ရုပ်သံ
ပြည်တွင်းသတင်း
နိုဝင်ဘာ ၆ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
နှစ်ရက်အတွင်း ရှမ်းတောင်နဲ့ မွန်ပြည်နယ်မှာ မိုးကြိုးပစ်ခံရလို့ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ
နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နဲ့ ဟဲဟိုးမြို့တို့မှာ တနေ့တည်း မိုးကြိုးထိမှန်လို့ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က ပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာက အာလူးစိုက်ခင်းထဲမှာ ရုတ်တရက် မိုးထစ်ချုန်း ရွာသွန်းပြီး မိုးကြိုးပစ်ခံရလို့ အသက် ၅၇ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တီကျစ်ဆေးရုံကို ဒေသခံတွေက ဝိုင်းဝန်းပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
"အာလူးစိုက်ခင်းက ကွင်းပြင်လို ဖြစ်နေတော့ မိုးကြိုးစက်ကွင်း ထိတာ၊ မိုးက မများဘူး၊ ရုတ်တရက် အုံံ့လာပြီး ရွာရွာချင်းပဲ မိုးကြိုးပစ်ချတာ" လို့ ဒေသခံတဦးက ပြောပါတယ်။
အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်ကလည်း ပင်လောင်းမြို့နယ်၊ ရင်းမှီးရပ်ကွက်၊ ပင်လောင်း-ထီတလိ လမ်းမဘေးက ခရမ်းချဥ်စိုက်ခင်းထဲမှာ ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာအုပ်စု၊ ထီတလိကျေးရွာက အသက် ၃၃ နှစ်အရွယ် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့ စိုက်ခင်းပေါင်းရှင်းနေချိန်
မိုးကြိုးထိမှန်ပြီး အမျိုးသား ၁ ဦး သေဆုံးကာ ကျန် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ပင်လောင်းဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
"လင်မယား ၂ ယောက်နဲ့ သူတို့မောင်ရယ် မိုးကြိုးစက်ကွင်း မလွတ်တာ၊ ၃ ယောက်လုံး ထိတယ်၊ အသက် ၃၃ နှစ် အရွယ် ခွန်မိုးသိန်းဇော်က နေရာမှာပဲ ဆုံးသွားတယ်၊ ကျန်တဲ့ လင်မယား ၂ ယောက်က သတိလစ်ပြီး ဒဏ်ရာတွေ ရထားတယ်၊ ဆေးရုံတင်ထားရတယ်၊ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ခုဖြစ်တဲ့ နေရာဘေးကကွင်းမှာ မိုးကြိုးထိလို့ ၄ ယောက် ဆေးရုံတင်လိုက်ရသေးတယ်၊ ခုညနေပဲ ဘုရားမဲရွာက ဦးမောင်အေး အိမ်ကို မိုးကြိုးပစ်လို့ အိမ်က လျှပ်စစ်ပစ္စည်းအကုန် ပျက်စီးသွားတယ်၊ လူတော့ မသေဘူး၊ ခုရက်ထဲကို မိုးကြိုး တောက်လျှောက်ပစ်ခံ နေရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီခန့်က ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ ဘော်နင်းအုပ်စု၊ ချောင်နီတောင်ကျေးရွာက လယ်ကွင်းထဲ စိုက်ပျိုးနေချိန် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ချခံရလို့ အမျိုးသား ၂ ဦး စက်ကွင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကဒိုက်ကလေးကျေးရွာ၊ ကွက်သစ်ပိုင်းက ကောက်ရိုးပုံအနီး အသက် ၄ နှစ်နဲ့ ၈ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး ဆော့ကစားနေချိန် မိုးကြိုးထိမှန်လို့ အသက် ၄ နှစ်အရွယ် မောင်ညီသုတ တကိုယ်လုံးပြာနှမ်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးကွင်းအတွင်း ပြေးဆွဲနေတဲ့ 'ဘုရင်' အဝေးပြေးမော်တော်ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးဝန်ထမ်း ၂ ဦးကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး…
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်အနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်က မော်လူးမြို့မှာ ပိတ်မိနေတဲ့ ကားတန်း Drop ဗုံးနဲ့ ကြဲချခံရလို့ ဈေးသည် ၁ ဦး ထိခိုက်ကာ…
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ Non-CDM ဝန်ထမ်း အချင်းချင်း လုပ်ပိုင်ခွင့်အာဏာ နေရာလုကြရာကနေ လူသတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။