ပြည်တွင်းသတင်း
ဗေဒင်ဟောပြီး ချဲဂဏန်းပေးတဲ့ ဗိုလ်မှူး AA ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်သေဆုံး
စက်တင်ဘာလ ၁၅ ရက် မနေ့က မနက် ၁၀ နာရီခန့်မှာ ညောင်ကျိုးစခန်းထဲကို အာရက္ခတပ်တော် AA နဲ့ PDF တပ်ဖွဲ့တွေက ပစ်လိုက်တဲ့လက်နက်ကြီး…
တာချီလိတ်မှာ ထိုင်းဘက်က ဝင်ရောက်လာတဲ့ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဖမ်းဆီးနေလို့ ဈေး ၂ ဆနီးပါး မြင့်တက်
စက်တင်ဘာ ၁၆
ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်မြို့မှာ ထိုင်းဘက်ကနေ မြန်မာဘက်ကို အေးခဲအသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေ သယ်ဆောင်လာတဲ့ ယာဉ်တွေကို တရားမဝင်ကုန်စည် သယ်ဆောင်လာတယ်လို့ဆိုကာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၅ ရက် မနေ့က တံတား(၁)ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့တာဖြစ်ပြီး မော်တော်ယာဉ် ၁၈ စီး၊ သုံးဘီးယာဉ် ၆ စီးနဲ့ နောက်တွဲဆိုင်ကယ် ၁ စီး၊ စုစုပေါင်း ယာဉ် ၂၅ စီးကို စစ်ဆေးခဲ့ရာက အေးခဲအသား (ကြက်၊ ဝက်နဲ့ အသားတု) ၇ ဒသမ ၂၇၄ တန်နဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ ၅ ဒသမ ၄၉၃ တန် သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
“မနေ့က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အသံတော့ကြားမိတယ်။ ဒီကနေ့ဈေးသွားတော့ အသားငါးအပြင် အသီးအရွက်ကအစ ဈေး ၂ ဆလောက် တက်သွားတယ်။ နောက်နေ့တောင် ရောင်းဖို့ မရှိတော့ဘူးပြောတယ်။ အရင်ကတည်းက ကုန်စည်တွေက ထိုင်းဘက်က ဝင်နေတာပါပဲ။ အခုမှ ဘယ်လိုဖြစ်လို့ ထဖမ်းတယ် မသိပါဘူး။ ဈေးတွေ တက်သွားတာက ပြဿနာပါ” လို့ တာချီလိတ်မြို့နေ အိမ်ရှင်မတဦးက မြို့တော်ကို ပြောပါတယ်။
လတ်တလောမှာတော့ တရားမဝင်ကုန်စည် သယ်ဆောင်လာတဲ့ ယာဉ်မောင်း ၂၅ ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ပူးပေါင်းအဖွဲ့က အသေးစိတ်စစ်ဆေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူးဦးစီးက တာချီလိတ်မြို့ကို ဝင်ရောက်လာတဲ့ ထိုင်းနံပါတ်ပြားတပ် ယာဉ်တွေကိုလည်း တရားမဝင်ကုန်စည် ဝင်ရောက်မှု ရှိ/မရှိ ဆိုကာ စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
မြို့တော် News Channel
ပြည်တွင်းသတင်း
စက်တင်ဘာလ ၁၅ ရက် မနေ့က မနက် ၁၀ နာရီခန့်မှာ ညောင်ကျိုးစခန်းထဲကို အာရက္ခတပ်တော် AA နဲ့ PDF တပ်ဖွဲ့တွေက ပစ်လိုက်တဲ့လက်နက်ကြီး…
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ အနောက်ဘက် ၅ မိုင်အကွာမှာရှိတဲ့ ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးက စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လယ်…
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်မှာ အိမ်ထောင်စုနှစ်စုမှ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး…