အရေးပေါ်
ပြည်တွင်းသတင်း

အိမ်ထောင်ရှင် အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားကာ ငွေကျပ် သိန်း ၂၀၀ ငွေညှစ်ပြီး ပြန်လွှတ်ပေး

၂၀၂၆ စက်တင်ဘာ ၁၆ Myo Taw
အိမ်ထောင်ရှင် အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားကာ ငွေကျပ် သိန်း ၂၀၀ ငွေညှစ်ပြီး ပြန်လွှတ်ပေး

အိမ်ထောင်ရှင် အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားကာ ငွေကျပ် သိန်း ၂၀၀ ငွေညှစ်ပြီး ပြန်လွှတ်ပေး

စက်တင်ဘာ ၁၆

မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်မှာ အိမ်ထောင်စုနှစ်စုမှ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ငွေညှစ်တောင်းတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အောင်မြေသာဇံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ကံ့ကော်အိမ်ရာဝန်းအတွင်းရှိ အဆောင်(၁)ရဲ့ မြေညီထပ်မှာနေထိုင်တဲ့ အိမ်ထောင်စု ၂ ခုမှ အိမ်ထောင်ဦးစီး အမျိုးသား ၂ ဦးကို သြဂုတ်လ ၁၂ ရက် မနက် ၆ နာရီအချိန်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"မနက် အစောကြီး မိသားစုကိစ္စပြဿနာရှိလို့ မေးစရာရှိတယ်ဆိုပြီး လာခေါ်တာ။ ရဲက ၅ ယောက်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ၃ ယောက်ပါတယ်" လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

အိမ်ထောင်စု နှစ်စုမှ ဖမ်းဆီးခံရသူ အမျိုးသား ၂ ဦးဟာ ၅ ရက်အကြာမှာ ငွေကျပ် သိန်း ၂၀၀ ပေးပြီးမှ ပြန်လည်လွှတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

"သူတို့တွေက အဆင်ပြေကြတဲ့ သူတွေမဟုတ်ဘူး၊ ၁ ယောက်အတွက်ကို သူ့မိသားစုက တိုက်ခန်းပေါင်ပြီး သိန်း ၁၅၀ ပေးလိုက်ရတယ်၊ ‌နောက်တယောက်ရဲ့ မိသားစုက အပြင်မှာ ချေးပြီး သိန်း ၅၀ ပေးလိုက်ရတယ်" ဖြစ်စဉ်ကို သိသူက မြို့တော်ကို ပြောပါတယ်။

ဖမ်းဆီးတာကို ဦးဆောင်တဲ့သူဟာ ကံ့ကော်စည်ပင်အိမ်ရာဝန်းအတွင်းမှာပဲ နေထိုင်ပြီး အိမ်ရာဝန်းအတွင်း "သွေးသစ်လူငယ်"လူမှုကူညီ‌ရေးအသင်းကို တည်ထောင်သူလည်းဖြစ် ပျူစောထီးအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ကိုစိုးကြီး ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ပျူစောထီးအဖွဲ့ဝင် ကိုစိုးကြီး နှင့်အတူ ကံ့ကော်အိမ်ရာဝန်းအတွင်း ယာအိမ်မှူးတဦးလည်းဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကောင်းကျော် ဆိုသူနှင့် ကံ့ကော်အိမ်ရာ မြောက်ဘက်ရှိ ဘုရားဝန်းအတွင်းမှာ နေထိုင်တဲ့ ဆယ်အိမ်မှူး နေခြည်စိုး ဆိုသူတို့ဟာ ငွေညှစ်လို့ရတဲ့ သိန်း ၂၀၀ ကို ခွဲဝေယူခဲ့ကြတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အာဏာသိမ်းစစ်တပ်က ကံပေါက်ရွာကို ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့လို့ မိသားစုဝင် ၃ ဦး သေဆုံး ပြည်တွင်းသတင်း

အာဏာသိမ်းစစ်တပ်က ကံပေါက်ရွာကို ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့လို့ မိသားစုဝင် ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ အနောက်ဘက် ၅ မိုင်အကွာမှာရှိတဲ့ ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးက စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လယ်…

ဖတ်ရန်
ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခါနီးမှ သေဆုံးမှုကို သံသယရှိလို့ အမှုဖွင့်ကာ ဆေးရုံကိုပြန်သယ်ပြီး စစ်ဆေးနေ ပြည်တွင်းသတင်း

ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခါနီးမှ သေဆုံးမှုကို သံသယရှိလို့ အမှုဖွင့်ကာ ဆေးရုံကိုပြန်သယ်ပြီး စစ်ဆေးနေ

စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရုတ်တရက်သေဆုံးခဲ့ပြီး ရုပ်အလောင်းကို နေအိမ်မှ သေဆုံးသူရဲ့…

ဖတ်ရန်
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ ရုပ်သံ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…

ကြည့်ရန်