အရေးပေါ်
ပြည်တွင်းသတင်း

ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခါနီးမှ သေဆုံးမှုကို သံသယရှိလို့ အမှုဖွင့်ကာ ဆေးရုံကိုပြန်သယ်ပြီး စစ်ဆေးနေ

၂၀၂၆ စက်တင်ဘာ ၁၆ Myo Taw
ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခါနီးမှ သေဆုံးမှုကို သံသယရှိလို့ အမှုဖွင့်ကာ ဆေးရုံကိုပြန်သယ်ပြီး စစ်ဆေးနေ

ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခါနီးမှ သေဆုံးမှုကို သံသယရှိလို့ အမှုဖွင့်ကာ ဆေးရုံကိုပြန်သယ်ပြီး စစ်ဆေးနေ

စက်တင်ဘာ ၁၆

ရုပ်အလာင်းကို မီးသင်္ဂြိုဟ်ခါနီး ရေဝေးရောက်ပြီးမှ သံသယဖြစ်စရာ တွေ့ရှိခဲ့လို့ ဆေးရုံကို ပြန်သယ်ကာ အမှုဖွင့်ခဲ့ရတဲ့ဖြစ်ရပ်တခု ရန်ကုန်မြို့မှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရုတ်တရက်သေဆုံးခဲ့ပြီး ရုပ်အလောင်းကို နေအိမ်မှ သေဆုံးသူရဲ့ ခင်ပွန်းဘက်က ဆွေမျိုးတွေနဲ့ ရေဝေးသုဿာန်ကို ပို့ဆောင်ကာ အအေးခန်းမှာ ထားရှိခဲ့​တယ်လို့ သိရပါတယ်။

"၈ ရက်နေ့ကထိ သူအလုပ်လုပ်နေတယ်ဆိုပြီး စကားပြော ဖြစ်သေးတယ်။ ၉ ရက်နေ့မှာ သူ့ယောကျာ်းဘက်က သေပြီဆိုပြီး ဖုန်းဆက်လာတာ။ သင်္ဂြိုဟ်မယ့်နေ့မှာ သူ့အမဝမ်းကွဲက သွားပြီးကြည့်တာ ရုပ်အလောင်းမှာ ဒဏ်ရာတွေတွေ့လို့ ရဲခေါ်ပြီး ပြန်စစ်ရတာ" လို့ ရဲစခန်းနဲ့ နီးစပ်သူက မြို့တော်ကို ပြောပါတယ်။

သေဆုံးသူဟာ အသက် ၂၃ နှစ်အရွယ် မဘီဇော်လီ ဖြစ်ပြီး ရုပ်အလောင်း သဂြိုလ်မယ့်နေ့မှာ သေဆုံးသူရဲ့ အစ်မဝမ်းကွဲတော်စပ်သူက မျက်နှာပေါ်ခြုံထားတဲ့ ပု၀ါကို လှန်ကြည့်ရာက လည်ပင်း ညာဘက်မှာ ထိုးသွင်းဒဏ်ရာတွေ တွေ့ခဲ့ပြီးနောက် သံသယဝင်ကာ ရဲစခန်းမှာ အမှုဖွင့်ပြီး ရုပ်အလောင်းကို ဆေးရုံပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အိမ်ထောင်ကျတာ ၆ လ ခန့်သာ ရှိသေးတယ်လို့ သိရပြီး မီးသင်္ဂြိုဟ်ခါနီးမှ ရုပ်အလောင်းကို ရေဝေးအအေးခန်းက တစ်ဆင့် စံပြဆေးရုံကို ပြန်လည်သယ်ဆောင်ကာ ရင်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ ရုပ်သံ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…

ကြည့်ရန်
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…

ဖတ်ရန်