ရုပ်သံ
Daily NEWS
အောက်တိုဘာ ၃၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခါနီးမှ သေဆုံးမှုကို သံသယရှိလို့ အမှုဖွင့်ကာ ဆေးရုံကိုပြန်သယ်ပြီး စစ်ဆေးနေ
စက်တင်ဘာ ၁၆
ရုပ်အလာင်းကို မီးသင်္ဂြိုဟ်ခါနီး ရေဝေးရောက်ပြီးမှ သံသယဖြစ်စရာ တွေ့ရှိခဲ့လို့ ဆေးရုံကို ပြန်သယ်ကာ အမှုဖွင့်ခဲ့ရတဲ့ဖြစ်ရပ်တခု ရန်ကုန်မြို့မှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရုတ်တရက်သေဆုံးခဲ့ပြီး ရုပ်အလောင်းကို နေအိမ်မှ သေဆုံးသူရဲ့ ခင်ပွန်းဘက်က ဆွေမျိုးတွေနဲ့ ရေဝေးသုဿာန်ကို ပို့ဆောင်ကာ အအေးခန်းမှာ ထားရှိခဲ့တယ်လို့ သိရပါတယ်။
"၈ ရက်နေ့ကထိ သူအလုပ်လုပ်နေတယ်ဆိုပြီး စကားပြော ဖြစ်သေးတယ်။ ၉ ရက်နေ့မှာ သူ့ယောကျာ်းဘက်က သေပြီဆိုပြီး ဖုန်းဆက်လာတာ။ သင်္ဂြိုဟ်မယ့်နေ့မှာ သူ့အမဝမ်းကွဲက သွားပြီးကြည့်တာ ရုပ်အလောင်းမှာ ဒဏ်ရာတွေတွေ့လို့ ရဲခေါ်ပြီး ပြန်စစ်ရတာ" လို့ ရဲစခန်းနဲ့ နီးစပ်သူက မြို့တော်ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၃ နှစ်အရွယ် မဘီဇော်လီ ဖြစ်ပြီး ရုပ်အလောင်း သဂြိုလ်မယ့်နေ့မှာ သေဆုံးသူရဲ့ အစ်မဝမ်းကွဲတော်စပ်သူက မျက်နှာပေါ်ခြုံထားတဲ့ ပု၀ါကို လှန်ကြည့်ရာက လည်ပင်း ညာဘက်မှာ ထိုးသွင်းဒဏ်ရာတွေ တွေ့ခဲ့ပြီးနောက် သံသယဝင်ကာ ရဲစခန်းမှာ အမှုဖွင့်ပြီး ရုပ်အလောင်းကို ဆေးရုံပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အိမ်ထောင်ကျတာ ၆ လ ခန့်သာ ရှိသေးတယ်လို့ သိရပြီး မီးသင်္ဂြိုဟ်ခါနီးမှ ရုပ်အလောင်းကို ရေဝေးအအေးခန်းက တစ်ဆင့် စံပြဆေးရုံကို ပြန်လည်သယ်ဆောင်ကာ ရင်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
Afternoon NEWS
ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု…
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ