အရေးပေါ်
ပြည်တွင်းသတင်း

အမြန်လမ်းပေါ်မှာ ယာဉ်မောင်းကို ရိုက်နှက်သတ်ဖြတ်ပြီး ကား လုသွားသူကို ဖမ်းဆီးရမိပြီလို့ဆို

၂၀၂၆ စက်တင်ဘာ ၇ Myo Taw
အမြန်လမ်းပေါ်မှာ ယာဉ်မောင်းကို ရိုက်နှက်သတ်ဖြတ်ပြီး ကား လုသွားသူကို ဖမ်းဆီးရမိပြီလို့ဆို

အမြန်လမ်းပေါ်မှာ ယာဉ်မောင်းကို ရိုက်နှက်သတ်ဖြတ်ပြီး ကား လုသွားသူကို ဖမ်းဆီးရမိပြီလို့ဆို

စက်တင်ဘာ ၇

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၇၉/၁) အနီးမှာ ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူ အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့ကာ ကား လုသွားသူကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နေ အသက် ၃၄ နှစ်အရွယ်ရှိ ဦးဝင်းကို ကို အမျိုးသားတစ်ဦးက နေပြည်တော်ကနေ မိတ္တီလာကို ကား ငှားခဲ့တယ်လို့သိရပြီး ညနေ ၅ နာရီမှာ ရန်ကုန် - မန္တလေး လမ်းပေါ်မှာ နွားကျောင်းသား တစ်ဦးက ဦးဝင်းကိုရဲ့ ရုပ်အလောင်းကို တွေ့ခဲ့တာလို့ သိရပါတယ်။

"သူမိသားစုက ၄ နာရီခွဲမှာ သူ့ဖုန်းကိုဆက်တော့ အမျိုးသားတယောက်ကိုင်ပြီး ဖုန်းစက်ပိတ်လိုက်တယ် ပြောတယ်။ အဲ့ကနေ လိုက်ရှာကြတာ၊ အလောင်းကို နွားကျောင်းသားလေးကတွေ့တာ။ လမ်းဘေးမှာ သတ်ပြီး စွန့်ပစ်ထားတာ။ မျက်နှာနဲ့ ခေါင်းမှာ ဒဏ်ရာတွေနဲ့ သေနေတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီခွဲကျော်မှာ အမြန်လမ်းဘေး ပေ ၃၀၀ ကျော် အကွာအဝေးမှာ ဦးခေါင်းနဲ့ မျက်လုံးတို့မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးဝင်းကို ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြပြီး ရင်ခွဲရုံကို ပို့ဆောင် စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

"သေနတ် ဒဏ်ရာလည်း တွေ့တယ်လို့ပြောတယ်။ ထုရိုက်သတ်ရုံတင် မဟုက်ဘူး။ သေနတ် နဲ့ ပစ်တာထင်တယ်။ ခုမနက် ၅ နာရီလောက်က တရားခံကို မိပြီလို့ ကြားတယ်" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဦးဝင်းကို ကို သတ်ဖြတ်ပြီး 9Q/4825 Hyundai Accent အဖြူရောင် ကားကို လုယက်မောင်းနှင် ထွက်ပြေးသွားခဲ့တဲ့ တရားခံလို့ ယူဆရသူကို နေပြည်တော် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး ရုပ်သံ Afternoon NEWS

ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး

ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု…

ကြည့်ရန်
လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…

ဖတ်ရန်