ပြည်တွင်းသတင်း
စလော့ဂိမ်းရှုံးလို့ ကားသမား ၁ ဦး ကားအမိုးချည်တဲ့ကြိုးနဲ့ ကြိုးဆွဲချ အဆုံးစီရင်
စလော့ဂိမ်းရှုံးလို့ ကားသမား ၁ ဦး ကားအမိုးချည်တဲ့ကြိုးနဲ့ ကြိုးဆွဲချ အဆုံးစီရင်
ဇူလိုင် ၃
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်း-ကလော ကားလမ်းမကြီးဘေးမှာ စလော့ဂိမ်းရှုံးလို့ ကားသမား ၁ ဦး ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၃ ရက် ဒီကနေ့ မနက်ပိုင်းက အောင်ပန်း-ကလောလမ်းခွဲ တိုးဂိတ်အကျော်မှာ ၁၂ ဘီးယာဉ် ခေတ္တရပ်နားနေချိန်မှာ ကားအပေါ်က မိုးကာချည်တဲ့ကြိုးနဲ့ လည်ပင်းကို ချည်နှောင်ကာ ကားအနီးမှာတင် ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့တာလို့ သိရပါတယ်။
“ကားစပယ်ယာ အိပ်နေတဲ့အချိန် ကားအမိုးက ကြိုးနဲ့လည်ပင်းကို ချည်ပြီး အဆုံးစီရင်သွားတာ၊ ညကတည်းက စလော့ဂိမ်းဆော့တာမှာ ကုန်ဖိုး သိန်း ၁၅၀ နဲ့ စပယ်ယာကြေး ၃ သိန်းပါမကျန် ကုန်သွားတယ်လို့ ကြားတယ်၊ အဲ့ဒါပြီးတော့ ကားကို လမ်းဘေးရပ်ပြီး အခုလိုလုပ်သွားတာ” လို့ နီးစပ်တဲ့ ကားသမားတဦးက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ယာဉ်မောင်းဖြစ်သူဟာ ညောင်ရွှေမြို့၊ အမှတ်(၁) ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ကိုလှိုင်မင်း ဆိုသူဖြစ်ပြီး အဆိုပါ ၁၂ ဘီးကုန်ကားဟာ မနက် ၂ နာရီခန့်ကတည်းက အခင်းဖြစ်တဲ့နေရာကို ရောက်ရှိနေတာလို့ သိရပါတယ်။
“ကောင်လေးက ငယ်သေးတယ်၊ အောင်ပန်း ပရဟိတအသင်းက အောင်းပန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ထားတယ်၊ မိသားစုတွေ မလာသေးဘူး၊ ခုနောက်ပိုင်း viber တွေကနေပါ စလော့ဂိမ်းဝက်ဆိုဒ်တွေ ပို့နေကြတော့ လူတွေဒုက္ခရောက်တာ ပိုများလာတယ်” လို့ ပရဟိတအဖွဲဝင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့မေလ ၁၉ ရက်နေ့ကလည်း ပင်းတယမြို့နယ်၊ မြင်းမူရွာမှာ စလော့ဂိမ်းရှုံးပြီး အကြွေးတင်နေတဲ့ မူလတန်ပြဆရာမက သားအမိနှစ်ယောက်တည်းရှိတဲ့ နေအိမ်ကို ဓားပြတိုက် ပစ္စည်းလုယက်ပြီး လူသတ်မှုပါ ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel
ဓာတ်ပုံများ (1)
ဆက်စပ် သတင်းများ
ပြည်တွင်းသတင်း
ဇူလိုင် ၃ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်အကြီးစားမို့ ရှင်းလင်းခဲ့ရတာလို့ နတ်မောက် ပကဖ သတင်းထုတ်ပြန်
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နလက္ခုပ္ပင်ကျေးရွာက ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်သူလျှိုအကြီးစား ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
ပြည်တွင်းသတင်း
ကျိုင်းတုံမှာ ပရိဘောဂဆိုင်ပိုင်ရှင်ရဲ့ သမီးကို နေ့လယ်ခင်းကြီး ပေါ်တင်ပြန်ပေးဆွဲမှု ဖြစ်ပွား
ဇူလိုင်လ ၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်က ကျိုင်းတုံမြို့ အမှတ်(၄) ရပ်ကွက်၊ နွဲနော်ရပ်က “ကိုစိုင်းလွတ်” ပရိဘောကဆိုင်ရှေ့ကို အိမ်စီးကားအဖြူစီးလာတဲ့ အမျိုးသား ၄…