရပ်နားထားတဲ့ ယာဉ်တန်းပေါ် Drop ဗုံးကျလို့ ကား ၂ စီး ပျက်စီးကာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်အနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်က မော်လူးမြို့မှာ ပိတ်မိနေတဲ့ ကားတန်း Drop ဗုံးနဲ့ ကြဲချခံရလို့ ဈေးသည် ၁ ဦး ထိခိုက်ကာ…

ဖတ်ရန်
နှစ်ရက်အတွင်း ရှမ်းတောင်နဲ့ မွန်ပြည်နယ်မှာ မိုးကြိုးပစ်ခံရလို့ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ ပြည်တွင်းသတင်း

နှစ်ရက်အတွင်း ရှမ်းတောင်နဲ့ မွန်ပြည်နယ်မှာ မိုးကြိုးပစ်ခံရလို့ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နဲ့ ဟဲဟိုးမြို့တို့မှာ တနေ့တည်း မိုးကြိုးထိမှန်လို့ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်